ylliX - Online Advertising Network

စွန့်လွှတ်လိုက်ရသည့် မတ္တရာကို စစ်တပ် ထိုးစစ်ဆင်၊ ဒေသခံ ၃၀ နီးပါး သေဆုံး – Myanmar Now

မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် မတ္တရာမြို့နယ်အတွင်း  စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနေသဖြင့်  တစ်လအတွင်း အရပ်သား ၃၀ နီးပါး သေဆုံးခဲ့သည်ဟု သိရသည်။ မန္တလေးနှင့်မိုင်၂၀အကွာရှိ ထိုမြို့နယ်အတွင်း  ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) တပ်ဖွဲ့ဝင်တို့ ရှိမည့် နေရာများကို ပစ်ခတ်ရာမှ  အရပ်သားသေဆုံးမှု များပြားလာခြင်းဖြစ်သည်ဟု ဒေသခံများနှင့် စစ်ရှောင်ကူညီရေး အဖွဲ့များက ပြောသည်။ စစ်ကောင်စီတပ် ဗုံးကြဲ၊ ဝင်ရောက်စစ်ကြောင်းထိုးနေသည့်  ရွာများမှာ ဧရာဝတီမြစ်ကမ်းဘေးမှ ဝန်စု၊ ဝေါစု၊ တုံကုန်း၊ မရမ်းကုန်း၊ ရွာသစ်စသည့်ရွာများ ဖြစ်သည်ဟု   ဒေသခံများက ဆိုသည်။ အောက်တိုဘာ၂၆ ရက်နေ့ ညပိုင်းက   မြို့အရှေ့ပိုင်းရှိ အောင်ချမ်းသာ ခေါ်  ရွာသာယာကျေးရွာကို  ဗုံးကြဲရာ ဒေသခံ ၇ဦး သေဆုံးသွားသည်ဟု  အသက်၆၀အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]

ဟားခါးတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရ – Ayeyarwaddy Times

ဟားခါးတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရ – Ayeyarwaddy Times Source link

တရုတ်၏ DF-26 ဒုံးကျည် ပစ်လွှတ်စွမ်းရည် ‘ရုတ်ချည်းချဲ့ထွင်ခြင်း’ က ဂူအမ်အတွက် ‘အကြီးမားဆုံး ခြိမ်းခြောက်မှု’ ဖြစ် – BUR.MIZZIMA.COM

The Eur Asian Times အရေးပါသော ပေကျင်းအခြေစိုက် ထုတ်လုပ်ရေးနေရာတခု၌ ဒုံးလွှတ်စင်သစ် ၆၀ နီးပါးကို ဂြိုလ်တုဓာတ်ပုံသစ်များက ဖမ်းယူရရှိခြင်းနှင့်အတူ တရုတ်၏ DF-26 တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBMs) များ သိုလှောင်မှုက သိသိသာသာ ကြီးထွားလျက် ရှိသည်။ Umbra ဂြိုဟ်တုဖြင့် ၂၀၂၄ စက်တင်ဘာ ၉ ရက်က ရိုက်ယူထားသော synthetic aperture radar (SAR) ရေဒါဓာတ်ပုံတွင် ပေကျင်း ကျင်းဟန် လျှပ်စစ်ဓာတုစက်ရုံ၏ နေရာသစ်၌ ထားရှိထားသော DF-26 ဒုံးကျည်ပစ်စင် TELs ၅၉ ကို တွေ့ရှိရကြောင်း Janes ကာကွယ်ရေးကုမ္ပဏီမှ သုတေသီများအရ သိရသည်။ ၂၀၂၃ မှ ၂၀၂၄ အထိ ပုဂ္ဂလိကဂြိုဟ်တုဓာတ်ပုံများကို အခြေပြုသော […]

၁၀၂၇ နှစ်ပတ်လည်နေ့တွင် လေတပ်က MNDAA, TNLA နယ်မြေတို့ကို ပစ်မှတ်ထား – Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို ညီနောင်သုံးဖွဲ့ ဦးဆောင်သိမ်းပိုက်နိုင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်သည့် ယမန်နေ့ (အောက်တိုဘာ ၂၇ ) တွင် စစ်ကောင်စီလေတပ်က ကိုးကန့်နှင့် တအာင်းတပ် အခြေစိုက်ရာ နယ်မြေများကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံတစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာ ရခဲ့သည်။ ပစ်မှတ်ထားခံရသည့် မြို့များမှာ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် လောက်ကိုင်နှင့် သိန္နီမြို့၊  တအာင်းတပ် (TNLA) ထိန်းချုပ်သည့် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့နှင့် နောင်ချိုမြို့တို့ဖြစ်သည်။ အောက်တိုဘာ ၂၇ သို့ ကူးပြောင်းသည့် ညသန်းခေါင် ၁၂ နာရီ ၂၀ မိနစ်ခန့် တွင် လေယာဉ်တစ်စီးက  လောက်ကိုင်မြို့ကို သုံးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့ပေါ်ရှိ Henry Hotel […]

PDF တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်ဖို့လိုပြီ

နိုင်ငံရေးဗန်းပြလုပ်စားတွေကြောင့် အမြင်မှန်ရတဲ့ PDF တွေလည်း အကြမ်းဖက်အဖွဲ့ကနေ နုတ်ထွက်ကုန်ကြပြီ။ ဥပမာ… ပန်ဆယ်လို၊ ဇော်ဝေစိုး တို့လိုမျိုး နိုင်ငံရေးလုပ်စားတွေကိုသိလာကြတော့ ထောက်ပံ့မှုကျလာတယ်။ ထောက်ပံ့မှုကျလာတော့ အရင်ကတည်းက အလှူငွေခိုးပြီး […] Source link

ကော့ကရိတ်ရှိ  KNU အချုပ်စခန်းမှ အကျဥ်းသားသုံးဦး လွတ်မြောက်သွား  – Myanmar Now

KNU အချုပ်ခန်းတွင် မူးယစ်မှု စွဲချက်ဖြင့် ထိန်းသိမ်းခံထားရသူတချို့ လက်နက်နှင့်အတူ ထွက်ပြေးသွားသည်ဟု သိရသည်။ ယခင်ကလည်း စစ်သုံ့ပန်းတချို့ ထွက်ပြေးခဲ့ဖူးသည်။ Source link

အောက်တိုဘာ ၂၅ ရက်နေ့မှုခင်းသတင်းများ

-အောက်တိုဘာ ၂၄ ရက် ၀၉၀၀ နာရီတွင် မြင်းခြံမြို့နယ်၊ ကူရွာကျေးရွာနေ ဒေါ်ပြုံးကြည်(၅၆)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ကျား ၆ ဦးမှ […] Source link

NUG ၏ PDF များက BNRA တပ်ဖွဲ့ဝင် ၂၂ ဦးနှင့် ပြည်သူများစွာကို ဖမ်းဆီးသွားမှုသည် အဓမ္မ ကြီးနိုင်ငယ်ညှင်းမှုဖြစ်၍ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး ဝန်းရံပေးရန် ပြည်သူများကို BNRA ပန်ကြား

NUG ၏ PDF များက BNRA တပ်ဖွဲ့ဝင် ၂၂ ဦးနှင့် ပြည်သူများစွာကို ဖမ်းဆီးသွားမှုသည် အဓမ္မ ကြီးနိုင်ငယ်ညှင်းမှုဖြစ်၍ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး ဝန်းရံပေးရန် ပြည်သူများကို BNRA ပန်ကြား – Myanmar Transparency News Source link

ရှမ်းမြောက်၌ တိုက်ခိုက်ရေးခွင်နည်းသွားသဖြင့် BPLA တပ်များ အညာသို့ ရွှေ့မည်  – Myanmar Now

ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် နိုင်ငံအလယ်ပိုင်းဒေသသို့ အခြေချ၍ စစ်ရေးလှုပ်ရှားနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။  အင်အားထောင်ဂဏန်းရှိသော BPLA သည် တပ်များကို အပြောင်းအရွှေ့ပြုလုပ်မည့်အပြင် တပ်သားသစ် ၆၀၀  ခေါ်ယူရန် စီစဉ်ထားရာ  ၄၀၀ ခန့်ကို ရရှိပြီဖြစ်သည်ဟု ဆိုသည်။  မြန်မာပြည်အလယ်ပိုင်းသို့ စစ်ရေးလှုပ်ရှားတော့မည့်အကြောင်း BPLAခေါင်းဆောင်ဖြစ်သူ မောင်ဆောင်းခက  Facebook တွင် ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်မှု တစ်နှစ်ပြည့်သည့် ယမန်နေ့က အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။  ယမန်နှစ်ကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၌ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်တပ်ထိန်းချုပ်နယ်မြေများကို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ် (MNDAA) တအာင်းတပ်(TNLA)နှင့် အာရက္ခတပ်တော်(AA)တို့၏ ဦးဆောင်မှုအောက် ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်များထဲတွင် BPLAလည်း ပါဝင်သည်။  စစ်တပ် အာဏာသိမ်းပြီးနောက် […]

ထီးလင်းတွင် အဖမ်းခံရသည့်တော်လှန်ရေးအဖွဲ့ဝင်၄ ဦး မီးရှို့သတ်ဖြတ်ခံရ – Myanmar Now

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း စစ်တပ်က အလစ်အငိုက် စီးနင်းမှုတွင်  တော်လှန်ရေးအဖွဲ့ဝင် ၅ ဦး သတ်ဖြတ်ခံရပြီး ၄ ဦး၏ ရုပ်အလောင်းများမှာ မီးရှို့ခံထားရသည်။ ထီးလင်းမြို့မှ ထွက်လာသည့် စစ်တပ်နှင့် ပျူစောထီးအင်အား ၈၀ ပါ စစ်ကြောင်းသည် မြို့တောင်ဘက် ၄ မိုင်ခန့်အကွာ ကျားခဲရွာကို  နံနက် ၄ နာရီခွဲတွင် ဝင်ရောက်စီးနင်းစဉ် ရွာအနောက်ပိုင်း၌ လုံခြုံရေး ကင်းစောင့်နေသည့် တော်လှန်ရေးအဖွဲ့ဝင် ၄ ဦး  အငိုက်မိပြီး ဖမ်းဆီးခံရသည်။  ၎င်းတို့မှာ အသက် ၃၀ နှင့် ၄၀ ကြားအရွယ်များဖြစ်သော ကိုသန်းစိန်မင်း၊ ကိုမျိုးကျော်၊ ကိုမင်းသူနှင့် ကိုဝင်းဆန်းဦး တို့ဖြစ်ကြပြီး ၃၀ အရွယ် ကိုနေဆန်းဝင်းဆိုသူမှာလည်း  […]