ylliX - Online Advertising Network
ပုလဲမြို့သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိ

ပုလဲမြို့သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိ


RNA_နိုဝင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် မဟာမိတ် တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏လေကြောင်းတိုက်မှုကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိကြောင်း သိရသည်။

ပုလဲမြို့သိမ်း တိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် လေကြောင်းတိုက်ခိုက်မှုများကြားမှ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးအတွင်း BNRA မှ ရဲဘော် ၉ ဥဦး ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရ BNRA ရဲဘော် ၁၀ ဦး၊ GZA မှ ၁ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“မြေပြင်စစ်ကူဖြတ်တောက်ခြင်းလုပ်ငန်းများကို အဘက်ဘက်မှပြင်ဆင်နိုင်ခဲ့သော်လည်း ဝေဟင်ဖြင့်တပ်အင်အား စစ်ကူချခြင်း၊ ဝေဟင်မှ ပစ်ကူပေးခြင်းများကို ဖြတ်တောက်ရန်ခက်ခဲသောကြောင့် နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေးစတုတ္ထရက်မြောက်ညနေပိုင်းတွင် မြို့ပေါ်မှ ပြန်လည်ဆုတ်ခွါပေးခဲ့ရပါသည်” ဟု ယနေ့ BNRA ကထုတ်ပြန်ထားသည်။

မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း (၂၅) ဦးအပြင် MA1 (၅)လက် ၊ MA2 (၂)လက်၊ MA3 (၄)လက်၊MA4 ထောက်တွဲ (၁) လက်၊ G3(၆)လက်၊ G4(2)လက်၊ ပစ္စတို MA5 (၁)လက်၊ M9ဗုံးသီး (၆၀)လုံး၊ လက်ပစ်ဗုံး (၂)လုံး၊ တိုက်မိုင်း (၃)လုံး၊ နင်းမိုင်း (၁)လုံး၊ လက်ပစ်စနစ်တံ (၆)ခု၊ တိုက်မိုင်ဖြူး (၃)ခု၊ G3ကျည်နှင့် ကပစ ၅.၅၆ကျည် အများအပြား၊ G3 ကျည်ဘောက်အပို (၄)ဘောက်၊ MA အပိုကျည်ဘောက် (၂၉ )ဘောက်စသည်တို့ကို သိမ်းဆည်းရမျသည်ဟု သိရသည်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးကို BNRA မှ ဦးဆောင်၍ အညာညီနောင်ဖြစ်သော Generation Z Army (GZA) နှင့် ရေစကြိုမှ ဗိုလ်အောင်မောင်း၏ Southern Yesagyo (SYSO)တို့ စနစ်တကျ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း၊ ချင်းညီနောင်စစ်ဆင်ရေး (CB Operation) နှင့်ချိတ်ဆက်၍ Coordinated Movement အဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် ယခုကဲ့သို့သော အတိုင်းအတာအထိအောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ CB Operation တွင်လည်း အညာညီနောင်နှစ်ဖော်ဖြစ်သည့် BNRA & GZA တို့အနေဖြင့် ပါဝင်ဆင်နွှဲလျှက်ရှိကြောင်း အသိပေးထားသည်။


ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်း အရေးကြီးသည့် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်သည်များကို အချိန်နှင့်တပြေးညီ တက်တက်ကြွကြွ ပူးပေါင်းကူညီဆောင်ရွက်ပေးပါသော ပုလဲမြို့နယ် ပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းအား ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ အထူးပင်ကျေးဇူးတင်​အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #AhNyar #REDNEWS #RNA



Source link

Leave a Reply

Your email address will not be published. Required fields are marked *