သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသာ်လည်း ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ကာ စစ်ရှောင်ရန် အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက်နောက် စစ်ကောင်စီမှ လားရှိုးမြို့ကို ပြန်ရရန်အတွက် နေ့စဉ်ဆက်တိုက် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေသည်။ စစ်ကောင်စီသည့် အဓိက ပြည်သူများအိပ်မောကျချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားသေဆုံးမှု နေ့စဉ်နဲ့အမျှ ရှိသကဲ့သို့ ဒဏ်ရာရရှိသူများလည်း ရှိသည်။ “ စစ်ကောင်စီက သန်းခေါင်ချိန်မှ လာလာပစ်တယ်။ လူတွေအိပ်မောကျတဲ့အချိန်ပေ့ါ။ ကျနော်တို့လည်း ဘယ်ပြေးလို့ ပြေးရမှန်းမသိတော့ဘူး။ ပြေးချင်ပေမယ့် ကားခကလည်း စျေးကြီးတယ်။ နောက် နေရာသစ်ရောက်ရင် ဘာလုပ်ရမှန်းမသိဘူး” ဟု လားရှိုးမြို့တွင် ကျန်ရှိနေသည့် ဒေသခံ အမျိုးသားတစ်ဉီး က […]
ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ထန်တလန်ကြားဒေသကို စစ်တပ်က တန်ပြန် ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးအင်အားစုများနှင့် ယနေ့ (အောက်တိုဘာ ၁၇) နံနက်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေသည်ဟု သိရသည်။ အောက်တိုဘာ ၁၂ ရက်နေ့တွင် ဟားခါးမြို့မှ ထွက်လာသော စစ်ကြောင်းနှစ်ခုတွင် အင်အားဆယ်ချီပါဝင်သည်ဟု ချင်းတော်လှန်ရေးအင်အားစုက ပြောသည်။ တိုက်ပွဲကာလအတွင်း ဟားခါးအခြေစိုက် စစ်စခန်းက လက်နက်ကြီးနှင့် ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် စခန်းတစ်ခုကို စွန့်လွှတ်လိုက်ရသည်ဟု Chinland Defense Force – CDF (ထန်တလန်) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တိုက်ပွဲများအတွင်း CDF Zotung (ဇိုတုန်) ဒုတပ်ရင်းမှူး ဆလိုင်းထွန်းမာန်နှင့် တပ်စုမှူး ဆလိုင်းအားလျန်တို့ သေဆုံးခဲ့သည်ဟုလည်း သိရသည်။ စစ်ကောင်စီတပ်က ထိုဒေသအတွင်း […]
အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းအချိန်က ထန်တလန်-ဟားခါးလမ်းကြောင်းပေါ်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသောစစ်ကြောင်းနှင့် အကြမ်းဖက် PDF ၂၀ ဦးတို့သည် ထန်တလန်မြို့၏ အရှေ့တောင်ဘက် မီတာ ၅၀၀၀ […] Source link
အောက်တိုဘာ ၁၆ ရက် (မနေ့) မနက် ၈ နာရီချိန်ခန့်တွင် အမ်းမှ ပဒါန်းသို့ မောင်းနှင်လာသည့် ပြည်သူများ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်ယာဉ်အား ရခိုင်အကြမ်းဖက် AA […] Source link
RNA_အောက်တိုဘာ(၁၇)၊၂၀၂၄ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်ကုန်း) ကို ယနေ့ (အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ရာ လက်နက်ခဲယမ်းများပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ Photo : Cobra Column Fundraising Team မြဝတီမြို့ တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး တခုတည်းကျန်ရှိနေသော စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ ဗျူဟာကုန်းကို ရရှိထားပြီဖြစ်သည့်အတွက် လေးကေ့ကော်ကို ပြန်ရရှိခြင်း ဖြစ်သည်ဟု ပြောကြားနေကြသည်။ #RedNewsAgency #RNA Source link
မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ် ဂျာလီခရိုင်မြို့ဧရိယာထဲ စိုက်ပျိုးရေးခြံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာလူငယ်တစ်ဦး အောက်တိုဘာလ ၁၆ ရက်ညက ကျားဆွဲခံရ၍ သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ ချင်းပြည်နယ် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာက အသက် ၂၈ နှစ်အရွယ် ဆလိုင်းဟုန်းရှိန်ဖေ ဖြစ်သည်။ ဆလိုင်းဟုန်းရှိန်ဖေ မိတ်ဆွေတစ်ဦးက ” မနေ့ညက ၈ နာရီကျော်လောက်မှာ တဲနဲ့ သိပ်မဝေးတဲ့ စမ်းချောင်းစပ်မှာ ထမင်းချက်ဖို့ ကြက်သား သွားခုတ်နေစဉ် ကျားဆွဲခံလိုက်ရတာပါ။ ဆလိုင်းဟုန်းရှိန်ဖေနဲ့ အတူနေတဲ့ နောက်တစ်ယောက်ရှိသေးတယ်။ သူက တဲထဲမှာ ကျန်ခဲ့တယ်။ ဆလိုင်းဟုန်းရှိန်ဖေက ကြက်သားသွားခုတ်နေတာ။ အသံမကြားလို့၊ ကြာလို့ဆိုပြီး တဲထဲမှာကျန်ခဲ့တဲ့ တစ်ယောက်က စမ်းချောင်းနား သွားရှာကြည့်မှ ကျားဆွဲခံရတယ်ဆိုတာ သိတာ” ဟု ပြောသည်။ ဘေးပတ်ဝန်းကျင်ရှိ အခြားစိုက်ပျိုးရေးခြံမှ အလုပ်သမားများဖြင့် […]
Dawei Watch စာပေမှ ထုတ်ဝေသော စာအုပ်များ The Coup စစ်အာဏာသိမ်းမှု ကပ်ရောဂါဆိုင်ရာ ကျန်းမာရေး ကိုဗစ်အထူး ကဏ္ဍ ကုန်ဈေးနှုန်း ကော့သောင်း ခရီးသွားဆောင်းပါး ခရီးသွားလုပ်ငန်း စီးပွားရေး စီးပွားရေးသတင်း ဆောင်းပါး ဆောင်းပါး(အမျိုးသမီး/လူငယ်) တစ်ပတ်အတွင်း တနင်္သာရီသတင်း တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ တနင်္သာရီ နေ့စဉ်သတင်း တနင်္သာရီပုံရိပ် တွေ့ဆုံခန်း ထုတ်ဝေရေး ဓလေ့ သမိုင်းပေါ့ကပ် ဓလေ့/သမိုင်း ဓာတ်ပုံ သတင်း ဓာတ်ပုံ အက်ဆေး ဓာတ်ပုံများ နိုင်ငံတကာသတင်း နိုင်ငံရေး ပြည်တွင်းသတင်း ပုံနှိပ်ထုတ်ဝေမှု ဖတ်ညွှန်း ဖျော်ဖြေရေး မြန်မာ့ရေးရာ ရွှေ့ပြောင်းလုပ်သား ရွေးကောက်ပွဲ ရုပ်ပုံလွှာ ရုပ်ရှင်အညွှန်း ရုပ်သံ(အမျိုးသမီး/လူငယ်) ရုပ်သံသတင်း လမ်းညွှန် သတင်းဆောင်းပါး သတင်းဆောင်းပါး သတင်းဆောင်းပါး သဘာဝဝန်းကျင်/ဥတုဘေး […]
ပုံ-လက်နက်ကြီးပေါက်ကွဲလို့ သေဆုံးသွားသူ ပြည်သူတစ်ဦး ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ နေအိမ်တစ်အိမ်မှာ ၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် နမ့်အွမ်ကျေးရွာအနီး မပေါက်ကွဲသေးတဲ့ ၆၀ မမလက်နက်ကြီး ယူဆောင်လာတဲ့အမျိုးသားနဲ့ လက်နက်အရောင်းအဝယ်လုပ်တဲ့အမျိုးသားနှစ်ဦး နေအိမ်အတူရှိနေချိန် လက်နက်ကြီးပေါက်ကွဲတာဖြစ်တယ်လို့ နမ့်အွမ်ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “အခုဆုံးသွားတဲ့ ဦးကွမ့်ဂျာရှောင်က လက်နက်ပစ္စည်း အရောင်းအဝယ်လုပ်တာဟုတ်တယ် ဆိုတော့ သူ့အိမ်ကို ခိုမုန်းရွာကတအာင်းအမျိုးသားတစ်ဦးက ၆၀ မမ လက်နက်ယူလာတယ်။ ဘယ်ကနေ ယူလာတယ်တော့ မသိဘူး။ အဲဒီလက်နက်ကို ကိုင်ရင်းပြုတ်ကျတာလား ဘယ်လိုကြောင့်ပေါက်ကွဲလဲဆိုတာတော့ ကျနော်တို့ မတွေ့လိုက်နိုင်လို့မသိရဘူး။ အဲဒါ ပေါက်ကွဲလို့ ၂ ယောက်လုံး အသက်ဆုံးသွားတာဖြစ်တယ်”လို့ ပြောပါတယ်။ လက်နက်ကြီးပေါက်ကွဲလို့ သေဆုံးသွားသူ ၂ ဦးစလုံးဟာ သာမန်အရပ်သားတွေလို့သိရပြီး နေအိမ်မှာရှိနေတဲ့ နောက်ထပ် ကလေးငယ်တစ်ဦးလည်း နဖူးမှာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆက်လက်သိရပါတယ်။ “ရွာမှာ တော်လှန်ရေးလက်နက်ကိုင်တွေထိန်းချူပ်ပြီးနောက် ဒီလိုဖြစ်တာကတော့ ဒီတစ်ကြိမ်ပထမဆုံးပေါ့။ အရင်က […]
စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုထံ လက်လွှတ်ခဲ့ရပြီးနောက် ဒေသတွင်းမှအရပ်သားများကို အခြေခံစစ်သင်တန်းပေးပြီး စစ်တပ်အတွက် လုံခြုံရေးနှင့်သတင်းစုဆောင်းပေးသည့်တပ်ဖွဲ့ အမြန်ဖွဲ့ရန် ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက အမိန့်ပေးလိုက်သည်။ ပင်လည်ဘူးကျသွားအပြီး သီတင်းတစ်ပတ်အကြာ အောက်တိုဘာ ၁၄ ရက်နေ့က ထိုစစ်ဆင်ရေးကို ကိုင်တွယ်သည့် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)သို့ ဒုစစ်ခေါင်းဆောင် အရေးပေါ်သွားရောက်ခဲ့ပြီး ယင်းအမိန့်ပေးခဲ့ခြင်းဖြစ်သည်။ “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့” ဟုခေါင်းစဉ်တပ်ထားသည့် ထိုအဖွဲ့သည် အရပ်သားများကို အခြေခံစစ်သင်တန်းပေးပြီး တော်လှန်ရေးတပ်များ၏ လှုပ်ရှားမှုများကို စစ်တပ်ထံ သတင်းပို့ခြင်း၊ စစ်သားများအစား ကင်းစောင့်ခြင်း စသည့်လုပ်ငန်းများတွင် စေခိုင်းမည်ဟု စစ်တပ်က ကြေညာထားသည်။ အဆိုပါအရပ်သားများကို လက်နက်နှင့် လစာငွေ ပေး၊ မပေးကိုမူ စစ်ကောင်စီက တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ပြည်သူ ပူးပေါင်းပါဝင်မှ လုံခြုံရေး ခိုင်မာအားကောင်းမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့လုံခြုံနှင့် […]
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားအများစု အပါအဝင် အကျဉ်းသား ၃၀၀ ကျော် အောက်တိုဘာ ၁၀ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်ထောင်သို့ ရောက်ရှိလာပြီး စားသောက်ရေး ခက်ခဲနေကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။ အောက်တိုဘာ ၈ ရက်နေ့ညက စစ်တွေထောင်မှ အကျဉ်းသား ၄၀၀ နီးပါးကို ပုသိမ်၊ ရန်ကုန်၊ သာယာဝတီရှိ ထောင်များသို့ စစ်ရေယာဉ်များဖြင့် ပြောင်းရွှေ့ခဲ့သည်ဟု စစ်တွေ ဒေသခံများ နှင့် အကျဉ်းသားမိသားစုဝင်များက ဆိုကြသည်။ ထိုအထဲတွင် မေလက အစုလိုက်အပြုံလိုက်ဖမ်းဆီးခံခဲ့ကြရသည့် စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာမှ ရွာသား ၂၀၀ ကျော် ပါဝင်သည်ဟု သိရသည်။ PPNM ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပုသိမ်ထောင်သို့ ၃၅၁ ဦး ရောက်ရှိသည်ဟု ဆိုသည်။ […]