ylliX - Online Advertising Network

Nicolas Cage ရဲ့ National Treasure 3

Nicolas Cage ပရိသတ်တွေ အသည်းစွဲဖြစ်တဲ့ National Treasure ရုပ်ရှင်နှစ်ကားဟာ တခေတ်တခါကအောင်မြင်ကျော်ကြားခဲ့ပါတယ်။ အခုလည်း National Treasure 3 အတွက် ပထမရုပ်ရှင်နှစ်ကားရဲ့ ဒါရိုက်တာ Jon Turteltaub က တတိယမြောက်ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းစတင်ရေးသားနေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါရိုက်တာ Jon Turteltaub ဟာ National Treasure 3 နဲ့ပက်သက်ပြီး Nicolas Cage ဟာ sequel မှာပြန်လည်ပါဝင်ချင်ကြောင်းပြောထားပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူအားစိုက်ထုတ်ပြီး တခြားဇာတ်ကောင်သရုပ်ဆောင်တွေအကုန်လုံးပြန်ပါလို့ ကြိုးစားနေပါတယ်။ ဒီကားမှာ Nicolas Cage က ဗီလိန်အဖြစ်ပြန်လာဖို့ ရှိတယ်လို့ပါပြောပါတယ်။ ဒီလို sequel ထွက်ဖို့ကြာမြင့်နေတာလည်း ပရိသတ်တွေကို မလောစေချင်ဖို့ဖြစ်ပြီး အကယ်လို့ တစ်ကားပြီးတစ်ကားထုတ်ပါက လူစိတ်ဝင်စားမှုလျော့နည်းသွားမှာစိုးလို့လို့ ပြောပါတယ်။ […]

Sequel အသစ်တွေထပ်ထုတ်ဖို့လုပ်နေတဲ့ Pixar

Pixar ဟာ တလောတုန်းက Disney+ အတွက် လုပ်ငန်းတာဝန်တွေအများကြီးမလုပ်တော့မှာမို့လို့ ဝန်ထမ်း ၁၇၅ ယောက်တောင် လျှော့ချလိုက်တဲ့သတင်းကို ဖတ်မိမယ်ထင်ပါတယ်။ ဒီလိုလျှော့ချပြီး အရင်က Pixar စံတစ်ခုနဲ့ အရည်အသွေးကို ဘယ်လိုပြန်လည်ထိန်းသိမ်းမလဲဆိုတာနဲ့ပက်သက်ပြီး သတင်းထပ်မံထွက်ရှိလာပါတယ်။ အဲ့ဒါကတော့ အရင်ကအောင်မြင်ပြီးသား Pixar ရုပ်ရှင်တွေကို sequel ထွက်ရှိဖို့ လုပ်မှာပဲဖြစ်ပါတယ်။ Pixar ဟာ ကြမ်းတမ်းတဲ့နှစ်အနည်းငယ်ဖြတ်သန်းပြီးချိန်မှာ သူတို့ကုမ္ပဏီကို အရင်လိုပြန်ဖြစ်ဖို့ ချဉ်းကပ်နည်းကို သိပ်မဟန်ဘူးမြင်ပေမယ့် ဘယ်လိုလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ဘာလို့ဆို အခုအချိန်မှာ တော်တော်များများက reboot, spin-off, sequel ဆိုတာတွေကို ကြားချင်၊ မြင်ချင်တာမဟုတ်လို့ပါ။ Finding Nemo နဲ့ The Incredibles ရုပ်ရှင်တွေကို လာမယ့်နှစ်အတွင်း sequel ထွက်ရှိဖို့ခေါင်းထဲမှာရှိတယ်လို့ Pixar ဥက္ကဌ Jim […]

ပန်းရောင်မြို့မှ အပြာရောင်အခန်းရှိရာ နန်းတော် City Palace, Jaipur

အိန္ဒိယနိုင်ငံ၊ Rajasthan နယ်ရှိ ပန်းရောင်မြို့လေးဟု တင်စားခေါ်ဝေါ်ကြသည့် ဂျိုင်ပေါမြို့လည်မှာ ခမ်းနားထည်ဝါလှသည့် ဂျိုင်းပေါမြို့နန်းတော်ကြီး(City Palace Jaipur) တည်ရှိပါသည်။ ၎င်းကို ၁၈ ရာစုတွင် မဟာရာဂျာ Sawai Jai Singh II မှ တည်ဆောက်ခဲ့ပြီး ထိုအချိန်မှစကာ ယနေ့ထက်ထိ တော်ဝင်မိသားစု အစဉ်အဆက် နေထိုင်နေဆဲဖြစ်သည်။ နန်းတော်ကြီးကို ၁၇၂၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နှစ်အတော်ကြာအောင် ဘုရင်အဆက်ဆက် ဆောက်လုပ်ခဲ့ကြရသည်။ နန်းတော်ကြီးသည် နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်း၏ မူလခမ်းနားမှုနှင့် အလှကို ထိန်းသိမ်းထားနိုင်သဖြင့် ဂျိုင်ပေါမြို့၏ အကျော်ကြားဆုံး ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်ပါသည်။ နန်းတော်ကြီးသည် ဧရိယာအားဖြင့် ၇ ဧကကျော် ကျယ်ဝန်းပါသည်။ နန်းတော်ဝန်းထဲတွင် မဏ္ဍပ်များ၊ ဥယျာဉ်များ၊ အဆောက်အအုံများ၊ ဘုရားကျောင်းများ ပါရှိကာ […]

Batgirl ရုပ်ရှင်မရိုက်ဖြစ်လိုက်တဲ့ဒါရိုက်တာနဲ့ Spider-Man 4 ကောလဟာလ

ဒီလပိုင်းတွေမှာ Tom Holland ရဲ့ Spider-Man 4 ရှိလာမယ်ဆိုတဲ့ သတင်းတွေကြားရမယ်ထင်ပါတယ်။ ပရိသတ်တစ်ယောက်အနေနဲ့ဆို ဒီ franchise ဟာ သူ့ရုပ်ရှင်တွေနဲ့ ပြီးပြည့်စုံနေပြီလို့ ခံစားရမှာဖြစ်ပေမယ့် နောက်ထပ်ထွက်ရှိမယ့်သတင်းတွေက များသထက်များလာတော့ တကယ်ပဲထွက်ရှိဖို့ဖြစ်လာမလားဆိုတာပါပဲ။ မရိုက်ဖြစ်၊ မထွက်ရှိဖြစ်လိုက်တဲ့ Batgirl ရုပ်ရှင်ဒါရိုက်တာတွေဖြစ်တဲ့ Bilall Fallah နဲ့ Adil El Arbi တို့ဟာ Spider-Man 4 အတွက် ရိုက်ကူးဖို့ရှိတယ်ဆိုတဲ့အသံထွက်လာပါတယ်။ အင်တာဗျူးနဲ့  Arabic MDC မှာ Spider-Man 4 နဲ့ ပက်သက်တဲ့ကောလဟာလတွေအကြောင်းမေးတဲ့အခါ ဒါရိုက်တာ Bilall Fallah က  “ကျွန်တော် အဲ့အကြောင်း ပြောလို့မရဘူး” လို့ပဲဖြေကြားခဲ့ပါတယ်။  Sony ရဲ့ အမှုဆောင်ဒါရိုက်တာတစ်ယောက်ကလည်း Tom Holland ရဲ့ […]

လူငယ်အကြိုက်သရုပ်ဆောင်တွေ ပါဝင်သွားမယ့် Knives Out

Knives Out 3 ထွက်ရှိလာဖို့ကို ကြေငြာပြီးချိန်မှာ ပရိသတ်တွေအသိချင်ဆုံးက ပါဝင်ကြမယ့်သရုပ်ဆောင်တွေပါပဲ။ ဒီရုပ်ရှင် franchise ပရိသတ်တွေဟာ fancast တွေပါလုပ်နေပြီဖြစ်ပြီး ရုပ်ရှင်နာမည်ကြေငြာပြီးမကြာသေးခင်မှာပဲ ပါဝင်မယ့်သရုပ်ဆောင်တွေကို ဖော်ပြလိုက်ပါတယ်။ Priscilla နဲ့ Civil War သရုပ်ဆောင် Cailee Spaeny ဟာ Wake Up Dead Man: A Knives Out Mystery ထဲမှာပါဝင်လာတော့မှာဖြစ်ပြီး မကြာသေးခင်ကထွက်ရှိထားတဲ့ Challengers ရုပ်ရှင်နဲ့ ပရိသတ်တွေအကြိုက်တွေ့နေတဲ့ Josh O’Connor လည်း ပါဝင်မယ့်သရုပ်ဆောင်စာရင်းထဲ ဝင်လာခဲ့ပါတယ်။ ဒါရိုက်တာ Rian Johnson ဟာ အရှေ့မှာလည်း Outer Banks နဲ့နာမည်ကြီးလာတဲ့ Madelyn Cline ကို Glass Onion: A […]

Harry Potter စီးရီးမှာ ဘယ်လိုပုံစံနဲ့မှပါလာဖို့မရှိတဲ့ Daniel Radcliffe

Harry Potter ရုပ်ရှင်တွေရဲ့ အဓိကဇာတ်ကောင် Harry Potter သရုပ်ဆောင်ဖြစ်တဲ့ Daniel Radcliffe ဟာ အခုဖန်တီးနေတဲ့ Harry Potter စီးရီးနဲ့ပက်သက်ပြီး အမေးခံရတာကို ဒီလိုဖြေလာခဲ့ပါတယ်။ Harry Potter စီးရီးကို လုပ်ကိုင်နေတာကြာပြီဖြစ်ပြီး ဇာတ်ကောင်တွေအတွက် သရုပ်ဆောင်တွေလည်း ရွေးချယ်ပြီးသွားပါပြီ။ ပုံမှန်ဆို franchise တစ်ခု reboot လုပ်ရင် spin-off ဆိုရင် အရင်ကဇာတ်ကောင်သရုပ်ဆောင်တွေပြန်ပါလာတတ်ပေမယ့် ဒါနဲ့ပက်သက်ပြီး Daniel Radcliffe ကတော့ ဘယ်နည်းနဲ့မှ ပြန်မပါလာဘူးလို့ ဖြေကြားခဲ့ပါတယ်။ “ကျွန်တော် တခြားသူတွေလို ကြည့်ဖို့စိတ်လှုပ်ရှားနေပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့မှ ပြန်ပါလာမှာမဟုတ်ပါဘူး။ စိတ်ကူးယဥ်တွေနဲ့ ပရိသတ်တွေကို မျှော်လင့်ချက်မပေးချင်လို့ ဒီလိုပြတ်ပြတ်ပြောတာပါ။ ကျွန်တော်တို့ပြန်ပါလာတော့လည်း အလုပ်ဖြစ်မှာမှ မဟုတ်တာ။” Harry Potter စီးရီးဟာ စာအုပ်တွဲထဲက […]

Joker: Folie à Deux ရဲ့ Harley Quinn ဆိုတာ

Lady Gaga ဟာ Joker: Folie Ă  Deux ရုပ်ရှင်ထဲက Harley Quinn ဇာတ်ကောင်ဟာ ရုပ်ပြ (comics) ထဲက Harley Quinn နဲ့ကွဲပြားတယ်ဆိုတဲ့အကြောင်း ဖြေဆိုထားပါတယ်။  “ကျွန်မရဲ့ Harley ဗားရှင်းက ကျွန်မရဲ့ဗားရှင်းပါပဲ။ ရုပ်ရှင်အတွက် ဒီဇာတ်ကောင်က အစစ်အမှန်ဖြစ်ပြီး ရုပ်ရှင်ထဲမှာ ကျွန်မမလုပ်ဖူးတာတွေပါပဲ။ ဒါကြောင့် အားလုံးက လုံးဝအသစ်စက်စက်ဖြစ်ပြီး တကယ်ကို ပျော်စရာကောင်းပါလိမ့်မယ်။” လို့ Access Hollywood နဲ့အင်တာဗျူးမှာဖြေဆိုထားပါတယ်။ ဒီလို Lady Gaga အနေနဲ့ Harley Quinn ဇာတ်ကောင်ကို Margot Robbie ဆီက လက်ဆင့်ကမ်းသွားတဲ့အပေါ် “ကျွန်မအရမ်းပျော်ပါတယ်။ ကျွန်မအစကတည်းကပြောဖူးသလိုပဲ Harley Quinn အတွက် ကျွန်မလိုချင်တာက Macbeth, Batman […]

Luxury Semi-permanent Building Glass Geodesic Dome Tent

The glass dome tent is a luxurious high-end hotel tent. It adopts double-layer hollow tempered glass and aluminum alloy frame, which can effectively resist wind and sound insulation. The tent glass adopts anti-peeping design, the inside cannot be seen from the outside, but the outside scenery can be freely enjoyed from the inside of the […]

“ကမ္ဘာတစ်လွှား ခရီးသွားအတွေ့အကြုံဆန်းများ” (My 101 Travel Bucket List Experiences)

နုမြတ်ရဲ့ အသစ်စက်စက်စာအုပ်လေးကတော့ “ကမ္ဘာတစ်လွှား ခရီးသွားအတွေ့အကြုံဆန်းများ” (My 101 Travel Bucket List Experiences) လို့အမည်ရပါတယ်။ ဒီတစ်ခါမှာတော့ အရင်စာအုပ်တွေလို တစ်နိုင်ငံထဲကို အဓိကထားရေးတာမျိုးမဟုတ်တော့ဘဲ သွားခဲ့တဲ့ နိုင်ငံပေါင်း ၆၅ နိုင်ငံ၊ ခရီးစဉ်ပေါင်းများစွာအနက် ထူးခြားတဲ့အတွေ့အကြုံတွေ၊ ထင်ရှားတဲ့နေရာဒေသအဆောက်အအုံတွေ၊ ပြည့်ဝခဲ့တဲ့ Travel Wishlist တွေထဲက အကြိုက်ဆုံးတွေ ရွေးထုတ်ပြီး ရေးထားတာပါ။ ဒီစာအုပ်ထဲ နိုင်ငံပေါင်း ၃၆ နိုင်ငံက အတွေ့အကြုံပေါင်း ၅၀ / ဆောင်းပါးပေါင်း ၅၀ ပါပါတယ်။ စာအုပ်အကြောင်း ——————————– ဒီစာအုပ်အကြောင်း ပြောရမယ်ဆိုရင် စာအုပ်နာမည်အကြောင်း အရင်ပြောမှ ရမှာပါ။ စာအုပ်နာမည်က မြန်မာလိုနဲ့ English လို နှစ်မျိုးဖြစ်နေတာပါ။ မြန်မာလို “ကမ္ဘာတစ်လွှား ခရီးသွားအတွေ့အကြုံဆန်းများ”ဖြစ်ပြီး အင်္ဂလိပ်လိုကတော့ […]