ylliX - Online Advertising Network

ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။ “တိုင်းရင်းသားလက်နက်ကိုင်များမပါသော မြေပြန်တိုက်ပွဲများအတွင်း ပုလဲမြို့သိမ်းတိုက်ပွဲသည် အကြီးဆုံးလို့ ပြောရမှာပါ။ အရင်ကတိုက်ပွဲတွေလိုက်ဖူးတယ် ဒီလောက်ဘယ်ကြီးမလဲ ပစ်ပြေးတယ်၊ စခန်းသိမ်းနိုင်တယ်ဆိုလည်း သိမ်းပြီးပြန်ဆုတ်ရတယ်။ အခုဟာက လေကြောင်းတိုက်ခိုက်မှုက တော်တော်ကြမ်းတာ၊ ပြီးတော့ ရက်ကြာတယ်လို့လဲ ပြောရတယ်။ ပုလဲမြို့နယ်ထဲမှာတော့ အကြီးဆုံးတိုက်ပွဲပါ” ဟု ပုလဲမြို့နယ်ဒေသတွင်းမှ ပြည်သူတဦးက ပြောပြထားသည်။ ပုလဲမြို့သိမ်းတိုက်ပွဲ ၄ ရက်အတွင်း […]

ပုလဲမြို့သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိ

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် မဟာမိတ် တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏လေကြောင်းတိုက်မှုကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိကြောင်း သိရသည်။ ပုလဲမြို့သိမ်း တိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် လေကြောင်းတိုက်ခိုက်မှုများကြားမှ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးအတွင်း BNRA မှ ရဲဘော် ၉ ဥဦး ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရ BNRA ရဲဘော် ၁၀ ဦး၊ GZA မှ ၁ ဦး […]

ကန့်ဘလူမှာ ဒေသခံ ၁၀၀ ကျော် စစ်ကောင်စီလက်အောက် ဖမ်းဆီးခံထားရ 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ တစ်လကျော် ကာလအတွင်း ဒေသခံ ၁၀၀ ကျော်ဟာ စစ်ကောင်စီလက်အောက် ဖမ်းဆီးခံထားရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဆီက စုံစမ်းသိရှိရပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်ကနေ အခုလ နို၀င်ဘာ ၅ ရက်နေ့အတွင်း ဖမ်းဆီးခံရသူ ၁၂၂ ယောက်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။   “မနေ့က ထပ် ဖမ်းဆီးခံရတာနဲ့ ဆိုတော့ ၁၂၀ ကျော်လာတာ။ နောက်ဆက်တွဲ သတင်းတွေတော့ ဘာမှမကြားရသေးဘူးဗျ” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။   စစ်ကောင်စီဟာ ဒေသခံတွေကို ဖမ်းဆီးပြီးနောက် မြို့ပေါ်က တင့်ကားတပ်ရင်း တကရ – ၆၀၀၆ တပ်ကို ခေါ်သွားတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။   လက်ရှိ အချက်အလက်တွေအရ […]

ကန့်ဘလူမြို့မှ တပ်သားသစ်မပေးနိုင်သည့်ရွာများ မီးရှို့ခံနေရ – Myanmar Now

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးတပ်အတွက် တပ်ဖွဲ့ဝင်သစ် မပေးသည့်ရွာများ မီးရှို့ခံနေရသည်ဟု သိရသည်။ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီတပ်က  အောက်တိုဘာ ၃၀ ရက်နေ့တွင်စတင်ပြီး ဝင်ရောက်စီးနင်းကာ အရွယ်ရောက်ပြီးအမျိုးသားများကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။ လတ်တလောတွင်  အရပ်သား ၁၃၀ ကျော်ကို ဖမ်းဆီးထားရပြီး ဖမ်းဆီးခံရသူအများစုသည် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသားများဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ စစ်သားများ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၂၀၀ ခန့်ပါသည့် စစ်ကြောင်းသည် ကျီစု ကျောက်တိုင်၊ ဝက်တိုးတောင်၊ ဝက်တိုးမြောက်၊  ညောင်ပင်ဆိပ်၊ အိုင်ပေါင်းချောင်၊ ဝက်တိုး၊ ဘူးကြီးတောင်၊ ဘူးကြီးမြောက်နှင့် ကျီကုန်းခံ စသည့်ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း နယ်ခံအမျိုးသားတစ်ဦးက ပြောသည်။  စစ်တပ်သည် ကျေးရွာများသို့ဝင်ရောက်ချိန်တွင် […]

 ကလေးက ချင်းရပ်ကွက်တွေမှာ သန်းခေါင်စာရင်း ဆက်ကောက

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ သန်ခေါင်းစာရင်း မကောက်နိုင်သေးတဲ့ ချင်းလူမျိုးတွေ နေထိုင်တဲ့ ရပ်ကွက်တွေမှာ ဆက်လက်ကောက်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။   စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မယ်လို့ ကြေညာထားခဲ့ပေမဲ့ အောက်တိုဘာ လကုန်အထိ ထပ်တိုးကောက်ခဲ့ပါတယ်။ သတ်မှတ် ၁၅ ရက်အတွင်း ကလေးမြို့မှာလည်း ကောက်ယူခဲ့ပေမဲ့ ချင်းလူမျိုးတွေနေထိုင်ကြတဲ့ တာဟန်း၊ တောင်ဖီလာ၊ တောင်ဇလပ် စတဲ့ရပ်ကွက်တွေမှာတော့ အဲဒီရက်ပိုင်းထဲ သန်းခေါင်စာရင်း မကောက်နိုင်ခဲ့ပါဘူး။   အဲဒီမှာ အောက်တိုဘာ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ ပြန်လည်ကောက်ယူခဲ့တယ်လို့ တာဟန်းရပ်ကွက်မှ အသက် ၂၈ နှစ်ဝန်းကျင်ရှိ ချင်းအမျိုးသားတစ်ယောက်က CJ Platform ကို ပြောပါတယ်။   “ပထမအခေါက်လို့ ပြောရမလား။ […]

ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ထဲကို SNA နဲ့စစ်ကောင်စီပူးပေါင်းတပ် စစ်အင်အားဖြည့်နေတာ ၄ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းမှာရှိတဲ့ ဖောင်းပြင်မြို့တွင်းအထိုင်တပ် ခလရ ၃၆၇ နဲ့ ၃၆၈ တပ်ထဲကို ရှမ်းနီအမျိုသားများတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ် ဒီရက်ပိုင်း အင်အားဖြည့်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “တစ်ခါထွက်ရင်ကားနှစ်စီးသုံးစီးအပြည့်အပြည့်ထွက်တယ် ရှမ်းနီစစ်သားတွေကများတယ် ကားတစ်စီးကိုစစ်သားတွေက ၅ ယောက်လောက်ပဲပါတာ ကျန်တာရှမ်းနီးစစ်သားတွေပဲ လေးရက်လောက်ရှိပြီနေ့တိုင်းသွားတယ် ဖောင်းပြင်မြို့ထဲတပ်ကိုအင်အားဖြည့်တာတဲ့”လို့သူကပြောပါတယ်။ ဖောင်းပြင်မြို့ကို နိုဝင်ဘာလထဲမှာ ဟုမ္မလင်း PDF တပ်ပေါင်းစုသိမ်းပိုက်မယ်ဆိုတဲ့သတင်းတွေ လတ်တလောမှာပျံ့နှံ့နေတာကြောင့် မြို့တွင်းအထိုင်တပ်နှစ်ခုကို အောက်တိုဘာ၂၆ ရက်နေ့ကနေ မနေ့ကအထိ အင်အားဖြည့်နေတာလို့ သိရပါတယ်။ “ဖောင်းပြင်အနီးဝန်းကျင်မှာ PDF တွေ သုံးထောင်လေးထောင်လောက် ရောက်နေတယ် မြို့ကိုသိမ်းမယ်ဆိုပြီးကြားလို့တဲ့ ဒီဟုမ္မလင်းမြို့ထဲကတပ်တွေကော ၊နောင်ပိုအောင်တို့ဘက်ကကောပြီးတော့ ခန္တီးဘက်ကတွေကော အကုန်ဖောင်းပြင်ဘက်ကိုဆင်းသွားကြတာမြို့ကိုကာမယ်ဆိုပြီးတဲ့”လို့ ဟုမ္မလင်းမြိုခံ အမျိုးသားတစ်ဦး ပြောပါတယ်။ ဖောင်းပြင်မြို့ကိုကာကွယ်ဖို့အတွက် ဟုမ္မလင်းမြို့ပေါ်က SNA နဲ့စစ်ကောင်စီစစ်သားတွေအပြင် နောင်ပိုအောင်ဘက်က SNA တွေနဲ့ ဟုမ္မလင်း ခန္တီးလမ်းပိုင်းမှာထိုင်တဲ့ SNA ဂိတ်တွေပါရုတ်သိမ်းပြီး အင်အားဖြည့်နေတယ်လို့သိရပါတယ်။ အခုလို SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် ဟုမ္မလင်း– မုံရွာကားလမ်းပိုင်း ပိတ်မထားပေမယ့် အရပ်သားတွေသွားလာလို့မရဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။ “လေးငါးရက်ရှိပြီ သူတို့တွေ(SNA နဲ့စစ်ကောင်စီတပ်)သွားလာနေတော့ဘယ်သူမှမသွားလာကြဘူး ကျွန်မတို့ မုံရွာကနေပစ္စည်းမှာတာ ကားသမားတွေမုံရွာကနေဒီဘက်ကိုမလာရဲလို့တဲ့မှာလို့မရဘူး ကုန်းကြောင်းက ခြောက်လလောက်ပိတ်မယ်လို့လည်းကြားတယ်”လို့သူကပြောပါတယ်။ မုံမှန်အားဖြင့် ဟုမ္မလင်းမြို့နယ်ထဲကို ကုန်စည်တွေသယ်ယူဖို့ မုံရွာ–ဟုမ္မလင်းကားလမ်းနဲ့မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းနှစ်ခုရှိပေမယ့် လက်ရှိ ကုန်းကြောင်းသွားလားလို့မရတာကြောင့် ဟုမ္မလင်းနယ်မှာကုန်အဝင်နှေးနေပြီးကုန်ပစ္စည်းစျေးတက်တာတွေ ဖြစ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းနယ်ထဲက SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာယ ခုရက်ပိုင်း ဖောင်းပြင်ဘက်ကိုအင်အားဖြည့်နေသလို ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ် ဆယ်ဇင်းဘက်ကိုလည်းအင်အားဖြည့်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက PDF ပူးပေါင်းတွေဟာ ဒီနှစ်ထဲ ရွှေပြည်အေးမြို့နဲ့ လွှစင်ကုန်းတို့ကိုသိမ်းပိုက်ထားသလို ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကြားထဲက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw The post ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ appeared first on Kachin News Group (KNG). Source link

အလှူငွေခြောက်ထောင်ယူတယ်ဆိုပြီး ဖမ်းဆီးရိုက်နှက်ခံရတဲ့ ဝက်လက်က ပကဖအဖွဲ့၀င် သေဆုံး

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်မှာ အလှူငွေခြောက်ထောင်ယူတယ်ဆိုပြီး ဖမ်းဆီးရိုက်နှက်ခံရတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ နယ်မြေပိုင် ၀က်လက်မြို့နယ်၊ သမရိုးရွာမှာ တပ်ရင်း ၁ အဖွဲ့၀င်တွေနဲ့ ကျေးရွာပကဖ၀င်တွေဟာ ပြည်သူတွေဆီက အလှူခံခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။   အလှူခံနေချိန် သမရိုးရွာနေ ကိုပေါက်ကျော်ဟာ ကျေးရွာပကဖခေါင်းဆောင် ကိုင်ဆောင်ထားတဲ့ အလှူခံဖလားအတွင်းက ၆၀၀၀ ကျပ်ကို စနောက်ယူသွားခဲ့တာကြောင့် ဖမ်းဆီးရိုက်နှက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒီအကြောင်းသိရှိထားသူ CJ Platform ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။   “သူက မူးပြီးတော့ ရွာကပကဖ အချင်းချင်းပြောင်တာလေ။ အလှူခံဖလားထဲက ငွေခြောက်ထောင် စနောက်ယူသွားတာကို အပြစ်လုပ်တာ။ အဲဒီနေ့ညနေလောက်(အောက်တိုဘာ […]

နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်နိုင်‌ သေးတဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲ – Kachin News Group (KNG)

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ နန်းယွန်းမြို့မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့မျှောပါပျက်စီးသွားတဲ့ နန်းယွန်းမြို့အဝင်တံတားဟာ ၆ လကျော်ကြာလာတဲ့အထိ တံတားသစ်ပြန်တည်ဆောက်ပေးခြင်းမရှိသေးဘူးလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “တံတားကမထိုးပေးသေးဘူးဗျာ။ဒီတိုင်းပဲစက်လှေနဲ့ကူးနေရတာ လူတစ်ယောက်ငါးထောင်ပေးရတယ် ဆိုင်ကယ်လည်းအလွတ်ဆိုရင်တစ်စီးငါးထောင်ကုန်နဲ့ဆိုရင်တော့တစ်စီး ၁၀၀၀၀ ၊၁၅၀၀၀ အထိပေးရတယ်”လို့သူကပြောပါတယ်။ ကျိုးသွားတဲ့တံတားဟာ နန်းယွန်းမြို့နဲ့၃ မိုင်ကျော်အကွာမှာရှိတာဖြစ်ပြီး ဒေသခံတွေအဓိကအသုံးပြုနေတဲ့တံတားဖြစ်သလို ရှင်ဗွေယန်–နန်းယွန်းကြားလီဒိုကား လမ်းမပေါ်မှာတည်ရှိတဲ့ အရေးပါတဲ့တံတားတစ်ခုလည်းဖြစ်ပါတယ်။ “ကျွန်တော်တို့နန်းယွန်းသားတွေကအဓိက တောင်ယာခုတ်စားကြတာလေ။တံတားဟိုဘက်ကမ်းမှာတောင်ယာခင်တွေအများကြီးရှိတယ် တစ်နေ့တစ်နေ့မပေးနိုင်ဘူးလေပိုက်ဆံအဲ့တော့တောင်ယာခုတ်တဲ့လူတွေလည်း ဘာမှလုပ်လို့မရတော့ဘူးဖြစ်နေတယ်”လို့  နောက်ထပ် ဒေသခံအမျိုးသား တစ်ဦးဆက်ပြောပါတယ်။ ဒါ့အပြင် နန်းယွန်းဒေသအတွက် ကုန်စည်တွေ တင်သွင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းမှာရှိပြီး ခုလိုတံတားကျိုးသွားတာကြောင့် ကုန်တွေကိုနှစ်ဆင့်ခံပြီးသယ်ယူနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် နန်းယွန်းဒေသထဲမှာ စက်သုံးဆီ၊ စားသောက်ကုန်နဲ့အခြားကုန်စျေးနှုန်းမဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။ တံတားပြန်ဆောက်ပေးဖို့အတွက် […]

ဘုတလင်က စစ်ကြောင်းရန်ကြောင့် ဒေသခံသောင်းချီ ဘေးလွတ်ရာတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်း ဝင်စီးနေလို့ ဒေသခံ သောင်းချီပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲဒီဒေသခံစစ်ဘေးရှောင် ကူညီနေသူတွေဆီကနေ သိရပါတယ်။   ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ ရက်နေ့က ကူတော်ရွာကနေ ဘုတလင်မြို့ပေါ်ကို အသွား လမ်းခုလတ်ကွင်းပြင်မှာ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းတစ်ခု ပျက်တဲ့အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။   ဒါကြောင့် အခုစစ်ကြောင်းဟာ အဲဒီအနီးနားက ကျေးရွာတွေကို အောက်တိုဘာ ပထမပတ်အတွင်းကစပြီး အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီးသတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့တာနဲ့ လူသားဒိုင်းလုပ်ဖို့ ခေါ်ဆောင်တာတွေ ပြုလုပ်ခံနေရတယ်လို့ သိရပါတယ်။   လတ်တလော စီပါ၊ တက်လှိုင်း၊ ပဲပြစ်တော၊ မြောက်ကျီ၊ ရွာရှည်၊ ကျို့ကုန်း၊ ငပုယင်း၊ ကြွက်သေချောင်း၊ မောင်းထောင်၊ ဆယ်ဝ၊ သပြေပင်၊ ရှမ်းတဲ၊ ရွာသာ၊ ဖျောက်ဆိတ်ကုန်း၊ […]

အမျိုးသမီးတဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်အား ထောင်ဒဏ် (၁၀) နှစ်ချမှတ်

RNA_အောက်တိုဘာ(၂၃)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာမှ အမျိုးသမီးတဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) – ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အတွက်ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် သမီးရည်းစားချင်း စကားများကြရာမှ ရဲဘော်ပြည့်ထွန်းနိုင်က သေနတ်ဖြင့် တချက်တည်း ပစ်သတ်ခဲ့ခြင််််််းဖြစ်​ကြောင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း “မချစ်လို့ ပစ်သတ်မှု” ဟု နာမည်ကြော်ကြားခဲ့သည့် အမှုဖြစ်ပြီး၊ ပစ်သတ်ခံရသူ မယုမွန်ထိုက်နှင့် ပစ်သတ်သူတို့သည် သမီးရည်းစားများမဟုတ်ကြောင်း မိသားစုဝင်များက ပြောကြားထားသည်။ အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီး၂၀၂၄ […]