(မိုးမခ) နိုဝင်ဘာ ၁၁ ၊ ၂၀၂၄
အမေ ပြန်မလာသေးဘူးလား
သားတို့ အိပ်ရေး၀၀အိပ်ချင်ပြီ
အမေ ပြန်မလာသေးဘူးလား
သားတို့ နွေးထွေးလုံခြုံချင်ပြီ
အမေ ပြန်မလာသေးဘူးလား
သားတို့ လွတ်လပ်ငြိမ်းချမ်းချင်ပြီ ။
အမေနဲ့ အိမ်နဲ့ ဝေးကွာနေသူက မေးတယ်
အမေ ပြန်မလာသေးဘူးလား
စစ်မီးလျှံကြား ပြာပုံထဲက အော်တယ်
အမေ ပြန်မလာသေးဘူးလား
တောထဲ တောင်ထဲ ပြေးလွှားပုန်းခိုရင်း ပြောတယ်
အမေ ပြန်မလာသေးဘူးလား
ကျွန်တော့်အမေ ကွယ်လွန်ခဲ့တာ ကြာပါပြီ
ည အိပ်ရာ၀င်တိုင်း တိုင်တည်တယ်
အမေ ပြန်မလာသေးဘူးလား
ညက အမေ့ကို အိပ်မက်မက်တယ်
အမေ ပြန်မလာသေးဘူးလား
အခု
တတိုင်းပြည်လုံးက မေးနေကြတယ်
အမေ ပြန်မလာသေးဘူးလား
အမေ ပြန်မလာသေးဘူးလား ။ ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar