ylliX - Online Advertising Network

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်က ဘာအကျိုးအမြတ် ရမလဲ၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်း အဖြေရှာဖို့ အိန္ဒိယရဲ့ ချဥ်းကပ်မှု

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်က ဘာအကျိုးအမြတ် ရမလဲ၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်း အဖြေရှာဖို့ အိန္ဒိယရဲ့ ချဥ်းကပ်မှု ၅ ရက်တာ ကြာမြင့်မယ့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခရီးစဥ်အတွင်း မဟာမဲခေါင်ဒေသ အစည်းအဝေးတက်ရောက်ရုံတင် မကပဲ၊ အာဆီယံနဲ့ တရုတ်တို့လို ဒေသတွင်း နိုင်ငံတွေအကြား သီးခြား အစည်းအဝေးတွေလည်း လုပ်ဆောင်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ သံတမန်ရေးအရေ အကျိုးအမြတ်ရရှိစေတဲ့ အခွင့်အရေးတခုလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ခရီးစဥ်ရဲ့ အဓိက ရည်ရွယ်ချက်၊ ရည်မှန်းချက်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် တိုက်ပွဲတွေကို ရပ်ဆိုင်းစေဖို့ စစ်ကောင်စီကို စည်းရုံးတာ၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစေဖို့ တိုက်တွန်းဖိအားပေးတာ၊ တဖက်မှာလည်း တရုတ်နိုင်ငံရဲ့ […]

ဘာကြောင့် ဒီမိုကရက်တွေ ရှုံးသွားသလဲ ထရန့် နိုင်တဲ့ နောက် ဘာတွေဖြစ်မလဲ

(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ဘာကြောင့် ဒီမိုကရက်တွေ ရှုံးသွားသလဲ ထရန့် နိုင်တဲ့ နောက် ဘာတွေဖြစ်မလဲ  ရွေးကောက်ပွဲ ကျင်းပရာ အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၅ ရက်နေ့ ည သန်းခေါင်ဝန်းကျင်၊ အာရှမှာတော့ ၆ ရက်နေ့ နံနက်ပိုင်း ရောက်ချိန်မှာ မဲတွေအားလုံး မရေတွက်ရသေးတဲ့တိုင် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရတဲ့အကြောင်း အမေရိကန် အစိုးရက တည်ထောင်ထားတဲ့ VoA မီဒီယာမှာ ဖော်ပြလိုက်တဲ့အခါ ဒါတော့သေချာသွားပြီ ဆိုတာ နားလည်သဘောပေါက်လိုက်ပါတယ်။  အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံ မှာ မွေးဖွားသူတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို ကူညီဆောင်ရွက်နေကြတဲ့ အမေရိကန်ရောက် မြန်မာတွေ ၊ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ […]

2024 တွင် Trump သမ္မတအဖြစ် ဒုတိယသက်တမ်း အနိုင်ရ

2024 တွင် Trump သမ္မတအဖြစ် ဒုတိယသက်တမ်း အနိုင်ရ နိုင်ငံကကာသာဂိ (မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၄ ဒုတိယ Trump အစိုးရသည် စီးပွားရေးကို အခြေခံကျသော နည်းလမ်းများဖြင့် ပြန်လည်ပုံဖော်ရန် အလားအလာရှိသည်။ သမ္မတဟောင်း Trump သည် သမ္မတရွေးကောက်ပွဲတွင်အနိုင်ရပြီးနောက် စတော့နှင့် cryptocurrencies မြင့်တက်ခဲ့သည်။ Trump ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် Dow Jones ဟာ အမှတ် 1,300 ကျော် ခုန်တက်သွားပါတယ်။ ရွေးကောက်ခံသမ္မတ Donald Trump သည် သွင်းကုန်များအပေါ် အခွန်စည်းကြပ်ရန်၊ ရွှေ့ပြောင်းအခြေချသူများကို အမြောက်အများ ပြန်ပို့ရန် အမိန့်ပေးကာ ၎င်း၏ဒုတိယသက်တမ်းအတွင်း အခွန်နှင့် အစိုးရစည်းမျဉ်းများကို ဖြတ်တောက်ရန် ကတိပြုခဲ့သည်။ အဆိုပါမူဝါဒများကို မည်သည့်အချိန်တွင် သို့မဟုတ် မည်ကဲ့သို့ပြဋ္ဌာန်းမည်ကို […]

အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင်

(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨ အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင်  ၄ နှစ်တကြိမ် ကျင်းပတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ခုနှစ် ဒီမိုကရက်တစ် ပါတီက လက်ရှိဒုသမ္မတ ကမ်မလာဟဲရစ် နဲ့ ယခင်က သမ္မတ ၄ နှစ်တာဝန်ထမ်းဆောင်ဖူးသူ ရီပတ်ဗလစ်ကန် ပါတီက ဒေါ်နယ်ထရန့်တို့ ယှဥ်ပြိုင်နေကြပြီး ဒီရွေးကောက်ပွဲရလဒ်က မြန်မာနိုင်ငံရေးကို ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်နေတာပါ။  စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေး အရေး နဲ့ ဒီမိုကရေစီအရေး လုပ်ဆောင်နေကြတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့လည်း […]

ဒေါ်နယ်ထရန့်၏ ၃ ကြိမ်မြောက် စိန်ခေါ်ပွဲ ဘာရလဒ် ဖြစ်မလဲ

နိုင်ငံတကာသာဂိ (မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၄ ၂၀၂၄ နိုဝင်ဘာ ၅ ရက်ကို တကမ္ဘာလုံးက ရင်မပြီး စောင့်ကြည့်နေကြပါတယ်။ ဒီနေ့က အမေရိကန်ပစ္စဖိတ်ကမ်းခြေ စံတော်ချိန် နိုဝင်ဘာ ၄၊ ည ၁၀ နာရီ ဖြစ်ပါတယ်။  အခုကတည်းက မနက်ဖြန် ဘယ်သူနိုင်ရင် ဘာဖြစ်မလဲဆိုတာကို သတင်းဌာနတွေက အပြိုင်အဆိုင် ဆွေးနွေးသတင်းတင်ဆက်နေကြပါပြီ။ ၂၀၁၆ တုန်းက ထရန့်ကို နိုင်လိမ့်မယ် မထင်ခဲ့ကြဘူး။ သူ နိုင်သွားတော့ ဒီမိုကရက်နဲ့ အိုဘားမားတို့က ဣန္ဒြေရရ အာဏာလွှဲပေးခဲ့တယ်။ ၂၀၁၆ ကနေ ၂၀၂၀ အထိ အမေရိကန်ပြည်ကြီး ငါးပါးမှောက်တာအပြင် နိုင်ငံတကာပါ သံဃာစင်မှောက်ခဲ့ကြတာပဲ။ သိကြမှာပါ။ ၂၀၂၀ မှာ ထရန့် ရွေးကောက်ပွဲရှုံးတော့ အိမ်ဖြူတော်ကနေ အေးအေး မဆင်းသွားဘူး။ […]

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ် အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ

(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၄⁨⁨⁨⁨⁨⁨ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ် အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ စစ်အာဏာ သိမ်းပြီး ၃ နှစ်ကျော် ၄ နှစ်နီးပါး ရောက်လာချိန်မှာ စစ်အာဏာသိမ်း ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ရဲ့ ပထမဆုံး တရုတ်ပြည်ကို သွားမယ့် ခရီးစဥ်က ထူးခြားတဲ့ ခရီးစဥ်တခုဖြစ်နေတယ် ဆိုတာ အငြင်းပွားဖွယ်မရှိတဲ့ အချက်လို့ဆိုနိုင်ပါတယ်။  စစ်အာဏာသိမ်းပြီးကာစကတည်းက စစ်ကောင်စီ အနေနဲ့ တရုတ်ရဲ့ အပြည့်အဝ ထောက်ခံမှုကို လိုနေတာ ဖုံးကွယ်ထားတဲ့ ကိစ္စတခုတော့မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဆက်ဆံရေး၊ နယ်စပ်ကူးလူးဆက်ဆံမှု၊ စစ်လက်နက်ခဲယမ်း ဝယ်ယူမှု သို့မဟုတ် ထောက်ပံ့မှု စတဲ့အရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး စစ်တပ်အနေနဲ့ စိတ်မသက်မသာ […]

ဖီမော်ဒေသကို KIA ဝင်ရောက်သိမ်းယူ၊ မြေရှား ထုတ်လုပ်တဲ့ ဒေသတွေ သိမ်းယူခဲ့တဲ့ KIA

(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ဖီမော်ဒေသကို KIA ဝင်ရောက်သိမ်းယူ၊ မြေရှား ထုတ်လုပ်တဲ့ ဒေသတွေ သိမ်းယူခဲ့တဲ့ KIA ဖီမော်၊ ဂေါ်လံ၊ ကန်ဖန် ဆိုတဲ့ ကချင်ပြည်နယ်က ကျေးရွာ ၃ ရွာရဲ့အမည်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ ခေတ်သစ်သမိုင်းမှာ တွေ့မြင်ရလေ့ရှိတဲ့ အမည်နာမတွေ ဖြစ်ပါတယ်။ ဒီ အမည်နာမည်တွေက ဘာအဓိပ္ပါယ် ဆောင်သလဲ၊ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဘယ်လောက်အရေးကြီး သလဲ။ ချစ်ကြည်ရင်းနှီးမှုရဲ့ သာဓက ဖြစ်သလား၊ သံတမန်ရေးအရ အောင်မြင်မှုလား စသဖြင့် ရှုထောင့်မတူခဲ့ရင် အဓိပ္ပာယ်ဖွင့်ဆိုပုံလည်း မတူကြတဲ့ သမိုင်းဖြစ်ရပ်ဖြစ်ပါတယ်။  အခု ရက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ကချင်ပြည်နယ်ရဲ့ အရှေ့ဘက်ခြမ်း တရုတ်နိုင်ငံနယ်စပ်အနီးမှာ ရှိတဲ့ ဖီမော်ဒေသကို ဝင်ရောက် […]

Currents APK (Android App) – Free Download

Currents by G Suite allows you to connect with your colleagues while you’re in the office or on the go. • Exchange ideas and documents, and have meaningful discussions with your colleagues — all without flooding your inbox. • Enjoy the most important content first, with the ability to order your home stream by relevance […]

ပြည်တွင်းစစ်ကာလ ကြာရှည်လာတာနဲ့အမျှ လူငယ်တွေရဲ့ ပညာရေးအပေါ် သက်ရောက်မှု

(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ပြည်တွင်းစစ်ကာလ ကြာရှည်လာတာနဲ့အမျှ လူငယ်တွေရဲ့ ပညာရေးအပေါ် သက်ရောက်မှု လက်နက်ကိုင် ပဋိပက္ခလို့ ပညာရှင်ဆန်ဆန် ခေါ်ဝေါ်သုံးစွဲတဲ့ နှစ် ၇၀ ကျော် ကြာရှည်လာတဲ့ ပြည်တွင်းစစ်မီး မြန်မာနိုင်ငံမှာ တကျော့ပြန် အရှိန်မြင့်တောက်လောင်လာတာ ၃ နှစ်ကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလကုန် မေလဝန်းကျင်က စတင်ပြီး တိုက်ပွဲတွေ ဟိုနားသည်နားမှာ စတင်ဖြစ်ပွားလာရာက ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပိုမိုကျယ်ပြန့်လာပြီး ၂၀၂၃ အကုန် ၂၀၂၄ မှာတော့ နိုင်ငံရဲ့ ၇၀ ရာနှုန်းကျော်မှာ စစ်ပွဲတွေ ဖြစ်ပွားနေတာ၊ စစ်ပွဲကြောင့် ရှောင်တိမ်းကြရတာ၊ သို့မဟုတ် ပဋိပက္ခရဲ့ သက်ရောက်မှု အကျိုးဆက်တိုက်ရိုက် ခံစားရလာတဲ့ အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။  ဒီနေရာမှာ ကျောင်းသား […]

ကုန်ပစ္စည်းပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုက ဘယ်သူတွေကို အထိခိုက်ဆုံးဖြစ်မလဲ

(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ကုန်ပစ္စည်းပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုက ဘယ်သူတွေကို အထိခိုက်ဆုံးဖြစ်မလဲ  တရုတ်နိုင်ငံက သူ့နဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်ဒေသတလျှောက်၊ ရှမ်းအရှေ့နဲ့ ကချင်ပြည်နယ်တွေမှာ ရှိတဲ့ နယ်စပ်ဂိတ်အချို့မှာ ကုန်ပစ္စည်း အထွက်ရော အဝင်ပါ ပိတ်ပင်လိုက်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပြီး အချို့နယ်စပ်ဂိတ်တွေမှာတော့ ရိက္ခာခြောက်၊ လျှပ်စစ်ပစ္စည်း၊ လောင်စာဆီ၊ ဆေးဝါးတွေကို မြန်မာနိုင်ငံဘက် တင်သွင်းခွင့်မပြုပဲ ကန့်သတ်ပိတ်ဆို့တာတွေ တရုတ်နိုင်ငံ အစိုးရက လုပ်ဆောင်လာတာ သီတင်းပတ် နှစ်ပတ်ထဲဝင်ရောက်လာပြီဖြစ်တယ်လို့ ဆိုပါတယ်။  အခုလို တရုတ်နိုင်ငံက ကုန်ပစ္စည်းအမျိုးအမည်နဲ့ သတ်မှတ်ကန့်သတ်တာ၊ သို့မဟုတ် အချို့သော ဂိတ်တွေကို လုံးဝ တင်သွင်းတာ၊ တင်ပို့တာတွေ ပိတ်ပင်လိုက်တာဟာ မြန်မာနိုင်ငံတွင်းမှာ စစ်ကောင်စီ တပ်စခန်းတွေ မြို့တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် […]