(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၄ ရုရှားနိုင်ငံ ကာဇမ်မှာ အောက်တိုဘာ (၂၂-၂၄)ရက်နေ့ထိ ကျင်းပခဲ့တဲ့ ဘရစ်ခ် (BRICS) ကို မူလ ဦးစီးခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံ၊ မနှစ်က ထပ်တိုးထားတဲ့ ၄ နိုင်ငံနဲ့ အသင်းဝင်ဖို့ စိတ်ဝင်စားနေတဲ့ နိုင်ငံပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ပူတင်ကို အနောက်အရင်းရှင်နိုင်ငံများက ကြဉ်ထားဖို့ အမျိုးမျိုးကြိုစား ဖိအားတွေ ပေးနေတဲ့ကြားက ဒီအစည်းအဝေးကြီးကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တာပါ။ ဒီဘရစ်ခ်နိုင်ငံများဟာ ကမ္ဘာ့နယ်မြေရဲ့ ၃၀ ရာနှုန်း၊ ကမ္ဘာ့လူဦးရေရဲ့ ၄၅ ရာနှုန်း၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၂၀ ရာနှုန်းကို ကိုယ်စားပြုပါတယ်။ ဒီအဖွဲ့မှာ ပါဝင်သူများဟာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများလို့ ခေါ်ဆိုကြတဲ့ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးမှုနိမ့်နိုင်ငံများ ဖြစ်ကြပြီး သူတို့မှာ […]
လှကျော်ဇော – ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၄ ) (မိုးမခ) အောက်တိုဘာ ၂၅ ၊ ၂၀၂၄ တိန့်ရှောင်ပင်ရဲ့ တံခါးဖွင့်နဲ့ ပြုပြင်ပြောင်းလဲရေးပေါ်လစီ ဥက္ကဋ္ ဌမော်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်မှုကို အပြတ်အသတ်ရပြီးနောက်မှာ တရုတ်ကွန်မြူနစ်များ တသက်ပတ်လုံး လိုက်နာရမယ့် ဆောင်ပုဒ်တခု တင်လိုက်ပါတယ်။ ‘ပြည်သူ့အကျိုးဆောင်ကြ’ တဲ့။ ဒါဟာ သူတို့ရဲ့ ပေတံပါ။ ဒါကို အခြေခံပြီး ၁၉၇၆ မော် ကွယ်လွန်ပြီးနောက် အာဏာရလာတဲ့ တိန့်ရှောင်ပင်ကလည်း ၂၀ ရာစုအဝင် အရင်းရှင်စနစ်ရဲ့ အပြောင်းအလဲများကို စနစ်တကျ လေ့လာပြီး တရုတ်ပြည်အတွက် ရှေ့လျှောက်ရမယ့် လမ်းကို ချမှတ်လိုက်ပါတယ်။ ကိုလိုနီလက်ဟောင်း အရင်းရှင်နိုင်ငံများဟာ မိမိလက်အောက်ခံ ကိုလိုနီနိုင်ငံများကို မလွှဲမရှောင်သာ နိုင်ငံရေးအရ လွတ်လပ်ရေးပေးလိုက်ရ ပေမယ့် စီးပွားရေးအရ သူတို့အပေါ် မှီခိုနေရအောင် […]
(မိုးမခ) အောက်တိုဘာ ၂၀ ၊ ၂၀၂၄ အခုတလော သတင်းလောကမှာ ပွဲဆူနေတဲ့ ‘တရုတ်က ဖိအားပေးလို့ ဗမာပြည်တွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ အပစ်ရပ်ပြီး စကစနဲ့ စေ့စပ်ဆွေးနွေးဖို့ လုပ်ဆောင်လာနေရတယ်’ ဆိုတဲ့ပြဿနာကို ဘယ်လို ကြည့်မြင်သင့်သလဲ။ ဗမာပြည်သူတွေရဲ့ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့က စခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲဟာ အတက်အကျ အနိမ့်အမြင့် အမျိုးမျိုးကို နှစ်ပေါင်း ၆၀ ကျော် စွန့်လွှတ်မှုများစွာနဲ့ ဖြတ်သန်းလာပြီးနောက် အခုလက်ရှိ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး (အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးကြီးအပြီး)မှာ မကြုံစဖူး စိတ်အားတက်ဖွယ် အောင်ပွဲအများအပြား ရရှိလာခဲ့ပါတယ်။ ဒီလိုအရှိန်တက်နေစဉ်မှာ ဇက်သတ်လိုက်သလို ဖြစ်သွားရတဲ့အတွက် ဗမာပြည်သူတွေအနေနဲ့ ဒေါသူပုန်တွေထလာတာတွေဟာ သဘာဝကျပါတယ်။ တရားလည်း တရားပါတယ်။ တကယ်တော့ […]
(မိုးမခ) အောက်တိုဘာ ၁၁ ၊ ၂၀၂၄ — လီရှန်–လီရှန်– ကြားလား-ကြားလား—- — ကျန်တဲ့ရဲဘော်တွေ စုစည်းပြီး၊ ပြန်လာတော့– — မင်းတို့ တာဝန်ကျေသွားပြီ– — ရေကာတာ ဖောက်ချလိုက်ပြီ၊ ရန်သူတွေ အကုန်ရေနစ်ကုန်ပြီ— စစ်ဆင်ရေးမှူးက ကြေးနန်းစက် ကိုင်ပြောနေတာ။ တကိုယ်လုံး သွေးတွေဒဏ်ရာတွေနဲ့ ရဲဘော်က ကြေးနန်းစက်ကိုင်ထားပြီး— — စစ်ဆင်ရေးမှူး— — ကျွန်တော် လီရှန်ပါ— — ကျွန်တော်တို့ ပြန်မလာနိုင်တော့ဘူး– — တပ်ရင်းတရင်းလုံး ကုန်ပြီ— — ခင်ဗျားတို့ပဲ ဆက်ချီတက်ကြပါ—- ဒါတွေကတော့ ဒီနှစ် ၂၀၂၄ အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်တဲ့ (၇၅) နှစ်မြောက်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ (ကိုးရီးယားစစ်ပွဲ-၁၉၅၀-၅၃တွင်းက) တရုတ်ဗော်လံတီယာတပ်ရဲ့ […]