ဘရာဇီး ဘောလုံး Legend နေမာသည် ဒူဘိုင်းတွင် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်းတစ်ခု ဝယ်ယူခဲ့ရာ အခန်းရှေ့အထိ ကားသယ်ယူနိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည်ဟု ဆိုသည်။
(ဒူဘိုင်းကဲ့သို့ ခေတ်မီအဆောက်အအုံများသာ အတိပြီးသောနေရာမျိုးတွင်ပင် Bugatti Residences အဆောက်အအုံကြီးမှာ ထူးခြားကွဲထွက်နေပြီး အနာဂတ်ဆန်လှသည်။ ဓာတ်ပုံ-Bugatti)
(အရာအားလုံးမှ တမူကွဲထွက်နေသည့် ဗိသုကာဒီဇိုင်းက နေမာကို ဖမ်းစားနိုင်ခဲ့သည်။ ဓာတ်ပုံ-Bugatti)
(ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့တွင် ကစားခဲ့ဖူးသူ နေမာသည် ဒဏ်ရာပြဿနာမှ ရုန်းထွက်နိုင်ရန် ရုန်းကန်နေရသည်။ ဓာတ်ပုံ-Getty)
(French Riviera ကို inspire ယူကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း developer တို့က ပြောသည်။ ဓာတ်ပုံ-Bugatti)
(ဒူဘိုင်းကဲ့သို့ ငွေပေါလှသော နေရာမျိုးတွင်ပင် နေမာဝယ်ယူလိုက်သောအခန်းမှာ တမူထူးခြားနေသည်။ ဓာတ်ပုံ-Bugatti)
ဆော်ဒီထိပ်သီးကလပ် Al-Hilal တွင် နေမာ၏ အနာဂတ်မှာ မရေရာလှ။ ၁၅ လတာ ကာလအတွင်း နေမာသည် ဒဏ်ရာကြောင့် ၇ ပွဲသာ ပါဝင်နိုင်ခဲ့သည်။
Al-Hilal တွင် နေမာ၏ လစာမှာ ရက်သတ္တပတ်လျှင် ကန်ဒေါ်လာ ၃ ဒသမ ၁ သန်း ဖြစ်သည်။
ထိုသို့ အနာဂတ် မရေရာသည့် အခြေအနေများအကြား နေမာက တန်ဖိုးကြီး penthouse ခန်း ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
နေမာ၏ penthouse ခန်းတွင် ဒူဘိုင်းမြို့လယ်ရှုမျှော်ခင်းများကို ပိုင်ဆိုင်ထားသည့် သီးသန့်ရေကူးကန် ပါဝင်သည်။
သီးသန့်ဓာတ်လှေကားရှိပြီး နေမာအနေဖြင့် သူ၏ penthouse ခန်းသို့သွားရန် ကားပေါ်မှ ဆင်းရန်မလိုချေ။
အခန်းတိုင်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများ တပ်ဆင်ထားသည့်အပြင် မျက်နှာကြက်များမှာလည်း မြင့်မားသောကြောင့် သဘာဝအလင်းနှင့် လေဝင်လေထွက် အလွန်ကောင်းမွန်ကြောင်း developer က ပြောသည်။
အဆောက်အအုံကြီးအတွင်း fitness centre တစ်ခုနှင့် member only ကလပ်တို့လည်း ပါဝင်သည်။
(အရှေ့အလယ်ပိုင်းတွင် အနာဂတ်မရေရာသော်လည်း နေမာက ငွေအလုံးအရင်းသုံးစွဲခဲ့သည်။ ဓာတ်ပုံ-Bugatti)
(ခမ်းနားမှုနှင့် တီထွင်ဆန်းသစ်မှုတို့ ပေါင်းစပ်ထားသည်။ ဓာတ်ပုံ-Bugatti)
Al-Hilal အသင်းအကြီးအကဲတို့က နေမာကို စာချုပ်မကုန်မီတွင်ပင် ရောင်းထုတ်လိမ့်မည်ဟုသော ခန့်မှန်းချက်များလည်း ထွက်ပေါ်နေသည်။
နေမာအနေဖြင့် ပထမဆုံးကလပ်ဖြစ်သော ဆန်းတို့စ်သို့ ပြန်သွားလိမ့်မည်ဟူသော ကောလာဟလများကိုမူ သူ၏ အေးဂျင့်က ငြင်းပယ်ထားသည်။
နေမာသည် မကြာသေးမီကလည်း အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကမ်းခြေမြေနေရာတစ်ခုကို ကန်ဒေါ်လာ ၂၅ ဒသမ ၉ သန်းဖြင့် ဝယ်ယူထားသေးသည်။
ထို့ကြောင့် ဒေးဗစ်ဘက်ခမ်း၏ Inter Miami သို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟူသော သတင်းများလည်း ထွက်ပေါ်လာသည်။
ထို့အပြင် ဘာစီလိုနာ၏ နာမည်ကျော် တိုက်စစ်အတွဲဖြစ်သော MSN ပြန်လည်ပေါ်ပေါက်လာနိုင်သည်ဟုလည်း ပြောဆိုနေကြသည်။
(မှတ်ချက်။ MSN= မက်ဆီ၊ ဆွာရက်၊ နေမာ)
(ကားများ သယ်ဆောင်ရန် သီးသန့်ဓာတ်လှေကားများရှိသည်။ ဓာတ်ပုံ-Bugatti)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Neymar buys £43million penthouse in exclusive Bugatti block in Dubai with private CAR elevator straight to his door (thesun)
Photo Credit-Bugatti, Getty