နုမြတ်ရဲ့ အသစ်စက်စက်စာအုပ်လေးကတော့
“ကမ္ဘာတစ်လွှား ခရီးသွားအတွေ့အကြုံဆန်းများ” (My 101 Travel Bucket List Experiences) လို့အမည်ရပါတယ်။
ဒီတစ်ခါမှာတော့ အရင်စာအုပ်တွေလို တစ်နိုင်ငံထဲကို အဓိကထားရေးတာမျိုးမဟုတ်တော့ဘဲ သွားခဲ့တဲ့ နိုင်ငံပေါင်း ၆၅ နိုင်ငံ၊ ခရီးစဉ်ပေါင်းများစွာအနက် ထူးခြားတဲ့အတွေ့အကြုံတွေ၊ ထင်ရှားတဲ့နေရာဒေသအဆောက်အအုံတွေ၊ ပြည့်ဝခဲ့တဲ့ Travel Wishlist တွေထဲက အကြိုက်ဆုံးတွေ ရွေးထုတ်ပြီး ရေးထားတာပါ။
ဒီစာအုပ်ထဲ နိုင်ငံပေါင်း ၃၆ နိုင်ငံက အတွေ့အကြုံပေါင်း ၅၀ / ဆောင်းပါးပေါင်း ၅၀ ပါပါတယ်။
စာအုပ်အကြောင်း
——————————–
ဒီစာအုပ်အကြောင်း ပြောရမယ်ဆိုရင် စာအုပ်နာမည်အကြောင်း အရင်ပြောမှ ရမှာပါ။ စာအုပ်နာမည်က မြန်မာလိုနဲ့ English လို နှစ်မျိုးဖြစ်နေတာပါ။ မြန်မာလို “ကမ္ဘာတစ်လွှား ခရီးသွားအတွေ့အကြုံဆန်းများ”ဖြစ်ပြီး အင်္ဂလိပ်လိုကတော့ “My 101 Travel Bucket List Experiences” လို့ ပေးထားပါတယ်။။ မြန်မာနာမည်က ရှင်းပြစရာမလိုပေမဲ့ အင်္ဂလိပ်နာမည်ကိုတော့ နည်းနည်းရှင်းပြချင်ပါတယ်။
Bucket List ဆိုတာ လူငယ်တွေနဲ့ ရင်းနှီးပြီးသား စကားလုံးဖြစ်မှာပါ။ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ ကိုယ်လုပ်ဖူးချင်တဲ့ အတွေ့အကြုံတွေ စာရင်းပါ။ “သေဆုံးတယ်”လို့ အဓိပ္ပါယ်ရတဲ့ “Kick the Bucket” ဆိုတဲ့ အင်္ဂလိပ်ဗန်းစကားကနေ ဆင်းသက်လာတာပါ။ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “The Bucket List” အမည်ရှိ ရုပ်ရှင်ဇာတ်ကားထဲမှာ “List of things to do before I kick the bucket” (မသေခင်လုပ်ဖူးချင်သော အရာများစာရင်း)ကို အတိုချုံးလိုက်ပြီး “Bucket List” လို့ စတင်အသုံးပြုရာကနေ ဒီအသုံးအနှုန်းက ခေတ်စားလာတာပါ။ နောက်ပိုင်းမှာ မသေခင်လုပ်ချင်တဲ့ဆန္ဒစာရင်းအပြင် အချိန်တစ်ခုအတွင်း ဖြစ်ချင်တဲ့ဆန္ဒစာရင်း အတွက်ပါ သုံးလာကြပါတယ်။
ကျွန်မမှာလည်း ဘဝမှာ တစ်ခါလောက်ပဲဖြစ်ဖြစ် ဖြစ်ချင်တဲ့ဆန္ဒများစွာရှိပါတယ်။ တချို့ကလည်း ပြည့်ဝပြီးပြီပေါ့။ တချို့ကိုလည်း ကြိုးစားနေဆဲပေါ့။ ကျွန်မရဲ့ Bucket List များစွာထဲကမှ ဒီစာအုပ်ထဲမှာတော့ ခရီးသွားခြင်းနဲ့ပတ်သက်ပြီး လုပ်နိုင်ခဲ့တဲ့ ကျွန်မရဲ့ Travel Bucket List တွေကို အဓိကထား ရေးသားထားပါတယ်။
စာအုပ်ခေါင်းစဉ်မှာ ပေးထားတဲ့ 101 ဆိုတဲ့ ကိန်းဂဏန်းကလည်း သူ့အဓိပ္ပါယ်နဲ့ သူရှိတဲ့ စကားလုံးတစ်ခုပါပဲ။ ဝမ်း-အို-ဝမ်းလို့ အသံထွက်ရပြီး Topic တစ်ခုအကြောင်းပြောရင် သိသင့်တဲ့ အခြေခံအချက်တွေကို ညွှန်းဆိုရာမှာ အသုံးပြုပါတယ်။ ၁၉၈၅-၁၉၉၀ ကြားမှာ ဒီစကားလုံးကို စတင်အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။ ဒီစာအုပ်ထဲမှာတော့ အခြေခံအားဖြင့် လုပ်သင့်တဲ့ Travel Bucket List ကို ဆိုလိုရုံတင်မက တကယ်ကို ကိုယ့်ရဲ့ ခရီးသွားဆန္ဒ ၁၀၁ ခုလုံးကို ထည့်သွင်းထားတာပါ။ စာအုပ်တစ်အုပ်ထဲမှာ အကုန်ထည့်လိုက်ရင် စာအုပ်အထူကြီးဖြစ်သွားပြီး စားရိတ်စက တအားများသွားမှာ၊ စာအုပ်ဈေးကြီးသွားမှာ၊ ဖတ်ရတာ အီသွားမှာကို စိုးရိမ်လို့ ၂ အုပ်ခွဲထုတ်မယ် စိတ်ကူးထားပါတယ်။ ဒီစာအုပ်က ပထမတွဲဖြစ်ပြီး အပုဒ် ၅၀ ပါပါတယ်။ နောက်ထပ် အပုဒ် ၅၁ ပုဒ်ကို ဒုတိယတွဲ အနေနဲ့ ထွက်ဖို့ ရှိပါသေးတယ်။
စာအုပ်ထဲမှာ ဘယ်လိုအကြောင်းအရာတွေပါလဲ?
——————————————-
ခရီးထွက်တဲ့အခါ လူတစ်ကိုယ်အကြိုက်တစ်မျိုးစီရှိကြပါတယ်။ ကျောပိုးအိတ်တစ်လုံးနဲ့ ပေါ့ပေါ့ပါးပါးသွားချင်သူတွေရှိသလို ခရီးထွက်ရင်း အေးအေးဆေးဆေး အနားယူချင်သူတွေလည်းရှိကြပါတယ်။
ကျွန်မကတော့ ခရီးဆိုရင် ဘယ်လိုပဲ သွားရသွားရ အဆင်ပြေတဲ့သူပါ။ ကျွန်မအနေနဲ့ ခရီးသွားရတာ ကြိုက်သလို မလုပ်ဖူးတဲ့ အသစ်အဆန်းတွေ လုပ်ကြည့်ရတာ၊ မစားဖူးတဲ့ အစားအသောက်တွေ မြည်းစမ်းကြည့်ရတာလည်း နှစ်သက်ပါတယ်။ ကိုယ်မလုပ်နိုင်ဘူးထင်ရင်တောင်မှ၊ လုပ်ရတာမလွယ်မှန်း သိနေရင်တောင်မှ ဘယ်သူမှလည်း မထိခိုက်တဲ့အရာမျိုးတွေဆိုရင် အခါအခွင့်ကြုံရင် လုပ်ကြည့်ကြည့်ပါတယ်။
ဒီစာအုပ်ထဲမှာတော့ ခရီးသွားအားလုံးအတွက် Topic တွေစုံအောင်ထည့်ထားပြီး အဓိကအားဖြင့် ကဏ္ဏကြီး ၁၀ ခုခွဲထားပါတယ်။
စွန့်စွန့်စားစားသမားတွေအတွက် Adventures
သဘာဝအလှအပခံစားလိုသူတွေအတွက် Natural Wonders
တိရစ္ဆာန်ချစ်သူတွေအတွက် Animals Encounter
အထင်ကရနေရာတွေကို နှစ်သက်သူတွေအတွက် Landmarks
ကမ်းခြေနဲ့ရေကြိုက်သူတွေအတွက် Beach & Water
ထူးခြားတဲ့ Spa အတွေ့အကြုံတွေနဲ့ အနားယူလိုသူတွေအတွက် Relaxing Moments
ဟိုတယ်အဆန်းတွေမှာတည်းချင်သူတွေအတွက် Unique Hotels
ရိုးရာဓလေ့ထုံးစံတွေကို စိတ်ဝင်စားသူတွေအတွက် Cultural Experiences
မြို့ကြီးပြကြီးမှာ ပျော်မွေ့သူတွေအတွက် City Exposure
အစားအသောက် ဝါသနာပါသူတွေအတွက် Foods & Drinks တို့ပဲဖြစ်ကြပါတယ်။
ဒီစာအုပ်ထဲမှာ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပေးထားသလို ဒီ Bucket List ကို လုပ်မယ်ဆိုရင် ကုန်ကျစားရိတ် ဘယ်လောက်ကျသင့်နိုင်မလဲ၊ ဘယ်အချိန်မှာ လုပ်ရင်အကောင်းဆုံးလဲ၊ ဘယ်မှာလုပ်လို့ရသေးလဲစတဲ့ မေးခွန်းတွေကိုလည်း ဖြေပေးထားပါတယ်။ တခြားသွားသင့်တဲ့နေရာတွေ၊ တခြားလုပ်သင့်တဲ့ Activities တွေ၊ Tips တွေ၊ Interesting Facts တွေကိုလည်း ပြောပြထားပါသေးတယ်။
ဘယ်လိုပြင်ဆင်ခဲ့သလဲ?
—————————-
စာအုပ်တိုက်လုပ်ငန်း လုပ်ကိုင်သူတစ်ယောက်အနေနဲ့ တကယ်တမ်း စာအုပ်ထွက်ဖို့ သိပ်မခက်ခဲပါဘူး။ ဂျာနယ်ထဲမှာ အပတ်စဉ်ရေးနေတဲ့ ခရီးသွားဆောင်းပါးတွေ၊ Social Media မှာ တင်ပေးနေတဲ့ ခရီးသွားပို့စ်တွေ၊ Review တွေကို ဆောင်းပါးပေါင်းချုပ်၊ Review ပေါင်းချုပ် အနေနဲ့ ထုတ်လိုက်လို့ရပါတယ်။ ဆောင်းပါးပေါင်းက ရာနဲ့ချီပြီးကိုရှိနေတာပါ။
ဒါပေမဲ့လည်း စာဖတ်ပရိသတ်ကို အကောင်းဆုံးပေးချင်တဲ့ စိတ်ဆန္ဒနဲ့ ဒီစာအုပ်ကို ၂၀၂၂ ခုနှစ် နှစ်ဆန်းလောက်ကတည်းက Plan ချပြီး တစ်နှစ်ကျော် နှစ်နှစ်နီးပါးကို သေချာပြင်ဆင်ခဲ့တာပါ။ အရင်ဆုံး ထုတ်ချင်တဲ့ စာအုပ် Theme ကိုစဉ်းစားပြီး ထည့်မယ့်အကြောင်းအရာတွေ သေချာရွေးထုတ်ခဲ့ပါတယ်။ Theme မိအောင်၊ သတ်မှတ်ထားတဲ့ စာမျက်နှာဆန့်အောင် ဆောင်းပါးတွေကို အသစ်ရေးသင့်တာရေး၊ ပြင်သင့်တာပြင်၊ ဖြည့်စွက်သင့်တာတွေ ဖြည့်စွက်ခဲ့ရပါတယ်။ ဖတ်ရတာ မလေးသွားအောင်လည်း Layout က အစ ကိုယ်တိုင်စီစဉ်ပြီး အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။ ဒီစာအုပ်ထဲ အရမ်းစိတ်နှစ်ပြီး အားစိုက်ထားလို့ ကျွန်မရဲ့ Masterpiece တစ်ခုလို့ ဆိုရမှာပါ။
ဒီစာအုပ်ကနေ ဗဟုသုတရရုံတင်မက Inspiration နဲ့ Motivation ပါ ရစေချင်ပါတယ်။ တကယ်တမ်းခရီးသွားတဲ့အခါမှာလည်း အထောက်အကူဖြစ်စေချင်မိပါတယ်။
📚 ကမ္ဘာတစ်လွှား ခရီးသွားအတွေ့အကြုံဆန်းများ (My 101 Travel Bucket List Experiences) စာအုပ်ထဲမှာ ဘာတွေပါလဲ ❓❓❓
နိုင်ငံပေါင်း ၃၆ နိုင်ငံက ခရီးသွားအတွေ့အကြုံပေါင်း ၅၀ တောင် ပါပါတယ်။
ဘယ်လိုအတွေ့အကြုံတွေလဲဆိုတော့ နုမြတ်သွားခဲ့တဲ့ ခရီးပေါင်းများစွာ၊ နိုင်ငံပေါင်း ၆၅ နိုင်ငံက အကြိုက်ဆုံး၊ အကောင်းဆုံး၊ အလုပ်ကြည့်သင့်ဆုံး Experiences တွေ၊ နေရာတွေကို သေချာရွေးထည့်ပေးထားတာပါ။ Main Category ၁၀ ခုခွဲထားပေးတော့ ကိုယ်ကြိုက်တဲ့ Category ကနေ စဖတ်လိုက်ရုံပဲပေါ့။
ဘာတွေပါသလဲဆိုတာ မာတိကာအမြည်းပြပေးလိုက်တယ်။ တကယ့်အနှစ်တွေချည်းဆိုတာ မယုံရင်ခေါင်းစဉ်တွေ ကြည့်ကြည့်လိုက်ပါနော်။
Adventures 🪂🏂🏕
————-
1. Paraglide over Himalayas in Nepal – နီပေါမှာ ငှက်များကဲ့သို့ လေဟုန်စီး
2. Desert Safari in Dubai – ဒူဘိုင်းသဲကန္တာရအတွင်း သည်းထိတ်ရင်ဖို အတွေ့အကြုံများ
3. Drive a Snowmobile in Finland – ဖင်လန်နှင်းတောထဲ Snowmobile မောင်း
4. Water Rafting in Bali & Malaysia – အင်ဒိုနီးရှားနှင့် မလေးရှားမှာမြစ်ထဲ လှေပြိုင်လှော်
5. Hot Air Balloon Flights in Myanmar & Egypt – မြန်မာနှင့် အီဂျစ်မှာကောင်းကင်ယံမှ မီးပုံးပျံစီး
6. Zipline across the River in Malaysia & Myanmar – မလေးရှားနှင့် မြန်မာမှာ မြစ်ကိုဖြတ်ကာ Zipline စီး
7. Walk on World’s Highest Glass Floor in South Korea – တောင်ကိုရီးယားက ကမ္ဘာ့အမြင့်ဆုံး မှန်ကြမ်းပြင်ကြီး
Natural Wonders 🌄
——————
1. Search for Northern Lights in Iceland – အိုက်စလန်က ဥတ္တရအလင်းတန်း ရှာပုံတော်
2. Ride a Helicopter over Grand Canyon in U.S.A – အမေရိကားမှာ ဂရန်းကန်ညွန်ပေါ် ရဟတ်ယာဉ်စီး
3. Walk on a Frozen Lake in Canada – ကနေဒါမှာ ရေခဲကန်ပေါ် လမ်းလျှောက်
4. Go inside Mystery Spot in U.S.A – အမေရိကားက လျှို့ဝှက်ဆန်းကြယ်နေရာ
5. Boat Ride among Tulip Fields in Netherlands – နယ်သာလန်မှာ ကျူးလစ်ပန်းခင်းတွေကြား လှေစီး
6. Spend Overnight on a Halong Bay Cruise in Vietnam – ဗီယက်နမ်က ဟလောင်းပင်လယ်အော်ထဲ သင်္ဘောစီး
Animals Encounter 🐨🦌🐬🦘
——————–
1. Meet Kangaroos & Koalas in Australia – ဩစတြေးလျက သားပိုက်ကောင်နှင့် ကိုအားလားများ
2. Visit to a Deer City in Japan – ဂျပန်က ရွှေသမင်များရှိရာ မြို့
3. Run a Race with Ostrichs in Malaysia – မလေးရှားမှာ ငှက်ကုလားအုတ်များနှင့် အပြေးပြိုင်
4. Reindeers Sleigh Ride in Finland – ဖင်လန်က Reindeers စွပ်ဖားလှည်း
5. Visit to Burmese Cat Village in Inle Lake – အင်းလေးက ဗမာကြောင်လေးများရှိရာရွာ
6. Play with Dolphin in Singapore- စင်ကာပူမှာ လင်းပိုင်လေးနှင့် ဆော့ကစားခဲ့
Landmarks 🏰🏛
——————-
1. Walk on the Great Wall of China – တရုတ်ရှိ ကမ္ဘာ့အရှည်လျားဆုံး မဟာတံတိုင်းကြီး
2. Go inside Sleeping Beauty Castle in Germany – ဂျာမနီက နတ်သမီးပုံပြင် ရဲတိုက်ကြီး
3. Go Inside a Pyramid in Egypt – အီဂျစ်မှာ ပိရမစ်ကြီးထဲဝင်ခဲ့
4. Explore The Colosseum in Italy – ရောမမြို့ရှိ ကမ္ဘာ့အကြီးဆုံး ရှေးခေတ်အမိုးပွင့် ပွဲကြည့်ကွင်း
5. Explore Angkor temples in Cambodia – ကမ္ဘောဒီးယားက ကမ္ဘာ့အကြီးဆုံးကျောင်းဆောင်ကြီး
Beach and Water 🏖🌊
——————-
1. Blue Lagoon & Cave Tubing in Laos – လာအိုရှိ Adventure မြို့
2. Visit to Black Sand Beaches in Iceland & Greece – အိုက်စလန်နှင့် ဂရိရှိသဲမည်းကမ်းခြေများ
3. Visit to a Floating City in Italy – အီတလီက ကမ္ဘာကျော် ရေပေါ်မြို့လေး ဗင်းနစ်
4. Travel around French Riviera in France & Monaco – ပြင်သစ်နှင့် မိုနာကိုရှိ စည်ကားလှပ ကမ်းရိုးတန်းဒေသ
5. Swim in Blue Lagoon in Malta – မော်(လ်)တာရှိရေပြာအိုင်တွင် ရေကူး
6. Wander around Santorini Island in Greece – ဂရိရှိ အိပ်မက်ကျွန်းလေး ဆန်တိုရီနီ
Relaxing Moments ♨💆♀️
——————-
1. Mud Bath in Vietnam – ဗီယက်နမ်မှာ ရွှံ့စိမ်ပေါင်းတင်
2. Blue Lagoon Hot Spring Bath in Iceland – အိုက်စလန်က ရေပြာအိုင် ရေပူစမ်း
3. Ginseng Facial Treatment in South Korea – တောင်ကိုရီးယားမှာ ဂျင်ဆင်းနှင့် မျက်နှာပေါင်းတင်
Unique Hotels 🏜🏕🏨
——————-
1. Floating Room in Maldives – မော်ဒိ(ဗ်)(စ်)ရှိ သမုဒ္ဒရာ ရေပေါ်အိမ်
2. Spend Nights in a Jail in Switzerland – ဆွစ်ဇာလန်က ထောင်တွင်းနှစ်ညတာ
3. Santa Claus Holiday Village in Finland – ဖင်လန်ရှိ ခရစ္စမတ်ဘိုးဘိုးကြီးရွာ
4. Jungle Raft in Thaliand – ကန်ချနာဘူရီမြစ်ထဲက ဖောင်ပေါ်ဟိုတယ် Jungle Raft
5. Cave Hotel in Turkey -တူရကီရှိ ထူးခြားဆန်းကြယ် ကျောက်ဂူဟိုတယ်
6. Sahara Desert Camp in Morocco – ဆာဟာရသဲကန္တာရက ညအိပ်အတွေ့အကြုံ
Cultural Experiences 🧘♂️🎎
——————-
1. Find Peace in Isha Yoga Center in India- အိန္ဒိယမှာ ငြိမ်းချမ်းခြင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း
2. Celebrate Bhutan Festival as a local – ဘူတန်၏ ရှေးအကျဆုံးသင်ဖူပွဲတော်
3. Wander around Korean Palace in Hanbok – တောင်ကိုရီးယားမှာ ရိုးရာဝတ်စုံဖြင့် နန်းတော်ထဲလျှောက်လည်
4. Experience Normadic Culture in Mongolia – မွန်ဂိုလီးယားက ခြေသလုံးအိမ်တိုင်ယဉ်ကျေးမှု
City Exposure 🌆🏙
——————-
1. Walk on Hollywood Walk of Fame in U.S.A – ဟောလိဝုဒ်မှ ကြယ်ပွင့်များရှိရာလမ်း
2. Chase the Architecture of Gaudi in Spain – စပိန်က ဂေါက်ဒီ၏ ဗိသုကာလက်ရာများ
3. Pre-Wedding Photo Shoot in Paris – ပဲရစ်မှာ အလှဓာတ်ပုံရိုက်
4. Explore Metro Stations in Moscow – မော်စကိုရှိ ကမ္ဘာ့အလှဆုံး မြေအောက်ဘူတာများ
Foods and Drinks 🍹🧀🍷
——————-
1. Try Dutch Cheeses in Netherlands – နယ်သာလန်ရှိ ဒိန်ခဲခရီးသွားလုပ်ငန်း
2. Taste Wine in Georgia – ဂျော်ဂျီယာ (သို့) ရှေးအကျဆုံးဝိုင်ထုတ်လုပ်သော နိုင်ငံ
3. Chill at Rooftop Bars in Bangkok – ဘန်ကောက်က Rooftop Bar များ
ဒီစာအုပ်ထဲမှာ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပေးထားသလို ဒီ Bucket List ကို လုပ်မယ်ဆိုရင် ကုန်ကျစားရိတ် ဘယ်လောက်ကျသင့်နိုင်မလဲ၊ ဘယ်အချိန်မှာ လုပ်ရင်အကောင်းဆုံးလဲ၊ ဘယ်မှာလုပ်လို့ရသေးလဲစတဲ့ မေးခွန်းတွေကိုလည်း ဖြေပေးထားပါတယ်။ တခြားသွားသင့်တဲ့နေရာတွေ၊ တခြားလုပ်သင့်တဲ့ Activities တွေ၊ Tips တွေ၊ Interesting Facts တွေကိုလည်း ပြောပြထားပါသေးတယ်။
မှာယူချင်တယ်ဆိုရင်
——————————–
စာအုပ်အမည် – “ကမ္ဘာတစ်လွှား ခရီးသွားအတွေ့အကြုံဆန်းများ” (My 101 Travel Bucket List Experiences)
စာရေးသူ – ဒေါက်တာနုမြတ်သိင်္ဂီဦး (Nu Myat around the World)
ဈေးနှုန်း – 22000 ကျပ်
စာမျက်နှာ – ၂၂၄ မျက်နှာ
စာအုပ်တစ်အုပ်လုံး ကြွေစက္ကူ ရောင်စုံစာမျက်နှာတွေနဲ့ လှလှပပ ဝေဝေဆာဆာ ဖတ်ရမှာပါ။
စာအုပ်ပါ အကြောင်းအရာတွေသာမက စာအုပ်ဒီဇိုင်းပိုင်း၊ Layout ပိုင်းက အစ ကိုယ့်စိတ်တိုင်းကျ သေချာစီစဉ်ထားလို့ Quality ပိုင်းကိုတော့ စိတ်ချပါ။
စာအုပ်ထဲမှာလည်း Bookmark လှလှလေး လက်ဆောင်ထည့်ပေးထားပါသေးတယ်။
ဒီစာအုပ်ကို ဝယ်ယူချင်ပါက “Nu Myat around the World” Facebook Messenger or Tik Tok messenger ကနေ မှာယူနိုင်ပါတယ်။
သုတစွယ်စုံ စာအုပ်တိုက် – Knowledge Book Center Page ကနေ တစ်ဆင့်လည်း မှာယူနိုင်ပါတယ်။ အဲဒီ Page မှာ နုမြတ်တို့ တိုက်ကထုတ်တဲ့ တခြားခရီးသွားနဲ့ ကျန်းမာရေး စာအုပ်တွေလည်း ရှိတော့ တခြားစာအုပ်တွေပါ အတူမှာလို့ရပါတယ်။
Cash on Deli ရော Mobile Banking ရော ရပါတယ်။
အားလုံးကို ချစ်ခင်လျှက်
# ကမ္ဘာတစ်လွှားခရီးသွားအတွေ့အကြုံဆန်းများ