ylliX - Online Advertising Network
စစ်ကောင်စီအသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း IMJA နှင့် IPCM တို့ထုတ်ပြန်

စစ်ကောင်စီအသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း IMJA နှင့် IPCM တို့ထုတ်ပြန်


RNA_နိုဝင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။

စစ်ကောင်စီအသုံးချခံ မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအခြေအနေအရ ထိုင်းနိုင်ငံ တနေရာတွင် အခြေစိုက်ကြသော လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) တို့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ဖွဲ့စည်းလိုက်သော အသုံးချခံ သတင်းမီဒီယာကောင်စီအသစ်နဲ့ ကောင်စီ အဖွဲ့ဝင်တွေကို လုံးဝ (လုံးဝ) အသိအမှတ် မပြုကြောင်းနဲ့ ကန့်ကွက်ရှုတ်ချကြောင်း IMJA ကထုတ်ပြန်ထားပြီး၊ စစ်ကောင်စီ ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားများကို ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရေးနှင့် နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေးလုပ်ဆောင်ရန် ဆောင်ရွက်ရန်အတွက်သာ ဖြစ်သည့်အတွက်ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာစစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းမီဒီယာများကို အာဏာသိမ်းအစိုးရဟု မသုံးနှုန်းရန် ဖိအားပေးလိုက်သည့်အတွက်သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် (၂၆) ဦးအနက် (၂၄) ဦး နှုတ်ထွက်ခဲ့ကြောင်း၊ စစ်ကောင်စီသည် သတင်းသမားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများပါ ပြုလုပ်လာပြီး ပြည်သူများ၏ သိပိုင်ခွင့်ကို ဖိနှိပ်ချုပ်ချယ်နေသည့်အတွက် သတင်းသမားများသည် ပြည်တွင်းအပါအဝင် လွတ်မြောက်နယ်မြေများနှင့် နယ်စပ်ဒေသတို့တွင် ပြည်သူများဘက်မှ ရပ်တည်ပြီး သတင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြသည်။

#RedNewsAgency #REDNEWS #RNA



Source link

Leave a Reply

Your email address will not be published. Required fields are marked *