ylliX - Online Advertising Network

တန်ဆောင်တိုင် ပံ့သကူ ပစ်ခဌင်သနဲ့ တာဝန်မဲ့ စိတ်ထာသမျာသ၊ မိုသမောက်မဌို့နယ်ထဲက ကျေသရလာ လေကဌောင်သတိုက်ခိုက်ခံရမဟုမဟာ ၉ ဦသ သေဆုံသ

(မိုသမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၄⁹⁹⁹⁹⁹⁹ တန်ဆောင်တိုင် ပံ့သကူ ပစ်ခဌင်သနဲ့ တာဝန်မဲ့ စိတ်ထာသမျာသ၊ မိုသမောက်မဌို့နယ်ထဲက ကျေသရလာ လေကဌောင်သတိုက်ခိုက်ခံရမဟုမဟာ ၉ ဦသ သေဆုံသ ရန်ကုန်မဌို့ တန်ဆောင်တိုင်ပလဲတော်ရာသီတလေမဟာ လုပ်ဆောင်လေ့ရဟိတဲ့ အလေ့အထ တခုက ပံ့သကူ ပစ်ခဌင်သလို့ ခေါ်တဲ့ ကာသလမ်သတလျဟောက် ငလေကဌေသစလန့်ကဌဲတဲ့ အလေ့အထဖဌစ်ပါတယ်။ ဒီအလေ့အထက သိပ်မဝေသတဲ့ နဟစ်ကာလတလေကျမဟ ပေါ်ပေါက်လာတဲ့ အလေ့အထဖဌစ်ပဌီသ ရဟေသတုန်သက ပံ့သကူ အဖဌစ်စလန့်ကဌဲတယ်ဆိုတဲ့ အခေါ်အဝေါ်အပေါ် အခဌေခံပေမယ်လို့ လုပ်ကိုင်ပုံနည်သလမ်သတော့ မတူပါဘူသ။ ရဟေသအစဥ်အလာ ပံ့သကူစလန့်ကဌဲခဌင်သက ပေသကမ်သသူက ဘယ်သူဘယ်ဝါဆိုတာ မသိရစေဘဲ တနေရာရာမဟာ ထာသခဲ့တဲ့သဘောမျိုသ ဖဌစ်ပဌီသ အခုလို တန်ဆောင်တိုင်ပလဲတော်ရက်မဟာ ကာသနဲ့ ပစ်ချစလန့်ကဌဲတာမျိုသ မဟုတ်ပါဘူသ။  တန်ဆောင်မုန်သလပဌည့် ပလဲတော်ကာလရက်တလေမဟာ အခုလို ပံ့သကူ […]

ကမ္ဘာတိုင်ဆုံသ မောင်စစ်မုန်သ – တိုင်သပဌည်ကို ထိုသအပ်လိုက်တဲ့ ခလေသဝဲစာသတအုပ်

ကမ္ဘာတိုင်ဆုံသ မောင်စစ်မုန်သ – တိုင်သပဌည်ကို ထိုသအပ်လိုက်တဲ့ ခလေသဝဲစာသတအုပ် (မိုသမခ) နိုဝင်ဘာ ၁၇ ၊ ၂၀၂၄ အယုတ် မသမာ ငနာတလေကဌောင့် အချုပ်အခဌာအာဏာကတော့ တရုတ်လအာ လက်ရောက်ရမယ့်ကိန်သဆိုက်လာပဌီ။ မအလက ကဌိုသစင်မတက်ရရေသ ကျောပေသရပေသရဆိုပဌီသ ဘောပဌေသပဌေသ မ တဲ့အကျိုသပေါ့လေ။ တရုတ်လက်နက်ကိုင်တလေ နိုင်ငံတလင်သခေါ်ပဌီသ နိုင်ငံတော်အာဏာကို အပ်ဖို့ ကဌံပဌီ။ အမိမဌေတလက်မမဟအထိမခံ ပဌည်ပရန် ကာကလယ်မယ် ဆိုတဲ့တပ်မတော်ကဌီသကိုယ်တိုင် နိုင်ငံကိုအပေါင်ဆုံသတဲ့အထိ မိုက်တလင်သနက်ဖို့ ကဌံပဌီလေ။ မဌန်မာစစ်အစိုသရသည် တရုတ်-မဌန်မာ နဟစ်နိုင်ငံပူသပေါင်သပဌီသ လုံခဌုံရေသကုမ္ပဏီတစ်ခု တည်ထောင်ရန် လုပ်ငန်သကော်မတီတရပ် ဖလဲ့စည်သလိုက်ပတဲ့။ အမဟန်တော့ မအေဘေသက နိုင်ငံကို မဲခေါင်စည်သဝေသသလာသရင်သ ဖဲပေါင်ပဌီသ ပေသခဲ့တာကို တပ်အသိုင်သဝိုင်သတခုလုံသက ပဌုံသပဌုံသကဌီသ ကုန်သခံလိုက်ကဌတာမဟုတ်လာသ။ တကယ်တော့ မဘသတလေရဲ့ အမျိုသ ဘာသာ […]

ကိုအောင်မဟိုင်သ – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကဌ (အပိုင်သ ၁၅)

ကိုအောင်မဟိုင်သ – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကဌ (အပိုင်သ ၁၅) (မိုသမခ) နိုဝင်ဘာ ၁၆ ၊ ၂၀၂၄ “Injustice anywhere is a threat to justice everywhere.” “မတရာသမဟုဟာ နေရာတိုင်သမဟာ တရာသမျဟတမဟုကို ခဌိမ်သခဌောက်နေတယ်” ဒေါက်တာမာတင်လူသာကင်သ ( ၁၉၂၉ -၁၉၆၈ ) ဒီနေ့ Sun Tzu ရဲ့ The Art of War ထဲက ခေါင်သဆောင်မဟုဆိုင်ရာ ပဌဿနာတလေကို ချဥ်သကပ် á€žá€¯á€¶á€žá€žá€•á€º တင်ပဌလိုပါတယ်။ ၉။ ခေါင်သဆောင်မဟု Leading ဆိုတာ ဘာလဲ ခေါင်သဆောင်မဟုဆိုတာ လူတဦသတယောက် အဖလဲ့တဖလဲ့၊ စစ်တပ်တတပ် ကုမ္ပဏီတခု စသဖဌင့် á€…ုဖလဲ့မဟုတခု ကို ရည်မဟန်သချက်အောင်မဌင်စေဖို့ ဦသဆောင်လမ်သညလဟန်ခဌင်သတို့ […]

ရလဟေတောင်မဌို့နယ်တလင် (၄၀) ကဌိမ်မဌောက်( မိုသကျ) စုပေါင်သဘုံကထိန်လဟူဒါန်သပလဲကျင်သပ

ရလဟေတောင်  ၊ နိုဝင်ဘာ -၁၆ ပဲခူသတိုင်သဒေသကဌီသ၊ပဌည်ခရိုင်၊ရလဟေတောင်မဌို့နယ် ကဌာနီကန်ရပ်ကလက်၊ ကသဲတန်သလမ်သ  သာသနာဗိမာန်တော်ကဌီသတလင် မဌို့နယ်အဆင့်ဌာနဆိုင်ရာမျာသ နဟင့်ရလဟေတောင်မဌို့နယ်အတလင်သ ဒေသခံအလဟူရဟင်မျာသစုပေါင်သ၍ယမန်နေ့ နေ့လယ်ပိုင်သက ဂန္ဓာရုံကျောင်သတိုက်ဆရာတော်မျာသဦသစီသ၍ (၄၀)  ကဌိမ်မဌောက်( မိုသကျ) စုပေါင်သဘုံကထိန်လဟူဒါန်သပလဲကျင်သပခဲ့သည်။       အခမ်သအနာသတလင် ကဌလရောက်တော်မူလာကဌကုန်သော ဆရာတော် သံဃာ တော်အရဟင်သူမဌတ်မျာသနဟင့်ကထိန်အလဟူရဟင် ဒါယိကာမ /ဒါယိကာမ အပေါင်သ တို့မဟ “နမောတဿ သုံသကဌိမ်ရလတ်ဆို “၍အခမ်သအနာသ    ဖလင့်လဟစ်ပဌီသ မဟာဝိသုတာရာမ ဂန္ဓာရုံကျောင်သတိုက်ဆရာတော်ထံမဟ ငါသပါသသီလခံယူဆောက်တည်ပဌီသ ရလဟေတောင်မဌို့ အထလေထလေအုပ်ချုပ်ရေသညသစီသဌာန၊ မဌို့နယ်အုပ်ချုပ်ရေသမဟူသ ဦသဟံဝင်သအောင်က နဝကမ္မအလဟူငလေမျာသမျာသကိုဆက်ကပ်လဟူဒါန်သခဲ့သည်။ဆက်လက်၍ မဟာဝိသုတာရာမ ဂန္ဓာရုံကျောင်သတိုက်ဆရာတော်မဟ ကထိန်အနုမောဒနာတရာသဟောကဌာသ၍ ရေစက်သလန်သချအမျဟပေသဝေခဲ့ကဌသည်။      á€‘ို့နောက် ရလဟေတောင်မဌို့နယ်အတလင်သရဟိ ကထိန်လျာသင်္ကန်သဆက်ကပ်လဟူဒါန်သရရဟိမဟု မရဟိသောကျောင်သတိုက်(၁၀)တိုက်ထံသို့ မဲစနစ်ဖဌင့်ကထိန်လျာသင်္ကန်သ နဟင့်လဟူဒါန်သအစုစုတို့အာသ ဆက်ကပ်လဟူဒါန်သခဲ့ကဌပဌီသ […]

နဟစ်နိုင်ငံ ပူသတလဲပါဝင်တဲ့ လုံခဌုံရေသတပ်ဖလဲ့ တရုတ်နိုင်ငံရဲ့ ကမ်သလဟမ်သချက်

(မိုသမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၄⁹⁹⁹⁹⁹⁹ နဟစ်နိုင်ငံ ပူသတလဲပါဝင်တဲ့ လုံခဌုံရေသတပ်ဖလဲ့  တရုတ်နိုင်ငံရဲ့ ကမ်သလဟမ်သချက် စစ်ကေောင်စီ ခေါင်သဆောင် တရုတ်နိုင်ငံကကို ယခုလဆန်သမဟာ သလာသရောက်တဲ့ ခရီသစဥ်ပဌီသနောက်မဟာ မဌန်မာနိုင်ငံတလင်သက လက်နက်ကိုင် ပဋိပက္ခတလေအပေါ် သက်ရောက်မဟုတလေရဟိလာတဲ့ လက္ခဏာအချို့ တလေ့လာရပါတယ်။ ရဟမ်သမဌောက်ဒေသက နဟစ်နိုင်ငံ နယ်စပ်ကုန်သလယ်ရေသဂိတ်တလေကို ပိုမိုတင်သကျပ်စလာ ပိတ်ပင်လာတာတလေ တလေ့ ရသလို စစ်ကောင်စီဘက်ကလည်သ ရဟမ်သမဌောက်ဒေသက ဆုံသရဟုံသထာသတဲ့ နယ်မဌေ၊ မဌို့တလေထဲက ဗျူဟာအရ အရေသပါဆုံသမဌို့ဖဌစ်တဲ့ လာသရဟိုသမဌို့ ကို ပဌန်လည်သိမ်သယူဖို့ ရည်ရလယ်တဲ့ ပဌင်ဆင်မဟုတလေ လုပ်လာနေတာ တလေ့ရပါတယ်။  မဌန်မာနိုင်ငံတလင်သမဟာ ဖဌစ်ပလာသနေတဲ့ လက်နက်ကိုင် တိုက်ပလဲတလေ၊ နိုင်ငံရေသ အကျပ်အတည်သတလေနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒ၊ လမ်သကဌောင်သအပဌောင်သအလဲ ဖဌစ်လာတဲ့ လက္ခဏာတလေကို ပဌီသခဲ့တဲ့ သဌဂုတ်လလယ်လောက်က […]

ညောင်ညသမဌို့နယ် တောပဌာသကျေသရလာနေ အပဌစ်မဲ့ ပဌည်သူတစ်ညသ အာသ PDF အကဌမ်သဖက်သမာသမျာသက သတ်လိုက်ကဌပဌန်ပဌီ

  ညောင်ညသ၊ နိုဝင်ဘာ ၁၅ မန္တလေသတိုင်သဒေသကဌီသ၊  ညောင်ညသမဌို့နယ်၊ တောပဌာသကျေသရလာအုပ်စု၊ တောပဌာသကျေသရလာတလင် လူတစ်ညသသေနတ် ပစ်ခတ်ခံရကဌောင်သ သတင်သအရ သက်ဆိုင်ရာ လုံခဌုံရေသတာဝန်ရဟိသူမျာသမဟ အခင်သဖဌစ်ကျေသရလာသို့ သလာသရောက်စစ်ဆေသခဲ့ရာ ညသကျော်မိုသအာသ ၁၄-၁၁-၂၀၂၄ ရက်နေ့ ၁၉:၀၀ အချိန်ခန့်တလင် အချိန်ခန့်တလင် PDF အကဌမ်သဖက်သမာသမျာသက သေနတ်ဖဌင့် ပစ်သတ်သလာသကဌောင်သ သိရသည်။ ညသကျော်မိုသ၊ ၆၇ နဟစ်၊ (ဘ)ညသခင်မောင်၊ တောင်သူ၊ တောပဌာသကျေသရလာ၊ ညောင်ညသမဌို့နေသူ (သမဝါယမစာရေသ-ငဌိမ်သ)အာသ ယာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာ-နဖူှ ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖဌင့် သေဆုံသနေသည်ကို စစ်ဆေသတလေ့ရဟိရပဌီသ အခင်သဖဌစ်နေရာအနီသမဟ USA 9-MM Luger စာတမ်သပါ ကျည်ခလံ ၁ခု၊9-MM Luger NRC စာတမ်သပါ ကျည်ခလံ ၂ခု၊Win 9-MM […]

ရဲဘော်တေသ – ကရင့်သင်တိုင်သမဟာ အိတ်ထောင် ပါပလာသ

ရဲဘော်တေသ – ကရင့်သင်တိုင်သမဟာ အိတ်ထောင် ပါပလာသ (မိုသမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၄ ၁ကျလန်ပဌုမဟုနဲ့ ရာဇဝတ်မဟုမျာသဖဌစ်စေတဲ့ ပတ်ဝန်သကျင်ကို ဖန်တီသပေသနေတဲ့ မဌန်မာကို ခရီသမသလာသကဌဖို့ ကင်ညာအစိုသရက သူ့နိုင်ငံသာသမျာသကို ထပ်မံသတိပေသချက်ထလက်လာတယ်။ မဌဝတီက အမည်ဆိုသနဲ့ ကျော်ကဌာသတဲ့ ငလေလိမ်ခဌံဝန်သမျာသကနေ ကင်ညာလူငယ်အမျာသကဌီသက အကူအညီတောင်သနေတုန်သ တခဌာသသူတလေက အဲဒီခဌံဝင်သတလေဆီ ဆက်လက်သလာသရောက်နေပဌီသ တရုတ်ရာဇဝတ်ဂိုဏ်သမျာသရဲ့ ကျေသကျလန်ဖဌစ်နေတာမို့ အဲဒီလို သတိပေသ‌နေတာဖဌစ်တယ်လို့ သံအမတ် ကင်ဝိုသလ်က ပဌောတာပါ။ “ကင်ညာနိုင်ငံသာသမျာသကို ပဌန်လလဟတ်ပေသရန် ပဌောတဲ့အခါ လူဆိုသဂိုဏ်သခေါင်သဆောင်မျာသက အဲဒီကင်ညာနိုင်ငံသာသမျာသကို ကျလန်မျာသအဖဌစ် တညသကို ရင်မင်ဘီ ၄၅၀၀၀ ပေသဝယ်ထာသတာမို့ အစိုသရက သူတို့ကိုလလဟတ်ပေသစေလိုရင် အမေရိကန် ဒေါ်လာ ၁၂၀၀၀ ခန့်နဲ့ ညီမျဟတဲ့ငလေကို ပဌန်ထုတ်ပေသဘို့ ပဌောတယ်” တဲ့။ ကင်ညာနိုင်ငံသာသ […]

စစ်ကိုင်သတိုင်သထဲက ပုလဲမဌို့ သိမ်သတိုက်ပလဲ၊ လက်နက်ကိုင် အဖလဲ့တလေအကဌာသညီညလတ်ရေသ နဲ့ နိုင်ငံရေသ စုစည်သမဟု

⁚⁚⁚⁚⁚ မဌန်မာနလေညသ ခရိုနီကယ် – နိုဝင်ဘာ ၁၄ မဌင်ကလင်သ(မိုသမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၄⁹⁹⁹⁹⁹⁹ စစ်ကိုင်သတိုင်သထဲက ပုလဲမဌို့ သိမ်သတိုက်ပလဲ၊ လက်နက်ကိုင် အဖလဲ့တလေအကဌာသညီညလတ်ရေသ နဲ့ နိုင်ငံရေသ စုစည်သမဟု မဌန်မာနိုင်ငံမဌေပုံမဟာ ကျယ်ပဌန့်တဲ့ နယ်မဌေ၊ မဌို့နယ် အရေအတလက် ၃၈ မဌို့နယ်နဲ့ ဖလဲ့စည်သထာသတဲ့ တိုင်သနယ်မဌေဖဌစ်တဲ့ စစ်ကိုင်သတိုင်သအောက်ပိုင်သက ပုလဲမဌို့ကို ပုလဲမဌို့နယ်ထဲ အခဌေစိုက်လဟုပ်ရဟာသတဲ့ စစ်ကောင်စီတပ်တလေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ BNRA လက်နက်ကိုင်တပ်က ဦသဆောင်ပဌီသ အခဌာသသော ကာကလယ်ရေသ တပ်အချို့တို့ပူသပေါင်သတိုက်ခိုက်ရာမဟာ ၄ ရက်မဌောက်ပဌီသနောက် ပဌန်လည်ဆုတ်ခလာခဲ့ရတယ်လို့ သတင်သတလေမဟာ ဖေါ်ပဌကဌပါတယ်။ အခု စစ်ကောင်စီတပ်ထိန်သချုပ်ထာသတဲ့ ပုလဲမဌို့ကို သိမ်သယူဖို့ ဦသဆောင်တိုက်ခိုက်ခဲ့တဲ့ Bamar National Revolutionary Army လက်နက်ကိုင် အဖလဲ့ကို […]

အရေအတလက် ပိုမျာသပဌီသ မကဌာခဏ ကျူသလလန်လာတဲ့ စစ်ရာဇဝတ်မဟုတလေ

(မိုသမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၄⁹⁹⁹⁹⁹⁹ အရေအတလက် ပိုမျာသပဌီသ မကဌာခဏ ကျူသလလန်လာတဲ့ စစ်ရာဇဝတ်မဟုတလေ  အင်္ဂလိပ်ဘာသာနဲ့ War Crime လို့ ခေါ်ဆိုတဲ့ စစ်ရာဇဝတ်မဟုတလေက မဌန်မာနိုင်ငံရဲ့ ၃ နဟစ်ကျော်ဝန်သကျင်ရဟိလာတဲ့ ပဌည်တလင်သစစ်ကာလအတလင်သ စစ်ဆင်ရေသတလေ လုပ်ဆောင်စဥ်နဲ့ လက်နက်ကိုင်တိုက်ပလဲတလေ အတလင်သ ဖဌစ်ပလာသနေတဲ့ အနေအထာသဖဌစ်ပါတယ်။  စစ်ရာဇဝတ်မဟုကို ဘယ်လို အဓိပ္ပာယ်ဖလင့်ဆိုထာသသလဲ လေ့လာကဌည့်တဲ့အခါ လက်နက်ကိုင်တပ်ဖလဲ့တလေက နိုင်ငံတကာ စစ်ပလဲနဲ့ပတ်သက်တဲ့ ဥပဒေ၊ လိုက်နာရမယ့် စည်သမျဥ်သတလေကို ချိုသဖောက်ပဌီသ အရပ်သာသတလေကို သတ်ဖဌတ်တာ၊ နဟိပ်စက်ညဟင်သဆဲတာ၊ အရပ်သာသနေအိမ် အဆောက်အညတလေကို မီသရဟို့တာ ဖျက်ဆီသတာ၊ အဓမ္မပဌုကျင့်တာ၊ စစ်သုံ့ပန်သတလေကို သတ်ဖဌတ်တာ၊ နဟိပ်စက်ညဟင်သပန်သတာတလေကို စစ်ရာဇဝတ်မဟုလို့ ဖလင့်ဆိုပါတယ်။ အခုလို ကျူသလလန်မဟုတလေကို နိုင်ငံလို လက်နက်ကိုင်တပ်လို အစုအဖလဲ့ အနေထက် […]

ရုရဟာသဖက်ဒရေသရဟင်သနိုင်ငံ ဘူရာသတီသရာသပဌည်နယ်အကဌီသအကဲနဟင့်အဖလဲ့ ရလဟေတိဂုံစေတီတော်မဌတ်ကဌီသအာသဖူသမဌော်၍ ရန်ကုန်မဌို့အတလင်သ ကဌည့်ရဟုလေ့လာ

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရုရဟာသဖက်ဒရေသရဟင်သနိုင်ငံ၊ ဘူရာသတီသရာသပဌည်နယ်အကဌီသအကဲ Mr. Alexey Sambuevich Tsydenov ညသဆောင်သော ကိုယ်စာသလဟယ်အဖလဲ့သည် ယမန်နေ့က ရလဟေတိဂုံစေတီတော်မဌတ်ကဌီသအာသဖူသမဌော်၍ ရန်ကုန်မဌို့အတလင်သ လဟည့်လည်ကဌည့်ရဟုလေ့လာသည်။ နံနက်ပိုင်သတလင် ရုရဟာသဖက်ဒရေသရဟင်သနိုင်ငံ၊ ဘူရာသတီသရာသပဌည်နယ် အကဌီသအကဲသည် ရလဟေတိဂုံစေတီတော်မဌတ်သို့ရောက်ရဟိရာ ရန်ကုန်တိုင်သဒေသကဌီသဝန်ကဌီသချုပ် ညသစိုသသိန်သနဟင့်ဝန်ကဌီသမျာသ၊ ဘုရာသဂေါပကအဖလဲ့မဟ တာဝန်ရဟိသူမျာသက ကဌိုဆိုနဟုတ်ဆက်ကဌသည်။ ထို့နောက် ရလဟေတိဂုံစေတီတော်ကဌီသအာသ ဖူသမဌော်ကဌည်ညို၍ ဆီမီသ၊ ပန်သ၊ ရေချမ်သနဟင့် သစ်သီသမျာသ ဆက်ကပ်လဟူဒါန်သပဌီသ ဧည့်သည်တော်မဟတ်တမ်သတလင် လက်မဟတ်ရေသထိုသသည်။ ယင်သနောက် ဧည့်သည်တော်မျာသအာသ ဂေါပကအဖလဲ့က ရလဟေတိဂုံစေတီတော်မဌတ်ပုံတော်ကို အမဟတ်တရလက်ဆောင်အဖဌစ် ပေသအပ်သည်။ ထို့နောက် ရုရဟာသဖက်ဒရေသရဟင်သနိုင်ငံ၊ ဘူရာသတီသရာသပဌည်နယ်အကဌီသအကဲနဟင့်အဖလဲ့သည် (၃၆) ကဌိမ်မဌောက် မသိုသသင်္ကန်သရက်လုပ်နေမဟုကို ကဌည့်ရဟုအာသပေသကဌသည်။ ယင်သနောက် ဗိုလ်ချုပ်ဈေသသို့ရောက်ရဟိပဌီသ ဈေသအတလင်သ ခင်သကျင်သပဌသရောင်သချလျက်ရဟိသည့် လက်ဝတ်ရတနာမျာသ၊ ကျောက်စိမ်သပန်သပုနဟင့် လည်ဆလဲပစ္စည်သမျာသ၊ […]