ylliX - Online Advertising Network
စစ်ကိုင်း-ကချင်နယ်စပ်ရှိ စစ်ကောင်စီစခန်း၊ ရှမ်းနီစခန်းတို့ကို KIA သိမ်း - Myanmar Now

စစ်ကိုင်း-ကချင်နယ်စပ်ရှိ စစ်ကောင်စီစခန်း၊ ရှမ်းနီစခန်းတို့ကို KIA သိမ်း – Myanmar Now


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာနှင့် နယ်နိမိတ်ထိစပ်နေသည့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်များက ယမန်နေ့ (နိုဝင်ဘာ ၁၈) တွင် သိမ်းပိုက်လိုက်သည်။

စစ်ကောင်စီတပ်၏ ရွှေတွင်းစခန်းနှင့် စိုင်းပန်ရွာအနီးတပ်စွဲထားသည့် SNA နှင့် စစ်ကောင်စီ ပူးပေါင်းစခန်း ၂ ခုတို့ကို ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။

စခန်းများသိမ်းလိုက်သည့် KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့က  ယနေ့နံနက်(နိုဝင်ဘာ ၁၉) တွင် နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု KIA နှင့် နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် လက်နက် ခဲယမ်း သုံ့ပန်းရရှိမှု အခြေအနေကို မသိရသေးပေ။

ယမန်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း  လေကြောင်းမှဗုံးကြဲသလို ဒရုန်းများကိုလည်း အသုံးပြု ခုခံခဲ့သည်ဟု သိရသည်။

ဖားကန့်မြို့ အနောက်မြောက်ဘက် မိုင် ၄၀ ခန့်အကွာ  ဆယ်ဇင်းကျေးရွာအနီး   ပြီးခဲ့သည့်လကတည်းက တိုက်ပွဲများဖြစ်ပွားနေသည်။

ဆယ်ဇင်းရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းနှင့် ရဲစခန်းတို့ကို   KIA နှင့် ပူးပေါင်းတပ်များက  ဧပြီလတွင် တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။ 

ရွှေတူးဖော်ရေး လုပ်ကွက်များရှိသည့် အဆိုပါဒေသတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်း လှုပ်ရှားနေသည့် SNA တပ်များလည်းရှိသည်။ယခုနှစ် မတ်လမှ စတင်သည့် ထိုးစစ်အတွင်း KIA သည် ရှမ်းပြည်မြောက်ပိုင်းရှိ  မဘိမ်းမြို့၊ ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးဒေသ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *