ylliX - Online Advertising Network

မတ္တရာတွင် အထိနာနေသော်လည်း စစ်တပ် ဆက်လက် ထိုးဖောက်နေ – Myanmar Now

စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း  အထိနာနေလင့်ကစား အုပ်စုနှစ်စုခွဲကာ ကျေးရွာများကို ၅ ရက်ကြာ ဆက်လက် စစ်ကြောင်းထိုးနေသဖြင့်  တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ပြင်းထန်နေသည်။ မန္တလေးမြို့မှ လာသည့် အင်အား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းသည် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များအထိုင်ချထားသည့် ဧရာဝတီမြစ်ကမ်းဘေးရှိ သဖန်းဒေါက် ကျေးရွာနှင့် ဆောက်ခြုံပေါက်ကျေးရွာတို့ကို စီးနင်းခဲ့သည်။ တစ်ပြိုင်တည်းမှာပင် မတ္တရာမြို့ပေါ်မှ ထွက်လာသည့် အင်အား ၁၅၀ ကျော်ခန့် ပါဝင်သော စစ်ကြောင်းက မတ္တရာအနောက်မြောက်ဘက် တော်လှန်ရေးတပ်ဖွဲ့များအခြေပြုသည့် မြွေတလှိုင်း၊ ဥဒိန်၊ သူဌေးကုန်း၊ ရှင်လှ၊ ပိုဝ စသော ကျေးရွာတို့ကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “သဖန်းဒေါက်နဲ့ဆောက်ခြုံပေါက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိုင်ထားတာ။ အဲဒီဆောက်ခြုံပေါက်နဲ့ ရွှေ ချောင်းရွာဆိုတာကတော့ လယ်ကွက်တွေပဲခြားပြီး (ရွှေချောင်းရွာက) […]

မြင်းခြံတွင် စစ်တပ် စစ်ကြောင်းထိုးလာ၍ PDF နှင့် တိုက်ပွဲ ပြင်းထန်နေ  – Myanmar Now

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး တော်လှန်ရေးအင်အားစုလှုပ်ရှားသည့် ကျေးရွာများကို နိုဝင်ဘာ ၁၁ ရက်နေ့မှစကာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် သီတင်းတစ်ပတ်ကြာ တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံ ခရိုင်တပ်ရင်းများက မြင်းခြံမြို့ကို မြို့အရှေ့တောင်ဘက် ကူရွာ၊ ကွမ်းစိုက်၊ ချေဆေး စသောကျေးရွာများအနီးမှ ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ရေးဗျူဟာကျသည့် မြင်းခြံ-တောင်သာ-မလှိုင်-မိတ္ထီလာလမ်းကို ကြားဖြတ်ပိတ်ဆို့ထားခဲ့သည်။ လက်နက်ကိုင် အင်အားရာဂဏန်းရှိသည့် ထိုစစ်ကြောင်းတွင် စစ်သားများ၊ ပြည်သူ့စစ် ခေါ်  ပျူစောထီးအဖွဲ့များ ပါဝင်သည်ဟု သိရသည်။  သီတင်းပတ်တစ်ခုကြာပြီဖြစ်သည့် အဆိုပါတိုက်ပွဲများအတွင်း နိုဝင်ဘာ ၁၄ ရက်မှအပ  တိုက်ပွဲပြင်းထန် ခဲ့ကြောင်း၊  ယနေ့ (နိုဝင်ဘာ ၁၈) တွင် စစ်ကောင်စီတပ်က ချေဆေးကျေးရွာအနီး တပ်စွဲနေသလို လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း မြင်းခြံခရိုင် PDF […]

စခန်းပြန်ရရန် စစ်တပ် ကြိုးစားသဖြင့် ပြင်ဦးလွင်အနီး တိုက်ပွဲပြင်းထန် – Myanmar Now

စစ်ကျောင်းကြီးများ တည်ရှိရာ ပြင်ဦးလွင်မြို့နယ်နှင့် နီးကပ်နေသော   ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း ကျေးရွာ ၃ ရွာတွင်  တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။  ပြင်ဦးလွင်မြို့၏အရှေ့ဘက်၊နောင်ချိုမြို့မြောက်ဘက် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့ သွားရာလမ်းရှိ တောင်ခမ်းကျေးရွာ၊ မန္တလေး-လားရှိုး လမ်းမကြီးပေါ်ရှိ သဲခေါ်ရွာနှင့် ဂန့်ကော်ကျေးရွာတို့ ဖြစ်သည်။ ယနေ့ (နိုဝင်ဘာ ၈ ရက်) နေ့လယ်ပိုင်းတွင် ဂန့်ကော်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပါဝင်သည့်  ပူးပေါင်းတပ်များနှင့်  တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ နှစ်ဘက် ထိခိုက်မှု အခြေအနေကို မသိရသေးပေ။ ထိုရွာရှိစစ်စခန်းကို အောက်တိုဘာ ၂၈ ရက်တွင် လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က ပြန်လည် ရယူရန် ကြိုးပမ်းနေခြင်း  ဖြစ်သည်။  ဂန့်ကော်ရွာသည် စစ်တပ်မြို့ဖြစ်သည့် […]

ပေါက်မြို့နယ်  စစ်ရှောင်အရေးကူညီနေသူ ဘုန်းကြီးကို စစ်တပ် ဖမ်းခေါ်သွား – Myanmar Now

အောက်တိုဘာ ၂၈ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က စီးနင်းပြီး ဘုန်းကြီးတစ်ပါးနှင့် အရပ်သားများကို ဖမ်းသွားသည်ဟု ဒေသခံတို့က ပြောပြီး စီးနင်းသူများကို  ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးရှိခဲ့သည်ဟု  ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က  ထုတ်ပြန်သည်။  နံနက် ၅ နာရီခန့်က မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာ မင်းတပ်-ပခုက္ကူလမ်းဘေးရှိ ဒီးဒုတ်ကွင်းရွာ အနီး စစ်ရှောင်စခန်းကို  အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (ပျူစောထီး) တို့က ပစ်ခတ်စီးနင်းခဲ့သည်။ အသက် ၅၀ ကျော်အရွယ် ရွာသား ၂ ဦးကို ပစ်သတ်သွားသည်၊  ဆရာတော်တစ်ပါးအဝင် လူ ၁၈ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု စစ်ရှောင်အရေးကူညီနေသူနှင့် တော်လှန်ရေးအဖွဲ့များထံက သိရသည်။  မှန်တောင်ကွင်း […]

စွန့်လွှတ်လိုက်ရသည့် မတ္တရာကို စစ်တပ် ထိုးစစ်ဆင်၊ ဒေသခံ ၃၀ နီးပါး သေဆုံး – Myanmar Now

မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် မတ္တရာမြို့နယ်အတွင်း  စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနေသဖြင့်  တစ်လအတွင်း အရပ်သား ၃၀ နီးပါး သေဆုံးခဲ့သည်ဟု သိရသည်။ မန္တလေးနှင့်မိုင်၂၀အကွာရှိ ထိုမြို့နယ်အတွင်း  ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) တပ်ဖွဲ့ဝင်တို့ ရှိမည့် နေရာများကို ပစ်ခတ်ရာမှ  အရပ်သားသေဆုံးမှု များပြားလာခြင်းဖြစ်သည်ဟု ဒေသခံများနှင့် စစ်ရှောင်ကူညီရေး အဖွဲ့များက ပြောသည်။ စစ်ကောင်စီတပ် ဗုံးကြဲ၊ ဝင်ရောက်စစ်ကြောင်းထိုးနေသည့်  ရွာများမှာ ဧရာဝတီမြစ်ကမ်းဘေးမှ ဝန်စု၊ ဝေါစု၊ တုံကုန်း၊ မရမ်းကုန်း၊ ရွာသစ်စသည့်ရွာများ ဖြစ်သည်ဟု   ဒေသခံများက ဆိုသည်။ အောက်တိုဘာ၂၆ ရက်နေ့ ညပိုင်းက   မြို့အရှေ့ပိုင်းရှိ အောင်ချမ်းသာ ခေါ်  ရွာသာယာကျေးရွာကို  ဗုံးကြဲရာ ဒေသခံ ၇ဦး သေဆုံးသွားသည်ဟု  အသက်၆၀အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]

စစ်တပ် စစ်ကြောင်းထိုးခဲ့သည့် လောင်းလုံးဒေသတွင် ရုပ်အလောင်း ၅ လောင်းတွေ့ရှိ – Myanmar Now

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အောက်တိုဘာ ၁၂ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ တစ်ပတ်ကြာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံ ရုပ်အလောင်း ငါးလောင်း တွေ့ရှိရသည်။ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သုံးဦး ၊ တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်က ပစ်ခတ်သည့် သေနတ်ကျည်ဆန် ထိမှန်၍ တစ်ဦး ၊ ကြောက်လန့်ပြီး နှလုံးရောဂါဖြင့် တစ် ဦး တို့ သေဆုံးသွားကြသည်ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ် ကော်မတီ (DMSC)  ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။သေဆုံးသူများမှာ ကဒက်ငယ်ထိန် ရွာသား ကိုမင်းအောင် (ခ)  ကိုကန်းကန်း  (၃၀ နှစ်) ၊ ကဒက်ငယ်ထိန် ရွာမှ ဒေါ်ခင်မြင့် (ခ) ဒေါ် […]

ရေဦးမှာ ကထိန်ပွဲပြုလုပ်နေတဲ့ ကျေးရွာအနီးကို စစ်တပ် လေကြောင်းသုံး ဗုံးကြဲ

  စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ ကထိန်ပွဲပြုလုပ်နေတဲ့ အင်ပထိုးရွာအနီးကို  အောက်တိုဘာလ ၂၀ ရက်နေ့က လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က CJ Platform ကို ပြောပါတယ်။   စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ညနေ ၄ နာရီ ၁၄ မိနစ်ခန့်မှာ ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။   ဗုံးသီးတွေဟာ အင်ပထိုး၊ စည်သာမြေနဲ့-မဲအိုးကျေးရွာ စတဲ့ ရွာသုံးရွာအကြားရှိ ချောင်းကူးတံတားအနီးကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒေသခံတွေအနေနဲ့ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။   “မိတ္ထီလာရှမ်းတဲကနေ တက်လာတဲ့ MiG-29 ဖိုက်တာတစ်စင်းနဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူး။ […]