ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ယနေ့ (အောက်တိုဘာ ၃၁ ရက်) နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းတပ်များက သိမ်းယူလိုက်ကြောင်း သိရသည်။ မြို့အရှေ့မြောက်ဘက် ခေါပုတ်ရွာရှိ အဆိုပါစခန်းကို KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၄ လခန့် ဝန်းရံပိတ်ဆို့ထားခဲ့ပြီး အောက်တိုဘာ ၂၄ ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသည်၊ ဖာပွန်မြို့နယ်အခြေစိုက် စစ်ဗျူဟာအခြေချ (စဗခ) စခန်းနှင့် လက်ကျန်တပ်ရင်းများကို ကာကွယ်ပေးခဲ့သော စစ်စခန်းတစ်ခုဖြစ်သည်ဟုလည်း တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။ “အရင်နယ်စပ်သံလွင်မြစ်ကမ်း နဖူးမှာရှိတဲ့ စစ်ကောင်စီ စစ်စခန်းအားလုံးအတွက် အထောက်အကူပြုတဲ့ စခန်းတစ်ခုလည်းဖြစ်တယ်။ ခေါပုတ်စခန်းဟာ စစ်ကောင်စီရဲ့ […]
KNU အချုပ်ခန်းတွင် မူးယစ်မှု စွဲချက်ဖြင့် ထိန်းသိမ်းခံထားရသူတချို့ လက်နက်နှင့်အတူ ထွက်ပြေးသွားသည်ဟု သိရသည်။ ယခင်ကလည်း စစ်သုံ့ပန်းတချို့ ထွက်ပြေးခဲ့ဖူးသည်။ Source link
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၄ KNU ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့နောက် တောင်ပိုင်းစစ်မျက်နှာ ဖားအံခရိုင် KNU တပ်မဟာ ၇ နယ်မြေထဲ KNU ဌာနချုပ်နေရာကို အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ ဒရုန်း ၄ စင်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာမှာ အဆောက်အဦတချို့ ထိခိုက်မှုရှိခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း KIC သတင်းဌာန က ဖော်ပြထားတာ တွေ့ရပါတယ်။ ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေဟာ KNU နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နယ်မြေအဖြစ် သိရှိထားကြပြီး အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတဲ့ တရားဝင် ပြောဆိုတာမျိုး မရှိပေမယ့်လည်း လက်သည်အနေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်ချက် ဖြစ်တယ်လို့ ယူဆထားကြတာ ဖြစ်ပါတယ်။ […]
ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်ကို ယနေ့ (အောက်တို ဘာ ၂၂) နံနက် ၁၁ နာရီခွဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ KNU ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်နေသည့် ပုံမှန်အစည်းအဝေး တစ်ခု ကျင်းပနေချိန် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အစည်းအဝေးဖျက်သိမ်းကာ လူစုခွဲခဲ့ကြောင်း KNU တပ်မဟာ (၇) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ KNU ၏ ဌာနချုပ်လည်းဖြစ်သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဌာနချုပ် နယ်မြေ တိုက်ခိုက်ခံရမှုသည် အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး လူအထိအခိုက်မရှိကြောင်း KNU အဆင့်မြင့်အရာရှိတစ်ဦး ကလည်း အတည်ပြုသည်။ “ဒီနေ့ ၁၁ နာရီခွဲမှာ ဖြစ်တာပါ။ ဒီနေ့ […]
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၄ လေးကေ့ကော်က အမြှောက်ကုန်း KNU နဲ့ ပူးပေါင်းအဖွဲ့သိမ်း၊ ဓားပြတိုက်မှု လုယက် သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မန္တလေးမြို့ ကရင်ပြည်နယ် မြဝတီမြို့အနီးက လေးကေ့ကော် အမြှောက်ကုန်း (စွယ်တော်ကုန်း) ကို KNU တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ၃ လကျော်ကြာ တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ ၁၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိမ်းယူခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် မူတည်ပြီး သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။ ၂၀၂၁ ခုနှစ်ဆန်းမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ လက်ထက်မတိုင်ခင် ဆယ်စုနှစ်နဲ့ချီ စစ်တပ်ရဲ့ နယ်စပ်ဒေသတလျှောက် ဗျူဟာမြောက် စခန်းတွေ၊ ခြေကုပ်စခန်းတွေ အများအပြားရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် KNU နဲ့ PDF တပ်ရင်းတွေက တိုက်ခိုက်သိမ်းယူခဲ့တာကြောင့် […]
(မိုးမခ) အောက်တိုဘာ ၁၄ ၊ ၂၀၂၄ BGF ခေါင်းဆောင်စောချစ်သူ နဲ့ DKBA ခေါင်းဆောင်တချို့ကို ပြစ်ဒဏ်ခတ်အရေးယူသင့်တယ်လို့ USIP ထောက်ပြပါတယ်။ အကြောင်းကတော့ ကရင်ပြည်နယ်က အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေ တိုက်ဖျက်ထိန်းချုပ်နိုင်ဖို့အတွက်ပါ။ အမေရိကန်အနေနဲ့ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပြီး ကျားဖြန့်လုပ်ငန်းအကာအကွယ်ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူနဲ့ DKBA ခေါင်းဆောင်တချို့ကို ပြစ်ဒဏ်ခတ်အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။ နဂါးကြီးပြီးလို့ လင်းယုန်ကြီး အလှည့်ကျလာတဲ့ ကျားဖြန့်ပြဿနာပေါ့။ မကျလို့လဲ မရတော့၊ အမေရိကန်တွေလဲ ဘီလျံချီထိနေပြီလေ။ တရုတ်က ကိုဗစ်-၁၉ ခေါ် ဝူဟန်ဗိုင်းရပ် ဖြန့်သလို ဖြန့်လိုက်တာကလား။ သူ့ဘက် သက်သာသွားတော့ ကျားဖြန့်နှိမ်နင်းတာရပ်ပြီး စစ်တပ်နဲ့ပေါင်း တခြားဘက်ကို ကျားဖြန့်အပေါင်း ပြောင်းစေလုပ်တော့တာကိုး။ အမေရိကန်အစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့မိတ်ဖက်ဖွဲ့ကာ ထိုင်းနယ်စပ်လုံခြုံရေးကို ကာကွယ်ပြီး ကျားဖြန့်လုပ်ငန်းစင်တာအတွက် […]