ylliX - Online Advertising Network

တန့်ယန်းမြို့တွင်း ဝတပ်ဖွဲ့၏ အုပ်ချုပ် လှုပ်ရှားမှုကြောင့် ဒေသခံများ ထိတ်လန့် – Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)အဖွဲ့၏ စစ်သားစုဆောင်းမှုနှင့် အုပ်ချုပ်ရေးဖော်ဆောင်မှုကြောင့် စိုးရိမ် ထိတ်လန့်‌နေ ကြသည်ဟု ဒေသခံများက ပြောကြသည်။ စစ်ကောင်စီတပ် ရှိနေသည့် တန့်ယန်းမြို့ကို ဒေသငြိမ်းချမ်းရေးအတွက်ဟုဆိုကာ ဇူလိုင် လဆန်းတွင် UWSA တပ်ဖွဲ့က အင်အားအလုံးအရင်းနှင့် ဝင်ရောက် တပ်စွဲကာ   ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ခဲ့သည်၊ အရွယ်ရောက်ပြီးသူ အမျိုးသားများကို စစ်မှုထမ်းရန် စတင် စာရင်းကောက် ခံနေသည်ဟု ဒေသခံများက ပြောသည်။ စက်တင်ဘာလကုန်မှစတင်ကာ   UWSA မှ ဗိုလ်အဆင့်အရာရှိ တစ်ဦး သို့မဟုတ် စစ်ကြောင်းမှူးတစ်ဦး ပါဝင်သည့် အဖွဲ့က ရွာများတွင် စစ်မှုထမ်းရမည့်သူကို တစ်အိမ်တက်ဆင်း မဲနှိုက်သည့် စနစ်ဖြင့်  ကောက်ယူခဲ့သည်ဟု တန့်ယန်းမြို့ခံ အသက် ၂၀ ကျော်အရွယ် […]

၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၃၀/၁၀/၂၀၂၄ – MRTV) -နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး (၃၀/၁၀/၂၀၂၄ – MRTV) -နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (၃၀/၁၀/၂၀၂၄ – MRTV) -ပုသိမ်မြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဆင်းပွဲ ကျင်းပ (၃၀/၁၀/၂၀၂၄ – MRTV) -ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် […]

ရုပ်ရှင်ကားဝေဖန်သူကို နိုင်ငံမတည်ငြိမ်အောင်လုပ်သည်ဆိုကာ စစ်ကောင်စီဖမ်းထား – Myanmar Now

ဟိန္ဒူကျေးရွာတစ်ရွာကို ဇာတ်အိမ်တည်ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကား အမည်နှင့်ပိုစတာသည် အိန္ဒိယနွယ်ဖွားများကို ချိုးနှိမ်ရာရောက်ကြောင်း ဝေဖန်သည့် ရန်ကုန်မြို့ခံ အမျိုးသားကို စစ်ကောင်စီက နိုင်ငံမတည်ငြိမ်အောင်လှုံ့ဆော်မှုစွဲချက်ဖြင့် ဖမ်းဆီးထားသည်။ ရန်ကုန်၊ လှိုင်မြို့နယ်နေ အသက် ၃၀ ကျော်အရွယ် ဟိန္ဒူအမျိုးသား ဦးရှိုင်းထက်အောင် ခေါ် ဗွီးထက်ကူးမားသည် “ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး” ဟု အမည်ပေးထားသည့် ရုပ်ရှင်ကားကို Facebook တွင် ဝေဖန် ရေးသားခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းထားသည့် ၄ နှစ်အတွင်း ဝေဖန်သူအများအပြားကို ဖမ်းဆီးထားသော်လည်း ဦးရှိုင်းထက်အောင်သည် ရုပ်ရှင်ဇာတ်ကားကို ဝေဖန်မှုဖြင့် ဖမ်းဆီးခံရသည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အောက်တိုဘာ ၂၇ တွင် စာအုပ်ဖတ် အသံသွင်းရန် မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းတွင် သွားရာမှ မိသားစုနှင့်အဆက်အသွယ်ပြတ်သွားသည်။ စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် သူ့ကို လှိုင်မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်ထားကြောင်း ဖော်ပြထားသည်။ ဦးရှိုင်းထက်အောင်ကို […]

ဖာပွန်မြို့နယ်ရှိ စစ်စခန်းတစ်ခုကို KNU နှင့် ပူးပေါင်းတပ်များသိမ်းယူ – Myanmar Now

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ယနေ့ (အောက်တိုဘာ ၃၁ ရက်) နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းတပ်များက သိမ်းယူလိုက်ကြောင်း သိရသည်။ မြို့အရှေ့မြောက်ဘက် ခေါပုတ်ရွာရှိ အဆိုပါစခန်းကို KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၄ လခန့် ဝန်းရံပိတ်ဆို့ထားခဲ့ပြီး အောက်တိုဘာ ၂၄ ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသည်၊ ဖာပွန်မြို့နယ်အခြေစိုက် စစ်ဗျူဟာအခြေချ (စဗခ) စခန်းနှင့် လက်ကျန်တပ်ရင်းများကို ကာကွယ်ပေးခဲ့သော စစ်စခန်းတစ်ခုဖြစ်သည်ဟုလည်း တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။ “အရင်နယ်စပ်သံလွင်မြစ်ကမ်း နဖူးမှာရှိတဲ့ စစ်ကောင်စီ စစ်စခန်းအားလုံးအတွက် အထောက်အကူပြုတဲ့ စခန်းတစ်ခုလည်းဖြစ်တယ်။ ခေါပုတ်စခန်းဟာ စစ်ကောင်စီရဲ့ […]

ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ်ဝယ်ယူရာတွင် နာမည်ရင်းဖြင့် ဝယ်ယူမှုအပေါ် အိမ်နီးချင်းတို့ အမျက်ထွက်လျက်ရှိ – iMyanmarHouse.com

[Unicode] ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ စံအိမ်ကြီးကို ဒေါ်လာသန်း ၈၀ နီးပါးပေးကာ ဝယ်ယူလိုက်ခြင်းမှာ စံချိန်တင်ဈေးနှုန်း ဖြစ်နေသည်။ ဒေးဗစ်ဘက်ခမ်းဝယ်ယူလိုက်သော စံအိမ်ကြီး၏ အတွင်းပိုင်းမြင်ကွင်းများကို ဗြိတိန်အခြေစိုက် DailyMail သတင်းဌာနမှ Exclusive ရရှိကာ ဖော်ပြလာသည်။ ဒေါ်လာသန်း ၈၀ နီးပါးပေးရသော စံအိမ်ကြီးတွင် အားကစားလေ့ကျင့်ခန်းမ၊ အိမ်တွင်းရုပ်ရှင်ရုံနှင့် infinity pool တို့ ပါဝင်သည်။ ထွက်ပေါ်လာသော ဓာတ်ပုံသစ်များအရ open plan ဧည့်ခန်း၊ rooftop နားနေ နေရာ၊ အနှိပ်ခန်းပါသော spa ၊ ရေစပ်ရှိ deck နေရာ ၊ အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၁၃ ခန်း ပါဝင်သည်။   (ဒေးဗစ်ဘက်ခမ်းတို့စုံတွဲသည် ယခုစံအိမ်ကို ဒေါ်လာ […]

ပေါက်မြို့နယ်  စစ်ရှောင်အရေးကူညီနေသူ ဘုန်းကြီးကို စစ်တပ် ဖမ်းခေါ်သွား – Myanmar Now

အောက်တိုဘာ ၂၈ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က စီးနင်းပြီး ဘုန်းကြီးတစ်ပါးနှင့် အရပ်သားများကို ဖမ်းသွားသည်ဟု ဒေသခံတို့က ပြောပြီး စီးနင်းသူများကို  ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးရှိခဲ့သည်ဟု  ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က  ထုတ်ပြန်သည်။  နံနက် ၅ နာရီခန့်က မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာ မင်းတပ်-ပခုက္ကူလမ်းဘေးရှိ ဒီးဒုတ်ကွင်းရွာ အနီး စစ်ရှောင်စခန်းကို  အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (ပျူစောထီး) တို့က ပစ်ခတ်စီးနင်းခဲ့သည်။ အသက် ၅၀ ကျော်အရွယ် ရွာသား ၂ ဦးကို ပစ်သတ်သွားသည်၊  ဆရာတော်တစ်ပါးအဝင် လူ ၁၈ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု စစ်ရှောင်အရေးကူညီနေသူနှင့် တော်လှန်ရေးအဖွဲ့များထံက သိရသည်။  မှန်တောင်ကွင်း […]

Snapdragon 8 Elite နဲ့ 200MP Tele ကင်မရာ ပါတဲ့ Honor Magic 7 နဲ့ 7 Pro ကို ကြေညာ – MyTech Myanmar

Skip to content Honor က တရုတ်မှာ Magic 7 နဲ့ Magic 7 Pro ကို ကြေညာလိုက်ပြီး AI Features တွေ ပါလာပါတယ်။ Honor Magic 7 မှာ 6.78” Ultra-narrow Flat OLED Display နဲ့ Magic 7 Pro မှာ 6.8” Quad-curved OLED Display တပ်ဆင်ထားပါတယ်။ မော်ဒယ် ၂ လုံးစလုံးမှာ 1-120Hz LTPO Adaptive Refresh Rate , 5000 Nits HDR Brightness ထောက်ပံ့ထားပြီး အတောက်ပဆုံး စမတ်ဖုန်း Display တွေထဲက […]

တရုတ်စီမံကိန်းများ ဖြတ်သန်းရာ အမ်းမြို့တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေ – Myanmar Now

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)က အရှိန်အဟုန် မြှင့် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း လေကြောင်းဖြင့် အပြင်းအထန်ခုခံနေရာ အမ်းမြို့ကျလျှင် စစ်ကောင်စီ စစ်ရေး၊ နိုင်ငံရေး ဘက်စုံဆုံးရှုံးမည်ဟု လေ့လာသူတို့က ပြောသည်။   AA သည် အမ်းမြို့တွင် စစ်စခန်း ငါးခုထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး အမ်းမြို့ဟောင်းကို ထိန်းချုပ် ထားသည်ဟု သတင်းများထွက်နေသော်လည်း မြို့ဟောင်းအနီး လေယာဉ်ကွင်းဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။   လက်ရှိတွင် အမှတ် ၃၇၄ အမြောက်တပ်၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)နှင့် လေယာဉ် ကွင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦး က ပြောသည်။  “တိုက်ပွဲက အားလုံးဘက်မှာဖြစ်နေတယ်။ ဟိုဘက်က ဖြစ်လိုက်၊ ဒီဘက်ကဖြစ်လိုက်  ဘယ်နေရာက ငြိမ်နေတယ်မရှိဘူး” ဟု […]

SD 8s Gen 3 နဲ့ 3.2K Display ပါတဲ့ Xiaomi Pad 7 နဲ့ 7 Pro ကို ကြေညာ – MyTech Myanmar

Skip to content Xiaomi က တရုတ်မှာ Pad 7 Series ကို ကြေညာလိုက်ပြီး Pad 7 နဲ့ Pad 7 Pro တို့ ပါဝင်ပါတယ်။ ပရီမီယမ် တက်ဘလက်တွေ ဖြစ်ပြီး အမိုက်စား Specs နဲ့ Feature တွေ ထည့်သွင်းထားပါတယ်။ Xiaomi Pad 7 Series မှာ 11.2” 345ppi LCD Display တပ်ဆင်ထားပြီး 3.2K Resolution (3200x2136p)ဖြစ်ပါတယ်။ 144Hz Refresh Rate ပါတဲ့အတွက် ဂိမ်းကစားရင် အလွန် ချောမွတ်ပြီး 800 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Xiaomi Pad […]

Devil’s Men (2024) – Channel Myanmar

  စစ်ပွဲဟာအရာရာကိုပြောင်းလဲစေတတ်ပါတယ်။ အဲဒီအထဲမှာမှ စစ်ကိုတိုက်နေရတဲ့လူတွေကိုပြောင်းလဲမှုအဖြစ်စေနိုင်ဆုံးပါ။ ဆမ်ဘားဆိုတဲ့လူငယ်လေးဟာ ငယ်စဥ်ကတည်းကပထမ ကမ္ဘာစစ်ပြန်ဖြစ်သူအဖေရဲ့လေ့ကျင့်ပေးမှုကြောင့် သေနတ်ပစ် တော်တဲ့လူငယ်လေးတစ်ဦးဖြစ်ပါတယ်။ ဒုတိယ​ကမ္ဘာ​စစ်ကြီးဖြစ်တဲ့အခါမှာတော့ ဆမ်ဟာ စစ်ထဲကို ဝင်ရပြီးတော့ အထူးတပ်ဖွဲဝင်တစ်ဦးဖြစ်လာပါတယ်။ စိတ်သဘောထားနူးညံ့တဲ့ဆမ်ဟာ ငယ်စဥ်ကတည်းကလူတွေကို ထိခိုက်အောင်လုပ်ရတာကိုသဘောကျတဲ့သူမဟုတ်ခဲ့ပါဘူး။ လူငယ်သဘာဝအေးအေး​ဆေးဆေးနေပြီး မိန်းမလှလေး တစ်ယောက်နဲ့အချစ်ဇာတ်လမ်းလေးဖန်တီးကာဘဝကိုဖြတ်သန်း ချင်သူပါ။ ဒါပေမယ့်စစ်ဆိုတဲ့အရာကြီးကလူငယ်တွေကိုဒီလို ဖြစ်ခွင့်မပေးပါဘူး။ လူငယ်တွေရဲ့စိတ်ကိုပြောင်းလဲစေသလို အသက်တွေကိုလည်းယူဆောင်သွားတဲ့အရာမျိုးပါ။ ဆမ်တစ်ယောက်လေ့ကျင့်​ရေးကာလပြီးဆုံးလို လက်တွေ့ စစ်မြေပြင်မှာတိုက်ပွဲဝင်ရတဲ့အခါကြုံတွေ့ရတာတွေကြောင့် အပြောင်းလဲကြီးပြောင်းလဲသွားရပါတော့တယ်။ ဒီကားလေးကိုကြည့်ပြီးရင်တစ်ခုခု​တော့ကျန်ခဲ့မှာပါ။     File size…1.03GB / 625MBQuality…WEB-DL 1080p HEVC / 720pFormat…mkv / mp4Duration….1h 11mGenre ….. Sci-FiSubtitle….Myanmar Subtitle (Hard Sub)Encoder….Min WaiTranslated by Thura Mg Mg ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက […]