ylliX - Online Advertising Network

ကိုအောင်မှိုင်း – ရိုးမ

(မိုမခ) နိုဝင်ဘာ ၂၄ ၊ ၂၀၂၄ တချို့က အသက်ရှင်လျက် သေနေကြတယ်။ တချို့က အသက်သေလျက် ရှင်နေကြတယ်။ ရိုးမမှာ အသက်သေလျက် ရှင်နေသူတွေ တေးဆိုနေကြဆဲ။ ပန်းတပွင့်ရဲ့ ဒဏ္ဍာရီဟာ မြစ်တစင်းလို မကွေ့ကောက်ဘူး။ ရိုးမက ခြေရာတွေဟာ တိုးတိုးသက်သာ စကားနာ ထိုးနေကြလေရဲ့ လွမ်းလိုက်တာကွာ တဲ့။ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar Source link

မိုးသက်ငြိမ်ဦး – ကိုယ့်လူ

(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၄ ကိုယ့်လူဖြည်းဖြည်း မင်း ပြေးနေတာ အဝေးပြေးလမ်းပေါ်မှာ မဟုတ်ဘူး မင်း ပြေးနေတာ ရန်သူ့သတ်ကွင်းထဲမှာ မဟုတ်ဘူး မင်း ပြေးနေတာ မြေမြှုပ်မိုင်းကွင်းထဲမှာ မဟုတ်ဘူး မင်း ပြေးနေတာ လုံခြုံစိတ်ချအမိုးအကာအောက်က  မင်းအိမ်ထဲမှာ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေလေ ကိုယ့်လူ ဖြည်းဖြည်း မင်း တွေးနေတာ တိုင်းပြည်ကောင်းစားဖို့ မဟုတ်ဘူး မင်း တွေးနေတာ စနစ်တစ်ခု ပြောင်းလဲဖို့ မဟုတ်ဘူး မင်း တွေးနေတာ တန်းတူညီမျှဖို့လည်း မဟုတ်ဘူး မင်း တွေးနေတာ မင်း သက်သာရာရဖို့ပဲလေ ကိုယ့်လူ ဖြည်းဖြည်း  ချော်လဲမယ် သတိထား တော်လှန်ရေး အကြောင်းပြပြီ ချော်လဲရောမထိုင်နဲ့ ကိုယ့်လူ ဖြည်းဖြည်း  အစာကို ကြေညက်အောင်ဝါး ကျိန်စာတွေ […]

မောင်သော်တာ – အမေ့အိမ်

(မိုးမခ) နိုဝင်ဘာ ၂၂ ၊ ၂၀၂၄  တံခါးဖွင့်ပေးလိုက်တယ်  လွတ်လပ်တဲ့ ကောင်းကင်ကြီး ရှာတွေ့ဖို့   ရွှေအိုးထမ်းပြီး ပြန်မလာခဲ့ရင်တောင်   ခလုတ်မထိ ဆူးမငြိ  မိမွေးတိုင်းဖမွေးတိုင်းလေး ပြန်တွေ့ ချင်တယ်  တံခါးဖွင့်ပြီး မီးထွန်းပေးထားတယ်  အပြန်လမ်း မမှတ်မိခဲ့ရင်  အမေရေလို့ အသံပြုလိုက်ပါ   #သားသမီးများအတွက်ချစ်ခြင်းကဗျာ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar Source link

လင်းလက်နွေဦး – နေရစ်လေဦး

(မိုးမခ) နိုဝင်ဘာ ၂၁ ၊ ၂၀၂၄ ရေကူးသန်တဲ့ ဇနကမင်း သရက်နှစ်ပင်မှာလည်း အမြင်သန်တယ်။ “ကင်းပသီးနှစ်၊ ပင်သနစ်မူ မာန်ယစ်ကြွားကြွား၊ ငါတကားဟု… ‘ ဒီကဗျာဆရာကလည်း အမြင်မှန်တယ်။ ရင်ပြင်တော်ပေါ်ရောက် ဘုရားနဲ့ မတွေ့ပေမယ့် ဘုရားကြိုဆိုရေးတွေ ညှိခဲ့တဲ့ ဖယောင်းတစ်တိုင် ငုတ်တုတ်ကြီး ကျန်ရစ်ခဲ့တယ်။ ငါ အားလုံး တော်လှန်နေတဲ့ကြား အသက်ရှင်ရေးအတွက် ပြားပြားကြီး ဝပ်နေရစ်ခဲ့တာ ရှက်တယ်။ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar Source link

ခက်ဦး – ငါးခုံးမ

(မိုးမခ) နိုဝင်ဘာ ၂၀ ၊ ၂၀၂၄ ရှင်ကျန်ဖို့ အပြင်းရုန်းစေတာလည်း သူ မသေ့တသေကို မသေစာရင်း သွင်းပေးတာလည်း သူ သေခြင်းကို သေသတင်း လွှင့်လိုက်တာလည်း သူ နာမည်အပျက်ခံပြီး ဖောက်ခွဲခဲ့တာလည်း သူ ။ ချန်ခဲ့ရရင်တောင် စားမဝင်ဖို့ အပုပ်ခံခဲ့တာ သူပဲ မဟုတ်လား  ပုပ်လျက်ကြီးနဲ့ သူ့ခမျာ တလှေလုံးကို နောက်ဆုံးတိုင်ထိ ပုတ်နှိုးခဲ့တာပဲ မဟုတ်လား ။ မကဲ့ရဲ့သင့်ဘူး ကျေးဇူးကို တင်သင့်တာ မကဲ့ရဲ့ရဘူး ကျေးဇူးကို တင်နေရမှာ ။ Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia #WhatsHappeningInMyanmar Source link

ကေအိုဇေ – ကောက်ရိုးလေးတမျှင်

(မိုးမခ) နိုဝင်ဘာ ၁၈ ၊ ၂၀၂၄ နှင်းတွေ ဖျစ်ဖျစ်မြည်ကျလာရင် ပျော်ရ လျှပ်စစ်မီးညွန့်လေး အိမ်တံခါးလာခေါက်ချိန် ပျော်ရ အသက်ရှူပေါက်လေး ပါးလျလျရှိရင်ပဲ ကျေနပ်ရ မျက်ရည်ဟာ သူစိမ်းတရံတွေအတွက် ကျရတယ် ကိုယ့်ချစ်သူတွေအတွက် ကျရတယ် လူတချို့အတွက်လည်း နာကြည်းချက်နဲ့ ကျရတယ် နှစ် ၂၀ လောက်  နောက်ပြန်ကွေ့သွားတဲ့ မြစ်မှာ တိမ်တွေမော့ကြည့်ပြီး  ပျော်နေရတဲ့ သားလောင်းတွေလို အမျှားခံရတော့မယ့် အသွေးအသားတွေအတွက် ကူးခတ်လို့ ကိုယ့်တန်ဖိုးထားမှုမှန်သမျှကို  မတန်တဆ ညှစ်ထုတ်ခံနေရတာ မိမိတို့ ရသင့်တဲ့ ချစ်မေတ္တာကို  တောင်းပန်ခယ ရှာဖွေနေရတာ မိမိတို့ ဒုက္ခကို  လှလှပပ ပြန်ကန်သွင်းခံရပြီး ချွတ်ချော်မှုတိုင်းကို အောင်ပွဲခံရတာ အကန့်အသတ်/စွက်ဖက်ခံ  ပုဂ္ဂလိကနေထိုင်မှု ပုံစံအသစ်လား ပေးသလောက်ရတဲ့ အဓိပ္ပာယ်မရှိမှုထဲ ကိုယ့်အခွင့်အရေး ဆိုတာကို ထည့်စွက်မှုဟာ […]

မိုးသက်ငြိမ်ဦး – အမေ ပြန်မလာသေးဘူးလား

(မိုးမခ) နိုဝင်ဘာ ၁၁ ၊ ၂၀၂၄ အမေ ပြန်မလာသေးဘူးလား သားတို့ အိပ်ရေး၀၀အိပ်ချင်ပြီ အမေ ပြန်မလာသေးဘူးလား သားတို့ နွေးထွေးလုံခြုံချင်ပြီ အမေ ပြန်မလာသေးဘူးလား သားတို့ လွတ်လပ်ငြိမ်းချမ်းချင်ပြီ ။ အမေနဲ့ အိမ်နဲ့ ဝေးကွာနေသူက မေးတယ် အမေ ပြန်မလာသေးဘူးလား စစ်မီးလျှံကြား ပြာပုံထဲက အော်တယ် အမေ ပြန်မလာသေးဘူးလား တောထဲ တောင်ထဲ ပြေးလွှားပုန်းခိုရင်း ပြောတယ် အမေ ပြန်မလာသေးဘူးလား ကျွန်တော့်အမေ ကွယ်လွန်ခဲ့တာ ကြာပါပြီ ည အိပ်ရာ၀င်တိုင်း တိုင်တည်တယ် အမေ ပြန်မလာသေးဘူးလား ညက အမေ့ကို အိပ်မက်မက်တယ် အမေ ပြန်မလာသေးဘူးလား အခု တတိုင်းပြည်လုံးက မေးနေကြတယ် အမေ ပြန်မလာသေးဘူးလား အမေ ပြန်မလာသေးဘူးလား […]

ငဇ – အနုပညာမြို့

(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၄ အနီရောင် ပြားပြား ပဲမို့ ပဲနီပြားလို့ ခေါ်တဲ့ ပဲက ရန်ကုန် ရောက်တော့ ပဲကတ္တီပါ တဲ့ အဖြူရောင် ပြားပြား ပဲမို့ ပဲဖြူပြားလို့ ခေါ်တဲ့ ပဲက ရန်ကုန်ရောက်တော့ ပဲထောပတ် တဲ့ မြို့ဟာ အနုပညာသိပ်ဆန်တာပဲ တွံတေးကြီးသီချင်းတပုဒ် ညည်းမိသေးတော့ တောက ရှင်နှောင်း မြို့ရောက်တော့ မခင်နှောင်းတဲ့ အေးလေ ရွာကနေ ရန်ကုန်ပြောင်းသွားတဲ့ ငါ့အစ်မ အုန်းမြိုင်တောင် ဥမ္မာဖြစ်သေးတာပဲ မဆန်းပါဘူး ငါကိုက ဆန်းတယ် ထင်နေတာ စိုနေတဲ့ အဝတ်တွေ နေထုတ်မလှန်းမိသလို မှိုနံ့စွဲနေတဲ့ ရွာအင်္ကျီဟောင်းလေး မြို့တံခါးကြားမှာ ညပ်နေတော့ လွမ်းရတာ နေမကောင်းဘူး။ Join Us @ MoeMaKa Telegramt.me@moemaka […]

ကိုအောင်မှိုင်း – အနင်းခံ မြေ

(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၄ ငါ့ ရင်ဘတ်ပေါ်မှာ ပန်းတွေ ဖူးပွင့်ပါစေ။ ငါ့ ရင်ဘတ်ပေါ်မှာ ကလေးတွေ ရှင်သန်နိုင်ပါစေ။ ငါ့ ရင်ဘတ်ပေါ်မှာ ဓမ္မတရားတို့ အောင်ပွဲခံနိုင်ပါစေ။ ငါ့ ရင်ဘတ်ပေါ်မှာ သေဆုံးသူတွေ နားခိုနိုင်ပါစေ။ ငါ့ ရင်ဘတ်ပေါ်မှာ အလှတရားတို့ လာခြင်းကောင်းပါစေ။ ငါဟာ နေလို လလို မကျင့်လိုပါ လူသားတိုင်း နင်းခွင့်ရှိတဲ့ ကျေးဇူးတရားကို မေ့ခွင့်ပြုတဲ့ အနင်းခံမြေလို ခံနိုင်ရည်ရလိုပါတယ်။ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar Source link