ylliX - Online Advertising Network

မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်းကို ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်ထား – iMyanmarHouse.com

မြန်မာပရိသတ်များအကြား ဗိုလ်ကြီးဟု နာမည်ကြီးခဲ့သော Crash Landing On You (2019) ဇာတ်ကားတွင် မြောက်ကိုရီးယားဗိုလ်ကြီး Lee Jung Hyuk နှင့် တောင်ကိုရီးယားမှ သူဌေးသမီး Yoon Se-Ri အဖြစ် သရုပ်ဆောင်ခဲ့ကြသော Hyun Bin နှင့် Son ye jin တို့ ဇနီးမောင်နှံ၏ ဇာတ်ကားမှာ မြန်မာပရိသတ်များ အကြား အကြီးအကျယ်ရေပန်းစားခဲ့သည်။ ယခုအခါ Hyun Bin နှင့် Son Ye-jin တို့စုံတွဲသည် ၂၀၂၀ ပြည့်နှစ်အတွင်းက ဝယ်ယူထားခဲ့သော Penthouse ခန်းကို အရောင်းဈေးကွက်တင်လာသည်။ Penthouse ခန်း တည်နေရာမှာ တောင်ကိုရီးယားနိုင်ငံ၊ Gyeonggi ပြည်နယ်၊ Guri မြို့၊ Achiul အရပ်တွင်ဖြစ်ပြီး […]

နှစ်ပေါင်း ၁၄၀၀ ကျော်အထိ အသက်ရှည်နေသော တရုတ် Xi’an မြို့မှ ကမ္ဘာဦးသစ်ပင် (သို့မဟုတ်) Ginkgo သစ်ပင် ဆောင်းဦးရောက်တိုင်း အဝါနုရောင်ရွက်များဖြင့် ဝေဖြာလှပလျက်ရှိနေ – iMyanmarHouse.com

ကျောက်ဖြစ်ရုပ်ကြွင်းများထဲမှ တွေ့ရှိစိုက်ပျိုးခဲ့ရသောအပင်မျိုးစိတ်ဖြစ်တာကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်ဟု ခေါ်ဆိုကြသော ဂင်ဂိုပင်များသည် ယပ်တောင်ပုံစံရွက်နုလှလှလေးများနှင့် အသီးသီးသောအပင်များဖြစ်သည်။ ဆောင်းဦးအရောက်မှာတော့ ရွက်ဝါလေးများအဖြစ်ပြောင်းသွားပြီး လှပစွာကြွေကျသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှယူဆောင်စိုက်ပျိုးခဲ့သောကြောင့် ဂင်ဂိုပင်များ၏ အသက်ရှည်မှုကိုတော့ ယုံမှားသံသယဖြစ်ဖွယ်ရာမရှိပေ။     နှစ်ပေါင်း ၁၄၀၀ ကျော်တိုင်အသက်ရှည်လှပနေသော ကမ္ဘာဦးသစ်ပင်ဟာ တရုတ်နိုင်ငံ Xi’an မြို့တွင်တည်ရှိပြီး သစ်ပင်ကြီးကိုလည်း ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင့် တွေ့ရှိရသည်။     ပုံထဲမှာတွေ့ရှိရသည့် ကမ္ဘာ့သက်ရှည်ပင်တည်ရှိရာ နေရာဟာလည်း တရုတ်ရှေးဟောင်း ဘုရားကျောင်း ပရဝုဏ်အတွင်းမှာဖြစ်ပြီး ဆောင်းဦးရောက်တိုင်း ပန်းသတင်းလေညင်းဆောင်သလို ထပ်ခါကျော်ကြားလာပြန်သည့် Ginkgo သစ်ပင်၏အကြောင်းကို အင်တာနက်အသုံးပြုသူများ စိတ်ဝင်စားနေကြသည်။     ၆၁၈ ခုနှစ်မှာ ၉၀၇ အထိအုပ်စိုးခဲ့သည့် တန်မင်းဆက်လက်ထက်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နှစ်တစ်ထောင်ကျော်သက်တမ်းရှိနေခြင်းကြောင့် ကမ္ဘာဦးသစ်ပင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းသစ်ပင်စာရင်းထဲ ထည့်သွင်းထားလိုက်ကြပြီဖြစ်သည်။   […]

လှကျော်ဇော – တရုတ်-အိန္ဒိယ ဆက်ဆံရေး (သို့မဟုတ်) လက်‌တွေ့နိုင်ငံရေး

(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၄ ရုရှားနိုင်ငံ ကာဇမ်မှာ အောက်တိုဘာ (၂၂-၂၄)ရက်နေ့ထိ ကျင်းပခဲ့တဲ့ ဘရစ်ခ် (BRICS) ကို မူလ ဦးစီးခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံ၊ မနှစ်က ထပ်တိုးထားတဲ့ ၄ နိုင်ငံနဲ့ အသင်းဝင်ဖို့ စိတ်ဝင်စားနေတဲ့ နိုင်ငံပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ပူတင်ကို အနောက်အရင်းရှင်နိုင်ငံများက ကြဉ်ထားဖို့ အမျိုးမျိုးကြိုစား ဖိအားတွေ ပေးနေတဲ့ကြားက ဒီအစည်းအ‌ဝေးကြီးကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တာပါ။ ဒီဘရစ်ခ်နိုင်ငံများဟာ ကမ္ဘာ့နယ်မြေရဲ့ ၃၀ ရာနှုန်း၊ ကမ္ဘာ့လူဦးရေရဲ့ ၄၅ ရာနှုန်း၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၂၀ ရာနှုန်းကို ကိုယ်စားပြုပါတယ်။ ဒီအဖွဲ့မှာ ပါဝင်သူများဟာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများလို့ ခေါ်ဆိုကြတဲ့ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးမှုနိမ့်နိုင်ငံများ ဖြစ်ကြပြီး သူတို့မှာ […]

လှကျော်ဇော – တရုတ်ရဲ့ဖိအား (သို့မဟုတ်) မှီခိုသူ့ဒုက္ခ

(မိုးမခ) အောက်တိုဘာ ၂၀ ၊ ၂၀၂၄ အခုတလော သတင်းလောကမှာ ပွဲဆူနေတဲ့ ‘တရုတ်က ဖိအားပေးလို့ ဗမာပြည်တွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ အပစ်ရပ်ပြီး စကစနဲ့ စေ့စပ်ဆွေးနွေးဖို့ လုပ်ဆောင်လာနေရတယ်’ ဆိုတဲ့ပြဿနာကို ဘယ်လို ကြည့်မြင်သင့်သလဲ။ ဗမာပြည်သူတွေရဲ့ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့က စခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲဟာ အတက်အကျ အနိမ့်အမြင့် အမျိုးမျိုးကို နှစ်ပေါင်း ၆၀ ကျော် စွန့်လွှတ်မှုများစွာနဲ့ ဖြတ်သန်းလာပြီးနောက် အခုလက်ရှိ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး (အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးကြီးအပြီး)မှာ မကြုံစဖူး စိတ်အားတက်ဖွယ် အောင်ပွဲအများအပြား ရရှိလာခဲ့ပါတယ်။ ဒီလိုအရှိန်တက်နေစဉ်မှာ ဇက်သတ်လိုက်သလို ဖြစ်သွားရတဲ့အတွက် ဗမာပြည်သူတွေအနေနဲ့ ဒေါသူပုန်တွေထလာတာတွေဟာ သဘာဝကျပါတယ်။ တရားလည်း တရားပါတယ်။ တကယ်တော့ […]