(မိုးမခ) နိုဝင်ဘာ ၂၁ ၊ ၂၀၂၄
ရေကူးသန်တဲ့ ဇနကမင်း
သရက်နှစ်ပင်မှာလည်း အမြင်သန်တယ်။
“ကင်းပသီးနှစ်၊ ပင်သနစ်မူ
မာန်ယစ်ကြွားကြွား၊ ငါတကားဟု… ‘
ဒီကဗျာဆရာကလည်း အမြင်မှန်တယ်။
ရင်ပြင်တော်ပေါ်ရောက်
ဘုရားနဲ့ မတွေ့ပေမယ့်
ဘုရားကြိုဆိုရေးတွေ ညှိခဲ့တဲ့ ဖယောင်းတစ်တိုင်
ငုတ်တုတ်ကြီး ကျန်ရစ်ခဲ့တယ်။
ငါ
အားလုံး တော်လှန်နေတဲ့ကြား
အသက်ရှင်ရေးအတွက်
ပြားပြားကြီး ဝပ်နေရစ်ခဲ့တာ
ရှက်တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar