ylliX - Online Advertising Network

ရန်ကုန်ကို ဆွမ်းခံကြွလာရင်း သီရိမင်္ဂလာဈေးအနီးပျောက်ဆုံးသွားတဲ့ ဆရာလေးသုံးပါးအနက်တစ်ပါးကို လေးရက်ကြာသည်အထိ ပြန်မတွေ့သေး – Myanmar Transparency News

ရန်ကုန်ကို ဆွမ်းခံကြွလာရင်း သီရိမင်္ဂလာဈေးအနီးပျောက်ဆုံးသွားတဲ့ ဆရာလေးသုံးပါးအနက်တစ်ပါးကို လေးရက်ကြာသည်အထိ ပြန်မတွေ့သေး – Myanmar Transparency News Source link

စစ်ကိုင်း-ကချင်နယ်စပ်ရှိ စစ်ကောင်စီစခန်း၊ ရှမ်းနီစခန်းတို့ကို KIA သိမ်း – Myanmar Now

KIA တပ်သားတစ်ဦးကို ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာတွင် ယခုနှစ် ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − မြတ်ပန်း) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာနှင့် နယ်နိမိတ်ထိစပ်နေသည့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်များက ယမန်နေ့ (နိုဝင်ဘာ ၁၈) တွင် သိမ်းပိုက်လိုက်သည်။ စစ်ကောင်စီတပ်၏ ရွှေတွင်းစခန်းနှင့် စိုင်းပန်ရွာအနီးတပ်စွဲထားသည့် SNA နှင့် စစ်ကောင်စီ ပူးပေါင်းစခန်း ၂ ခုတို့ကို ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ စခန်းများသိမ်းလိုက်သည့် KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့က  ယနေ့နံနက်(နိုဝင်ဘာ ၁၉) တွင် နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု KIA နှင့် နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။  တိုက်ခိုက်မှုအတွင်း […]

တိုက်ပွဲဖြစ်နေသည့် သပိတ်ကျင်းကို လေတပ်ဗုံးကြဲ၊ ၆နှစ်သမီးနှင့် မိခင်ဖြစ်သူတို့ သေဆုံး – Myanmar Now

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း  တိုက်ပွဲဖြစ်ပွားနေစဉ် စစ်လေယာဉ် လာရောက် ဗုံးကြဲမှုကြောင့် ဒေသခံသားအမိ ၂ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။ နိုဝင်ဘာ ၁၆  နံနက် ၃ နာရီခန့်က စစ်ကောင်စီတပ် တွင်းငယ်ကျေးရွာသို့  စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၈ နာရီခန့်တွင်  ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သေဆုံးသူများမှာ တွင်းငယ်အနီး ရေညာဦးရွာနေ ၆ နှစ်သမီး နှင့် သူ၏ အသက် ၃၀ အရွယ်မိခင်တို့ဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။ “အမျိုးသမီးက ပေါင်လုံးဝပြတ်သွားပြီးတော့ သူ့အသားစတွေက အိမ်နံရံမှာ၊ သွေးတွေလည်း အိုင်ထွန်းလို့ပဲ။ အဲဒီကတည်းက အခြေအနေမကောင်းဘူး။ ဒါပေမဲ့ သူ့သမီးလေးကလည်း ခေါင်းထိပြီး လဲနေတော့ […]

စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း – Kachin News Group (KNG)

စစ်ကိုင်း– ကချင်အစပ် ဟုမ္မလင်းမြို့နယ် SNA တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရွှေတွင်းတပ်စခန်းနဲ့ရာလာတီးတပ်စခန်းကို KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ သိမ်းပိုက်လိုက်ပြီး  စိုင်းပန်ရွာစခန်းကုန်းကို ဒီမနက်ပိုင်း ၅ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီဘက်ကို ကျနော်တို့ ၂၅ ရက်နေ့ကနေစတိုက်တာ မနေ့က ရွှေတွင်းလမ်းဆုံစခန်းနဲ့ရာလာတီးစခန်းကိုသိမ်းတယ်။ စိုင်းပန်တပ်စခန်းကိုမနေ့ကတည်းက ပိတ်ဆို့ထားတာ အထဲမှာသူတို့မရှိဘူး ပြေးကုန်ပြီ အဲကြောင့် စိုင်းပန်ကိုလည်း ဒီမနက်ပိုင်းမှာ သိမ်းလိုက်နိုင်တာ”လို့ ပြောပါတယ်။  စစ်ကိုင်း– ကချင်အစပ်ရှိမှာရှိတဲ့ SNA တပ်စခန်းတွေကို  KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခုကို  နိုဝင်ဘာလ ၃ ရက်နေ့ တိုက်ခိုက်သိမ်းယူထားပြီးနောက် နှစ်ပတ်အကြာ နောက်ထပ်တပ်စခန်း ၂ ခုကို ထပ်ပြီးသိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ KIA ပူးပေါင်းတပ် ထိုးစစ်တိုက်ခိုက်နေတဲ့နေရာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နဲ့ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအကြားမှာရှိတဲ့ စခန်းတွေဖြစ်ပြီး အဲစခန်းတွေက KIA ရဲ့ တပ်ရင်း (၂၆) ထိန်းချုပ်နယ်မြေမှာရှိတာလည်းဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး နေ့တိုင်းဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေရှိတဲ့အတွက် KPDF တပ်သား ၂ ဦးကျဆုံးပြီး SNA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲတော့ တော်တော်လေးပြင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ဘက်ကလည်း ကျတာရှိတယ်။ လပြည့်နေ့မှာဘဲတစ်ယောက်ကျထားတာ မနေ့ကလည်းတစ်ယောက်ထပ်ကျတယ်။ SNA ဘက်ကလည်း ကျတာများတယ်။လေယာဉ်ကို မနေ့ကလည်း ၂ ကြိမ်လာပစ်သွားတယ်”လို့ KPDF တစ်ဦး ပြောပါတယ်။ လတ်တလော KIA သိမ်းပိုက်လိုက်တဲ့ တပ်စခန်း ၅ ခုစလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်တပ်လက်အောက် ပျူစောထီးအဖွဲ့ပူးပေါင်းအထိုင်ချတဲ့ တပ်စခန်းတွေဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။ ဟုမ္မလင်းမြို့နယ်နဲ့ဆယ်ဇင်းတစ်လျှောက် ဥရုချောင်းအရှေ့ခြမ်းနဲ့မာန်စိမ်းချောင်းဖျားရှိ SNA ပူးပေါင်းတပ်စခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ စတင်ထိုးစစ်ဆင်နေပြီး ခုဆိုရင် ၃ ပတ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ By – Zami The post စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း appeared first on Kachin News Group (KNG). Source link

လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှု (၁၀) နှစ်ပြည့်ပြီ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့အသီးအသီးမှ ဗိုလ်လောင်း (၂၃) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့သည့် (၁၀)နှစ်ပြည့်မြောက်ပြီဖြစ်သည်။ KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးသွားရသည့် ဗိုလ်လောင်းများမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (SLF/TNLA) မှ (၁၁) ဦး၊ အာရက္ခတပ်တော် -AA မှ (၈) ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDF မှ (၂) ဦး၊ ချင်းအမျိုးသားတပ်ဦး -CNF မှ (၂) ဦး ကျဆုံးခဲ့ရသည်။ ဦးသိန်းစိန်အစိုးရလက်ထက်၊ စစ်တပ်ကို မင်းအောင်လှိုင်ဦးဆောင်နေသော စစ်တပ် ခြေမြန်တပ်ရင်း (၃၈၉) မှ (၁၀၅) […]

ကန့်ဘလူတွင် ခရီးသည်များ ဗုံးကြဲခံရ၊ သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး ပါဝင် – Myanmar Now

ယနေ့(နိုဝင်ဘာ ၁၈)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျီကျင်းရွာအနီး ခရီးသည်တင်ယာဉ်တန်း  ဒရုန်းဖြင့်‌ဗုံးကြဲချတိုက်ခိုက်ခံရသဖြင့်  ခရီးသည်လေးဦးထက်မနည်း သေဆုံး၊ ရှစ်ဦးခန့်ဒဏ်ရာရခဲ့သည်၊ စစ်ကောင်စီတပ်၏ လက်ချက်ဖြစ်နိုင်သည်ဟု ဒေသတွင်းလက်နက်ကိုင်အဖွဲ့များက ပြောသည်။ ကန့်ဘလူတောင်ပိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပေါ် တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး ပါဝင်သလို ဒဏ်ရာရသူများအနက် နှစ်ဦးမှာစိုးရိမ်ရကြောင်း၊ ခရီးသည်တင်ယာဉ်နှစ်စီး  ထိမှန်ခဲ့ပြီး ငွေတိုးမန်းယာဉ်လိုင်းမှ မော်တော်ယာဉ် ဆိုးဆိုးရွားရွား ပျက်စီးသည်အထိ တိုက်ခိုက်နမှု ပြင်းထန်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းအရင်းအမြစ်က ဆိုသည်။  ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ရာလမ်းဖြစ်သည့် ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းသည် ဆက်သွယ်ရေးအရ အချက်အချာကျပြီး ကန့်ဘလူမြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ထိုလမ်းပိုင်း အချို့နေရာများတွင် တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားသည်။ ထိုတိုက်ခိုက်မှုသည် ကျီကျင်းရွာ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာ ဇီးကုန်းမြို့ […]

သားနှင့်ချွေးမ ဘုရားဖူးခရီးသွားချိန် တစ်ဦးတည်းကျန်ခဲ့သည့် မိခင်ဖြစ်သူကိုသတ်ဖြတ်ကာ စိန်နှင့် ရွှေထည်ပစ္စည်းများ လုယက်ထွက်​ပြေးသွားမှု ဝေါမြို့တွင် ဖြစ်ပွား

သားနှင့်ချွေးမ ဘုရားဖူးခရီးသွားချိန် တစ်ဦးတည်းကျန်ခဲ့သည့် မိခင်ဖြစ်သူကိုသတ်ဖြတ်ကာ စိန်နှင့် ရွှေထည်ပစ္စည်းများ လုယက်ထွက်​ပြေးသွားမှု ဝေါမြို့တွင် ဖြစ်ပွား – Myanmar Transparency News Source link

ဒေါ်လာနှင့်ရွှေဈေးမြင့်တက်ခြင်းမရှိသော်လည်း စစ်ကောင်စီထိန်းချုပ်ထားသည့် စားအုန်းဆီဈေးတက် – Ayeyarwaddy Times

ဒေါ်လာနှင့်ရွှေဈေးမြင့်တက်ခြင်းမရှိသော်လည်း စစ်ကောင်စီထိန်းချုပ်ထားသည့် စားအုန်းဆီဈေးတက် – Ayeyarwaddy Times Source link

မြင်းခြံတွင် စစ်တပ် စစ်ကြောင်းထိုးလာ၍ PDF နှင့် တိုက်ပွဲ ပြင်းထန်နေ  – Myanmar Now

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး တော်လှန်ရေးအင်အားစုလှုပ်ရှားသည့် ကျေးရွာများကို နိုဝင်ဘာ ၁၁ ရက်နေ့မှစကာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် သီတင်းတစ်ပတ်ကြာ တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံ ခရိုင်တပ်ရင်းများက မြင်းခြံမြို့ကို မြို့အရှေ့တောင်ဘက် ကူရွာ၊ ကွမ်းစိုက်၊ ချေဆေး စသောကျေးရွာများအနီးမှ ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ရေးဗျူဟာကျသည့် မြင်းခြံ-တောင်သာ-မလှိုင်-မိတ္ထီလာလမ်းကို ကြားဖြတ်ပိတ်ဆို့ထားခဲ့သည်။ လက်နက်ကိုင် အင်အားရာဂဏန်းရှိသည့် ထိုစစ်ကြောင်းတွင် စစ်သားများ၊ ပြည်သူ့စစ် ခေါ်  ပျူစောထီးအဖွဲ့များ ပါဝင်သည်ဟု သိရသည်။  သီတင်းပတ်တစ်ခုကြာပြီဖြစ်သည့် အဆိုပါတိုက်ပွဲများအတွင်း နိုဝင်ဘာ ၁၄ ရက်မှအပ  တိုက်ပွဲပြင်းထန် ခဲ့ကြောင်း၊  ယနေ့ (နိုဝင်ဘာ ၁၈) တွင် စစ်ကောင်စီတပ်က ချေဆေးကျေးရွာအနီး တပ်စွဲနေသလို လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း မြင်းခြံခရိုင် PDF […]

ရက်ပေါင်း ၁၈၀ နေထိုင်နိုင်မည့်ဗီဇာကို တရုတ်နိုင်ငံကထုတ်ပေးမည် – PCT NEWS HOMEPAGE

သတ်မှတ်ချက်နှင့်ကိုက်ညီသော မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် တရုတ်နိုင်ငံတွင် အများဆုံးရက်ပေါင်း ၁၈၀ နေထိုင်ခွင့်ရရှိမည့် ဗီဇာအမျိုးအစားကို မနက်ဖြန်(နိုဝင်ဘာ ၁၈ ရက်)မှ စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ၎င်း၏ ဝီချက်စာမျက်နှာတွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါဗီဇာသည် တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာဝင်ထွက်သွားလာနိုင်သည့် (Multiple Entry) အမျိုးအစားဖြစ်သည်ဟု သိရပြီး အများဆုံးဗီဇာသက်တမ်းငါးနှစ်၊ အများဆုံးနေထိုင်ခွင့်ကာလ ၁၈၀ ရက်ရှိသည့် ဗီဇာအမျိုးအစားဖြစ်သည်ဟုဆိုသည်။ ❝ပြောမယ်ဆိုရင်တော့ အခုလိုလုပ်လိုက်တာ ကောင်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ အရင်ကဆိုရင် တရုတ်ကို တစ်ခေါက်သွားတိုင်း ဗီဇာတစ်ခါယူရတယ်ဗျာ။ အခုက ဗီဇာတစ်ခါလုပ်ထားရင် တရုတ်နိုင်ငံထဲကို ငါးနှစ်အတွင်း ကြိုက်သလိုဝင်ထွက်သွားလာနိုင်မယ်။ ဒါပေမယ့် အဲ့ဒီဗီဇာကိုတော့ လူတိုင်းကိုပေးမှာမဟုတ်ဘူး။ သူတို့သတ်မှတ်ထားတဲ့ အချက်အလက်နဲ့ကိုက်ညီတဲ့ […]