နိုဝင်ဘာ ၂၃ ရက် (ယနေ့) တောင်ခမ်းဒေသရှိ အကြမ်းဖက် TNLA အဖွဲ့များ အခြေပြုလျက်ရှိတဲ့ ပွိုင့်-၁၁၃၀ စခန်းကုန်းအား တပ်မတော်မှ စီးနင်းသိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူများ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကာ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA အလောင်း ၄ လောင်း
(၂) လက်နက်မျိုးစုံ ၅ လက်
- RPG ၁ လက်
- AK သေနတ် ၁ လက်
- Type-81 သေနတ် ၃ လက်
(၃) မိုင်းမျိုးစုံ ၆ လုံး
(၄) ကျည်အိမ် ၁၀ ခု
(၅) ကျည်မျိုးစုံ ၁၀၀၀ ကျော်
(၆) မြေစိုက်ဘန်ကာ ၉ လုံး
(၇) ဆသရမြောင်း ၂၀၀ ပေ
(၈) ပစ်ကျင်း ၁၁ ကျင်း တို့အား သိမ်းဆည်းရရှိခဲ့။ အဆိုပါ သိမ်းပိုက်ရရှိနေရာသည် စစ်ဗျူဟာအရေးကြီးနေရာဖြစ်ပြီး နယ်မြေရှင်းစစ်ကြောင်းများမှ ကျန်ရှိနေသည့် ရန်သူ့စခန်းကုန်းများအား တိုက်စစ်ဆင်လျက်ရှိပါကြောင်း သိရပါတယ်။