အကြမ်းခံမှုမှာနံပါတ် (၁) realme Note 60 စမတ်ဖုန်းသစ်ကတော့ စတင်ရောင်းချချိန်ကတည်းက ဝယ်ယူသူတွေအကြိုက်တွေ့နေကြတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး အမြင့်ဆုံးသိုလှောင်မှု ROM 256GB ကိုပါ ရွေးချယ်နိုင်တဲ့ ထုတ်ကုန်အဖြစ်ပါ ရေပန်းစားနေတာဖြစ်ပါတယ်။
စျေးနှုန်းအနေနဲ့ကလည်း အမြင့်ဆုံး Version ဖြစ်တဲ့ RAM 12GB (4+8) + ROM 256GB က ၅၇၉,၉၀၀ ကျပ်နဲ့ RAM 12GB(4+8) + ROM 128GB က ၅၂၉၉၀၀ ကျပ်တို့ပဲဖြစ်ပါတယ်။
အရောင်ရွေးချယ်မှုအတွက် Voyage Blue ဆိုတဲ့ အပြာရောင်နဲ့ Marble Balck ဆိုတဲ့ အနက်ရောင် ၂မျိုးကိုရွေးချယ်နိုင်မှာြဖစ်ပါတယ်။ realme Note 60 ဝယ်ယူတဲ့ သုံးစွဲသူတွေအနေနဲ့ အာမခံအဖြစ် ၂၄လတာ ၂နှစ်တိတိကိုပါ ရရှိဦးမှာဖြစ်ပါတယ်။
ဒါ့အပြင် MPT Bonus Package ကို လစဥ် ဖုန်းဘေလ် ၅၀၀၀ ထည့်သွင်းပြီး SIM ကဒ်အသစ်အတွက် Data 3GB နဲ့ SIM ကဒ်အဟောင်းအတွက် Data 1.5GB တို့ကို On-net call ၁၀၀ မိနစ်နဲ့အတူ ၆လ တိတိ တွဲဖက်ခံစားခွင့်ကိုပါ ရယူနိုင်မှာြဖစ်ပါတယ်။
အခုဆိုရင် အကြမ်းခံမှုမှာနံပါတ် (၁) realme Note 60 က နိုဝင်ဘာလဆန်းပိုင်းကစလို့ ရန်ကုန်အပါအဝင် ပဲခူး၊ နေပြည်တော်၊ မန္တလေးမြို့ကြီးတွေက သုံးစွဲသူတွေနဲ့တိုက်ရိုက်ထိတွေ့နိုင်ဖို့ ခရီးသွားလှုပ်ရှားနေပြီပဲဖြစ်ပါတယ်။ ဘယ်နေ့တွေမှာ ဘယ်မြို့တွေဆီရောက်မလဲဆိုတာကိုလည်း realme Myanmar (Facebook Page > https://www.facebook.com/realmeMyanmar ) တို့ကနေ အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ ပေးပို့ပေးလျက်ရှိပါတယ်။
သက်ဆိုင်ရာမြို့က သုံးစွဲသူတွေအနေနဲ့ realme Note 60 ရဲ့ City Tour အစီအစဥ်မှာ ပျော်ပျော်ပါးပါး ဂိမ်းတွေကစားကာ ဆုလက်ဆောင်တွေကိုပါရယူနိုင်ဦးမှာဖြစ်လို့ အခါအခွင့်သင့်ရင် လာရောက်ပါဝင်ကြဖို့ပါ နွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်ရပါတယ်။
အကြမ်းခံမှုမှာနံပါတ် (၁) realme Note 60 အဖြစ်ရပ်တည်နေရတဲ့အဓိကအချက်ကတော့ အလုံးစုံကာကွယ်မှုပေးထားတဲ့ ArmorShell Protection စနစ်ကြောင့်ပဲဖြစ်ပြီး အလွယ်တကူ ဖုန်းလွတ်ကျကွဲတာမျိုးတွေ၊ ဖိအားဒဏ်ကြောင့်ဖုန်းကွေးသွားတာတွေ၊ မျက်နှာပြင်မှာ အလွယ်တကူ ခြစ်ယာစင်းယာထင်တာတွေ၊ လွတ်ကျမှုဒဏ်ကြောင့် အတွင်းအဓိကအစိတ်အပိုင်းတွေ “လျှော့ဖြစ်”ပျက်စီးတာတွေ၊ ရေဒဏ်ဖုန်ဒဏ်တွေအလွယ်တကူဝင်ရောက်ပျက်စီးတာမျိုးတွေကနေ အလုံးစုံကာကွယ်ပေးထားတာပဲဖြစ်ပါတယ်။
စိတ်ဝင်စားတဲ့ သုံးစွဲသူတွေအနေနဲ့လည်း အကြမ်းခံမှုမှာ နံပါတ် (၁) ဆိုတဲ့ realme Note 60 စမတ်ဖုန်းသစ်ကို သက်ဆိုင်ရာအရောင်းကောင်တာတွေမှာပဲဖြစ်ဖြစ် City Tour ကျင်းပပြုလုပ်နေတဲ့ ရောက်ရှိမြို့တွေမှာပဲဖြစ်ဖြစ် လာရောက်လေ့လာပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Media release: realme
Share This Story, Choose Your Platform!
Go to Top