ylliX - Online Advertising Network

စိတ်ကြွဆေးပြားများ တရားမဝင်တင်သွင်းရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား သုံးဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

၂၄.၁၁. ၂၀၂၄Written by Shwe Phyo အိန္ဒိယ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) အဖွဲ့ နှင့် မာတစ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ် မာတစ် ဒေသအနောက်ပိုင်းတွင် တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူများကို စီးနင်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား သုံးဦးကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။ ဖြစ်စဥ်များ၌ ထရီပူရာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီးရှိ မာတစ်မြို့တွင်နေထိုင်နေသော မြန်မာနိုင်ငံသားတစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့အပြင် အိန္ဒိယအာဏပိုင်များသည် မီဇိုရမ်ပြည်နယ်ရှိ Zamuang ကျေးရွာအနီးမှ ဖြတ်သန်းမောင်းနှင်သွားသော ကားတစ်စီးကို ထပ်မံတားဆီး ရပ်တန့်စစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား ၁၃ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အိန္ဒိယရဲတပ်ဖွဲ့က အဆိုပါဖမ်းဆီးရမိမှုနှစ်ခုအတွင်း မြန်မာနိုင်ငံ၊ ဖလမ်းမြို့တွင်နေထိုင်သူတစ်ဦးအပါအဝင် […]

ကြို့ပင်ကောက်၌ စစ်ကောင်စီစစ်ကြောင်းက အမျိုးသမီး ၉ ဦးအပါအဝင် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီး – BUR.MIZZIMA.COM

ပုံအညွှန်း − ပဲခူးရိုးမအတွင်း စစ်ဘေးတိမ်းရှောင်နေကြရသည့် ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်များ။ ရွှေနွယ် မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း ၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းသည် အမျိုးသမီး ကိုးဦးအပါအဝင် ဒေသခံအရပ်သား ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာ ရှစ်ရွာထက်မနည်း စစ်ရှောင်နေကြရကြောင်း စစ်ရှောင်များနှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများက မဇ္ဈိမကိုပြောသည်။ အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် အောက်တိုဘာ ၂၉ ရက်နေ့က ကြို့ပင်ကောက်မြို့ သင်္ခရိုင်ကျေးရွာသို့ ဝင်ရောက်ကာ၊ ရွာရှိ ပရဟိတမိဘမဲ့ကလေးကျောင်းသို့ ဝင်ရောက်အထိုင်ချခဲ့ကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတဦးနှင့် သင်္ခရိုင်ရွာသားတဦးတို့က မဇ္ဈိမကိုပြောသည်။ “ရွာထဲကသူတွေ သူတို့ကိုတွေ့လို့​ ထွက်ပြေးတဲ့သူတွေကို ဖမ်းသွားတယ်။ အယောက် ၂၀ ကျော်လောက်ပါသွားတယ်။ […]

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သားမက်ဖြစ်သူ ဒေါက်တာ နေစိုးမောင်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီး –

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သားမက်ဖြစ်သူဒေါက်တာနေစိုးမောင်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုမူလုပ်ဆောင်ခဲ့သဖြင့် Dr Nay Soe Maung Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဒေါက်တာ နေစိုးမောင်အား အောက်တိုဘာ ၂၃ ရက်တွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌  ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။ ဒေါက်တာနေစိုးမောင်သည် ဗိုလ်ချုပ်တင်စိန်(ငြိမ်း)၏ သားဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သားသမက် တော်စပ်ကာ ကိုနေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။ ထို့အတူ ဒေါက်တာနေစိုးမောင်သည် ပရဟိတနှင့် လူမှုရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသလို ၎င်း၏ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားချက်အပေါ် တပ်မတော်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် မကြာခဏ ၎င်းအား ပြန်လည်ဝေဖန်မှုများရှိသည်။ NLD အစိုးရလက်ထက် မန္တလေးတိုင်းဒေသကြီး […]

အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက်ကို စစ်ကောင်စီ ဖမ်းဆီး – Myanmar Now

အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက် ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရကြောင်း   သတင်းထွက်ခဲ့ပြီး ရက်အတန်ကြာတွင် စစ်ကောင်စီက  သူ့ကို ဖမ်းဆီး အမှုဖွင့်ခဲ့ပြီးဖြစ်ကြောင်း ယမန်နေ့ (အောက်တိုဘာ ၂၄) ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ ၆၇ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီးဟောင်း၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်) ၏ ပါမောက္ခချုပ်ဟောင်း ဒေါက်တာနေစိုးမောင်သည် “နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်” အွန်လိုင်းလူမှုကွန်ရက်တွင် လှုံ့ဆော် ဝါဒဖြန့်ခဲ့သည် ဟု ထုတ်ပြန်ချက်က ဆိုသည်။ မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်ကို ဖော်ပြထားခြင်းမရှိပါ။ ဒေါက်တာနေစိုးမောင်သည်  မန္တလေးတိုင်း ဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် ထောင်ဒဏ်နှစ်ရှည်ကျခံရစဉ်  သေဆုံးခဲ့မှုနှင့် ပတ်သက်၍   “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင်၊ လွတ်လပ်တရားမျှတပြီး လူကိုလူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို […]

တောင်ကုတ်က သူနာပြု ဆရာမတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်က သူနာပြု ဆရာမတစ်ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့မှာ မျက်နှာဖုံးစွပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။   ဖမ်းဆီခံရတဲ့ သူနာပြုဆရာမဟာ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်အထိ မလွတ်မြောက်လာသေးဘူးလို့  ဆိုပါတယ်။   သူဟာ ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာလမ်းပေါ်ရှိ ရွှေစင်ဆေးဆိုင်က သူနာပြုဆရာမ ဒေါ်ချိုချိုမောင်ဖြစ်ပြီး စစ်ကောင်စီတပ်က သူ့ရဲ့ နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။   “လပြည့်ညမှာပဲ သူ့ကို အိမ်ကနေ ခေါင်းကို အိတ်အနက်စွပ်ပြီး တပ်က ကားနဲ့ လာဖမ်းသွားတယ်။ စစ်တပ်က ရဲမေတွေ ပါတယ်။ သူ့ရဲ့ သမီးလေးတွေ အော်ငိုကျန်ခဲ့ကြတယ်။ အခုထိ ပြန်လွတ်မလာသေးဘူး”လို့ ဆိုပါတယ်။   ဖမ်းဆီးမှုနဲ့ […]

သန်းခေါင်စာရင်း ကောက်ယူသူတွေ တနင်္သာရီတိုင်းမှာ PDF ဖမ်းဆီး

(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨ သန်းခေါင်စာရင်း ကောက်ယူသူတွေ တနင်္သာရီတိုင်းမှာ PDF ဖမ်းဆီး သန်းခေါင်စာရင်းကောက်ယူရာမှာ စေခိုင်းခြင်းခံရတဲ့ စစ်ကောင်စီ လက်အောက်က အမျိုးသမီး ပညာရေးဝန်ထမ်း ၈ ဦးနဲ့ အုပ်ချုပ်ရေးရုံးက အမျိုးသမီးစာရေးဝန်ထမ်း ၁ ဦး စုစုပေါင်းကို လောင်းလုံ PDF အဖွဲ့တဖွဲ့က အောက်တိုဘာ ၆ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ စစ်ကောင်စီက လာမယ့် နှစ်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်မှန်ကန်ကန် ရအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့ကစလို့ သန်းခေါင်စာရင်း ကောက်ယူနေတာ ဖြစ်ပြီး အခုလို သန်းခေါင်စာရင်း ကောက်ယူရာမှာ လူဝင်မှုကြီးကြပ်ရေးက ဝန်ထမ်း၊ ပညာရေး ဝန်ထမ်းတွေနဲ့ အထွေထွေအုပ်ချုပ်ရေးက ဝန်ထမ်းတွေ […]