ရွှေတောင် ၊ နိုဝင်ဘာ -၁၆
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း သာသနာဗိမာန်တော်ကြီးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့်ရွှေတောင်မြို့နယ်အတွင်း ဒေသခံအလှူရှင်များစုပေါင်း၍ယမန်နေ့ နေ့လယ်ပိုင်းက ဂန္ဓာရုံကျောင်းတိုက်ဆရာတော်များဦးစီး၍ (၄၀) ကြိမ်မြောက်( မိုးကျ) စုပေါင်းဘုံကထိန်လှူဒါန်းပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် ကြွရောက်တော်မူလာကြကုန်သော ဆရာတော် သံဃာ တော်အရှင်သူမြတ်များနှင့်ကထိန်အလှူရှင် ဒါယိကာမ /ဒါယိကာမ အပေါင်း တို့မှ “နမောတဿ သုံးကြိမ်ရွတ်ဆို “၍အခမ်းအနား ဖွင့်လှစ်ပြီး မဟာဝိသုတာရာမ ဂန္ဓာရုံကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ရွှေတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်က နဝကမ္မအလှူငွေများများကိုဆက်ကပ်လှူဒါန်းခဲ့သည်။ဆက်လက်၍ မဟာဝိသုတာရာမ ဂန္ဓာရုံကျောင်းတိုက်ဆရာတော်မှ ကထိန်အနုမောဒနာတရားဟောကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် ရွှေတောင်မြို့နယ်အတွင်းရှိ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းရရှိမှု မရှိသောကျောင်းတိုက်(၁၀)တိုက်ထံသို့ မဲစနစ်ဖြင့်ကထိန်လျာသင်္ကန်း နှင့်လှူဒါန်းအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်တော်မူလာကြကုန်သော ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့်ကထိန်အလှူရှင် ဒါယိကာမ /ဒါယိကာမ အပေါင်း တို့မှ ” ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ပြီ” အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်.။
https://t.me/MyanmarNationalPost