စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီလက်နက်ကိုင်တို့ကို ယနေ့ (နိုဝင်ဘာ ၁၁) နံနက်မှ စတင်ပြီး ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေတပ်အားပြုပြီး ခုခံနေကြောင်း သိရသည်။ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နံနက် အရုဏ်တက်ချိန်တွင် ဝင်တိုက်ရာ နံနက် ၈ နာရီဝန်းကျင်တွင် လေတပ်က လာရောက်တိုက်ခိုက်သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ “(စစ်တပ်က) မြေပြင်စစ်ကူ အင်အားဖြည့်တင်းတာတော့ မရှိဘူး။ လေကြောင်းကနေ တိုက်ခိုက်တာပဲ ရှိတယ်” ဟု ပုလဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မြို့ပေါ်နှင့် မြို့အနီးဝန်းကျင် ကျေးရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများ သိရှိနိုင်ရန် ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။ တိုက်ပွဲဖြစ်ပွားရာ မြို့ပေါ်ရပ်ကွက်များတွင် ပိတ်မိနေသူတချို့ရှိနိုင်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုထံမှ သိရသည်။ […]
ဆိုးလ်မြို့ရှိ စစ်ကောင်စီ၏ သံရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မရသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သက်တမ်းတိုး ထောက်ခံချက်ပေးနေသဖြင့် တောင်ကိုးရီးယားအစိုးရက ဆက်လက် နေထိုင်ခွင့်ပြုနေကြောင်း သိရသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူ၊ ယာယီနေထိုင်ခွင့် G1-99 ဗီဇာဖြင့်နေထိုင်သူတို့၏ နိုင်ငံကူးလက်မှတ်များကို NUG တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးထောက်ခံချက် ထုတ်ပေးခြင်းဖြစ်သည်။ သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်ပေါ်တွင် NUG ကိုယ်စားလှယ်ရုံးက ၂ နှစ်သက်တမ်းတိုးပေးကြောင်း တံဆိပ်တုံးထုပေးသည်ဟု ကိုယ်စားလှယ်ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မူလစာအုပ်ကို သက်တမ်း ၂ နှစ် တိုးပေးပါတယ်။ ကိုရီးယား လဝက (လူဝင်မှုကြီးကြပ်ရေးဌာန) က လက်ခံပါတယ်။ အခြားနိုင်ငံကတော့ (လက်ခံလား) မပြောတတ်သေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။ ဇူလိုင်မှစကာ NUG အစိုးရ၏ ဆိုးလ်မြို့ […]
Samsung ရဲ့ နောက်ဆုံးထွက် Galaxy A16 5G စမတ်ဖုန်းကို မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ Sweet 16 အနေနဲ့ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Galaxy A16 စမတ်ဖုန်းဟာ နေ့စဉ်ဘဝကို ပိုမိုချိုမြိန်သွားစေမယ့် Sweet အဖြစ်ဆုံး ထုတ်ကုန်တစ်ခုအဖြစ် ထွက်ရှိလာတာဖြစ်ပြီး လူငယ်ဆန်တဲ့ အရောင် နဲ့ ဒီဇိုင်း၊ တောက်ပ စိုပြည်ပြီး အကောင်းဆုံး ကြည့်ရှုမှု အရည်အသွေးကို ရရှိစေမယ့် Super AMOLED Display၊ လိုင်းဆွဲအားအကောင်းဆုံး 5G Connection နဲ့ အမိုက်စား Awesome ဖြစ်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာဖြစ်ပါတယ်။ Samsung Myanmar က Galaxy A16 နဲ့အတူ လူငယ်များအကြား ရေပန်းစား လူကြိုက်များတဲ့ ပြည်တွင်းထုတ်ကုန် […]
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ လူငယ် ၂၀၀ ကျော် အဖမ်းခံလိုက်ရပြီး ထိုသူများမှာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခံရဖွယ်ရှိသည်ဟု ဒေသခံတို့က ယူဆနေကြသည်။ မန္တလေးတိုင်းအတွင်း စုစုပေါင်း ၁၄၇ ဦးထက်မနည်း အဖမ်းခံရပြီး မန္တလေးမြို့ပေါ်တွင် မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ်အသီးသီးမှ ၃၇ဦး၊ ကျောက်ဆည်မြို့နယ်မှ ၁၀ဦး၊ တံတားဦးမြို့နယ်မှ ၃၀ ကျော်တို့ ပါဝင်သည်ဟု ဒေသတွင်း စစ်သားသစ်စုဆောင်းမှု ဖြစ်ရပ်များကို စုံစမ်းဖော်ပြနေသည့် Voice Of Mandalay (Vomdy) မြေပြင်ကင်းထောက်အဖွဲ့က Myanmar Now ကို ပြောသည်။ ယခုလအတွင်း စတင်မည့် စစ်မှုထမ်းအမှတ်စဉ် ၇ အတွက် သင်တန်းသားကြိုတင် စုဆောင်းခြင်းဟု ယူဆနိုင်ကြောင်း Vomdy အဖွဲ့ဝင် အမျိုးသမီးက ပြောသည်။ “မနေ့က(နိုဝင်ဘာ၁၀ရက်) တစ်ရက်တည်းမှာတင် […]
ပြင်သစ် Short Film Spirale ကို Sebastien Cascio က ရိုက်ကူး ရေးသားပြီး ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဘက်ခေတ်မှာ နည်းပညာတွေ အတော်တွင်ကျယ်လာတာနဲ့အမျှ လူတွေက ပိုပြီး အထီးကျန်ဆန်လာကြပြီး အတုအယောင် ကမ္ဘာတွေထဲမှာပဲ ပျော်မွေ့နေကြပါတယ်။ မျက်နှာဖုံး ကိုယ်စီနဲ့ ကိုယ့်ပုံစံအစစ်အမှန်ကို ဖုံးကွယ်ပြီး ကိုယ့်ကျင့်တရားစစ်မှန်မှုထက် အပြင်ပုံပန်းသဏ္ဍာန်ကို ဦးစားပေးချင်ကြတဲ့ လူ့သဘာဝကို တွေ့ရမှာဖြစ်ပါတယ်။ File size…(115 Mb)/(60 Mb)Quality….Webrip 1080p / 720pFormat… mp4Duration…. 00:16:00Genre… Short, ThrillerSubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by Leonie ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ […]
https://www.youtube.com/watch?v=UAU-lbMwm5M သက်န်းကျွန်းခရိုင် ၊တောင်ဥက္ကလာပမြိုနယ်ရှိ ဥက္ကလာပ စေတီတော်၌ ယက္ခညီနောင်နန်းအပ်ပွဲကိုယမာန်နေ့က ပြုလုပ်ခဲ့တယ်လို့ စေတီတော်ရဲ့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။ #Local_NewsPublished 11 November 2024#ဥက္ကလာပစေတီတော် #ယက္ခညီနောင်နန်းအပ်ပွဲ#YMG/NN #Yangon_Times Source link
ရခိုင်ပြည်နယ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့သို့ လာသည့် စစ်ရဟတ်ယာဉ်တစ်စီး ယမန်နေ့ (နိုဝင်ဘာ ၁၀) နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ နပခဌာနချုပ်ထဲသို့ လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ခြင်း ဖြစ်နိုင်သည်၊ အပြန်တွင် ပစ်ခတ်ခံရပြီး မင်းဘူးခရိုင် ၊ စေတုတ္ထရာမြို့နယ် ၊ ကံပေါက်ရွာအနီး လယ်ကွင်းများအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု ဒေသတွင်း စစ်ရေးရင်းမြစ်များ၊ ဒေသခံများက ပြောသည်။ အာရက္ခတပ်တော် (AA)၏ ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု ဒေသတွင်း သတင်းများက ဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ စစ်ရေးသတင်းရင်းမြစ်များနှင့် နီးစပ်သူ ရခိုင်ဒေသခံတစ်ဦးက ယမန်နေ့က အမ်းဘက်မှ ပြန်လာ သည့် ရဟတ်ယာဉ် ၂ စီးအနက် တစ်စီး ပစ်ခတ်ခံရပြီး လယ်ကွက်များအတွင်း […]
မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်စခန်း ယနေ့ (နိုဝင်ဘာ ၁၁) တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရသည်ဟု သတင်းထွက်နေသည်။ နံနက် ၃ နာရီကျော်ခန့်တွင် ပေါက်ကွဲသံများကြားရကြောင်း၊ မြို့အရှေ့မြောက်ဖက် ၇ မိုင်ခန့်အကွာမှ ရှမ်းတဲလေတပ်နှင့် စစ်စခန်းများဘက်မှ ဖြစ်နိုင်ကြောင်း မိတ္တီလာဒေသခံများက ဆိုသည်။ “လေတပ်က တပ်မ ၉၉ နဲ့နီးတယ်၊ လေတပ်က မြို့ပြင်မှာ သီးခြားရှိတယ်၊ ဒါပေမယ့် အနီးအနားမှာ ရှမ်းတဲရွာနဲ့ ရွာသေးသေးတွေတော့ရှိတယ်၊ ခုထိတော့ ရွာတွေ ထိခိုက်တယ်တော့ မကြားရသေးဘူး” ဟု လေတပ်အနီး နေထိုင်သည့် အမျိုးသားတစ်ဦးက ယနေ့ မွန်းတည့်ချိန်က ပြောသည်။ အဆိုပါလေတပ်စခန်းအနီး စစ်ကောင်စီ၏ အမြောက်တပ်၊ ခြေမြန်တပ်မ ၉၉၊ စစ်လက်နက်ပစ္စည်းစက်ရုံ (ကပစ)နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်တို့ ရှိကြောင်း […]
ဖိလစ်ပိုင်နိုင်ငံရှိ ဟိုတယ်တစ်ခုမှာ ကမ္ဘာ့အကြီးမားဆုံး ကြက်ဖပုံ အဆောက်အအုံအဖြစ် ဂင်းနက်စ် စံချိန်တင်သွားသည်။ တည်ရှိသည့်နေရာမှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Negros Occidental ပြည်နယ်မှ Campuestohan Highland အပန်းဖြေစခန်းတွင် တည်ရှိသည်။ ကြက်ဖပုံ အဆောက်အအုံကြီးမှာ အမြင့် ၃၄ ဒသမ ၉၃၁ မီတာ (၁၁၅ ပေခန့်)၊ အကျယ် ၁၂ ဒသမ ၁၂၇ မီတာ (ပေ ၄၀ နီးပါး)၊ အလျား ၂၈ ဒသမ ၁၇၂ မီတာ (၉၂ ပေခန့်) ရှိကြောင်း ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ ကြက်ဖပုံ ဟိုတယ်အဆောက်အအုံကြီးတွင် အခန်း ၁၅ ခန်းပါဝင်ပြီး လေအေးပေးစက်များ၊ ကြီးမားသော အိပ်ရာကြီးများ၊ ရုပ်မြင်သံကြားစက်များနှင့် ရေပန်းများပါဝင်သည်။ အထပ်တိုင်းမှာ […]
Skip to content အကြမ်းခံမှုမှာနံပါတ် (၁) realme Note 60 စမတ်ဖုန်းသစ်ကတော့ စတင်ရောင်းချချိန်ကတည်းက ဝယ်ယူသူတွေအကြိုက်တွေ့နေကြတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး အမြင့်ဆုံးသိုလှောင်မှု ROM 256GB ကိုပါ ရွေးချယ်နိုင်တဲ့ ထုတ်ကုန်အဖြစ်ပါ ရေပန်းစားနေတာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကလည်း အမြင့်ဆုံး Version ဖြစ်တဲ့ RAM 12GB (4+8) + ROM 256GB က ၅၇၉,၉၀၀ ကျပ်နဲ့ RAM 12GB(4+8) + ROM 128GB က ၅၂၉၉၀၀ ကျပ်တို့ပဲဖြစ်ပါတယ်။ အရောင်ရွေးချယ်မှုအတွက် Voyage Blue ဆိုတဲ့ အပြာရောင်နဲ့ Marble Balck ဆိုတဲ့ အနက်ရောင် ၂မျိုးကိုရွေးချယ်နိုင်မှာြဖစ်ပါတယ်။ realme Note 60 ဝယ်ယူတဲ့ […]