ရာဇသတ်ကြီးပုဒ်မ – ၉၆ အရ ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးအရ ပြုလုပ်သော ပြစ်မှုများမှာ ပြစ်မှုမ မြောက်ပါ။ ခိုးမှု ၊ လုယက်မှု ၊ အကျိုးဖျက်စီးမှု ၊ ပြစ်မှုမကင်းသော ကျော်နင်းမှုတို့အား ပြုလုပ်ရန် အားထုတ်သူ၊ ကျူးလွန်သူအား တားဆီးခြင်း ပြုနိုင်ပါသည်။ မိမိပိုင် (သို့) အခြားသူပိုင် မရွှေ့မပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား တားဆီးကာကွယ်ခြင်း ပြုနိုင်သည်ဖြစ်ရာ ကာကွယ်ခုခံမှုပြုရာတွင် လိုအပ်သည်ထက်ပို၍ ကာကွယ်ခုခံပိုင်ခွင့်တော့ မရှိပါ။ ပြည်သူ့ဝန်ထမ်းအား အကာအကွယ်စောင့်ရှောက်မှုပြုနိုင်ရန် တိုင်ကြားခွင့်အချိန်ရှိသော ကိစ္စရပ်များတွင် ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေး မရနိုင်ပါ။ ပြစ်မှုကျူးလွန်ခြင်း မရှိသေးသော်လည်း အားထုတ်ခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့် မိမိအား ဘေးအန္တရာယ် စတင်ဖြစ်ပေါ်သည်နှင့် ကာကွယ်ခုခံနိုင်မှုလဲ စတင်ပါသည်။ ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် ကာလတလျှောက်တွင် ကာကွယ်ခုခံပိုင်ခွင့်လဲ […]
လိုင်စင်မြေအား အမည်ပေါက် ချထားပေးခြင်းခံရသူ၊ (၁)နှစ်တစ်ကြိမ်ဖြင့် (၃)နှစ်သက်တမ်းတိုး ဆောင်ရွက်ပြီးသူမှ ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီ၊ မြေယာစီမံခန့်ခွဲမှုဌာနတွင် မြေငှားဂရန် လျှောက်ထားခြင်းပြုနိုင်ပါသည်။ လူနေထိုင်ရန် အိမ်ရာအဆောက်အအုံ ဆောက်လုပ်ရန် ခွင့်ပြုထားသော လိုင်စင်မြေကို သာ မြေငှားဂရန် လျှောက်ထားခြင်း ပြုနိုင်ပါသည်။ (၁)နှစ် ခွင့်ပြုထားသော ယာယီလိုင်စင်မြေအား သက်တမ်းတိုး လျှောက်ထားခွင့်ရှိသူများမှာ လိုင်စင် အမည်ပေါက် ချထားပေးခြင်းခံရသူ (သို့) အသင်းအဖွဲ့အမည်ဖြင့် ချထားပေးပါက အဆိုပါ အသင်းအဖွဲ့ (သို့) ဌာနဆိုင်ရာအမည်ဖြင့် ချထားပေးပါက အဆိုပါဌာနဆိုင်ရာမှ သက်တမ်းတိုး လျှောက်ထားခွင့်ရှိပါသည်။ ထို့ပြင် အသင်းအဖွဲ့ အမည်ပေါက်ဖြင့် သက်တမ်းတိုးခြင်းများ၌ အစည်းအဝေးမှတ်တမ်းပါ တင်ပြပေးရမည်။ လိုင်စင်မြေအား သက်တမ်းတိုးရာတွင် အောက်ပါစာရွက်စာတမ်းများလိုအပ်ပါသည်။ – လိုင်စင်လက်မှတ်မိတ္တူ – နိုင်ငံသားမှတ်ပုံတင်မိတ္တူ – မြေပိုင်ဆိုင်မှုနှင့် ပတ်သတ်သော […]
တရားမမှုဖြင့် အမှုဖွင့်လှစ် တရားစွဲဆိုရသော ငွေရေးကြေးရေး ကိစ္စရပ်များ၊ နစ်နာကြေး၊ လျော်ကြေး ကိစ္စရပ်များတွင် ကာလစည်းကတ်ဥပဒေပါ အချိန်ကာလအတွင်း အမှုဖွင့်လှစ် တရားစွဲဆိုခြင်း ၊ ချေပပြောဆိုခြင်း ပြုရမည်ဖြစ်ပါသည်။ ကာလစည်းကမ်းသတ် ကုန်ဆုံးခြင်းမှာ ရုံးပိတ်ရက်အတွင်းဖြစ်ပြီး တစ်ရက် နှစ်ရက်သာ ကာလစည်းကမ်းသတ် ကျော်လွန်ခြင်းဖြစ်ပါက ရုံးဖွင့်ရက်တွင် တရားစွဲဆိုခြင်း ဆောင်ရွက်နိုင်ပါသည်။ အမိန့်တစ်ရပ်အတွက် အယူခံဝင်ခြင်းပြုရာတွင်လဲ မိတ္တူမှန် ရရှိရေးအတွက် လိုအပ်သောအချိန်ကာလအား ကာလစည်းကမ်းသတ်အတွင်းမှ ထုတ်ပယ်ခြင်းပြုနိုင်ပါသည်။ တားဝရမ်း အမိန့်တစ်ရပ်ရပ်ဖြင့် ရပ်ဆိုင်းထားခြင်းရှိပါက အဆိုပါ အချိန်ကာလအား ကာစည်းကမ်းသတ်အတွင်းမှ ထုတ်ပယ်ခြင်းပြုနိုင်ပါသည်။ တရားမမှုများ၌ တရားဝင်ဆက်ခံခွင့်ရှိသူ ကိုယ်စားလှယ်၏ အခွင့်အရေးမှာ တရားလို / တရားပြိုင် သေဆုံးချိန်တွင် စတင်၍ ကာလစည်းကမ်း သတ်ရေတွက်ရမည်ဖြစ်ပါသည်။ တရားပြိုင်မှာ နိုင်ငံအတွင်း မရှိနှင့်နေပါကလဲ ၎င်းနိုင်ငံခြား ရောက်ရှိနေချိန်ကို […]
လင်မယားနှစ်ဦးနှင့် သက်ဆိုင်သည့် ပစ္စည်းများအား အောက်ပါအတိုင်း အမျိုးအစားများခွဲခြား၍ သတ်မှတ်နိုင်ပါသည်။ ၁။ ပါရင်းပစ္စည်း ၂။ အထက်ပါပစ္စည်း ၃။ ခန်းဝင်ပစ္စည်း ၄။ မင်းပေးပစ္စည်း ၅။ လက်ထပ်ပွှားပစ္စည်း ၆။ နှစ်ပါးစုံပစ္စည်း ၇။ သီးခြားပိုင်ဆိုင်သည့်ပစ္စည်း ဟူ၍ ဖြစ်ပါသည်။ ပါရင်းပစ္စည်းဆိုသည်မှာ တစ်ဦးမှ အိမ်ထောင်ပြုစဉ် ပါရှိလာသော ပစ္စည်းကို ဆိုလိုပြီး ပစ္စည်းပါ လာသူ ခင်ပွန်း/ဇနီးမှ (၃)ပုံ (၂)ပုံရရှိပြီး ကျန်တစ်ဦးမှ (၃)ပုံ (၁)ပုံရရှိပါသည်။ ပါရင်းပစ္စည်းမှာ လက်ထပ်ပွှားပစ္စည်း၊ ခန်းဝင်ပစ္စည်းနှင့် ကြာလျှင် ရောထွေးသွားတတ်ပြီး လက်ထက်ပွှားပစ္စည်းဖြစ်သည်ဟု အငြင်းပွှားတတ်ပါသည်။ ပါရင်းပစ္စည်းမြေပေါ်တွင် အိမ်ဆောက်လိုက်ပါက လက်ထက်ပွှားပစ္စည်းနှင့် ရောထွေးကာ လက်ထက်ပွှားပစ္စည်း ဖြစ်သွားတတ်ပါသည်။ အထက်ပါပစ္စည်းဆိုသည်မှာ အိမ်ထောင်ကြီးချင်း လက်ထက်ကြလျှင် ပါရှိလာသောပစ္စည်းကို ဆိုလိုပါ သည်။ […]
[Unicode] မြေငှားဂရန် စာချုပ်တစ်စောင်မှာ ခွင့်ပြုကာလအထိသာ အကျုံးဝင်ပြီး သတ်မှတ်ကာလကုန်ဆုံးရန် (၃)လအလိုတွင် သက်တမ်းတိုး လျှောက်ထားမှုပြုရမည်ဖြစ်ကာ သက်တမ်းကုန်ပါကမြေပိုင်ရှင်အခွင့်အရေး ဆုံးရှုံးမည်ဖြစ်ပါသည်။ မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားခွင့်ရှိသူများမှာ မြေငှားဂရန်မူရင်း အမည်ပေါက်သူကိုယ်တိုင်၊ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် မြေပိုင်ဆိုင်မှု လွှဲပြောင်းဆက်ခံသူ၊ တရားရုံးမှ ထုတ်ပေးသော မရွှေ့မပြောင်း နိုင်သောပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှ မြေငှားဂရန် မူရင်းပြသ၍ မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ ထို့ပြင် မြေငှားဂရန်သက်တမ်းတိုးလျှောက်ထားရာ၌ သက်တမ်းတိုး လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့် စွက်ပြီး မြေငှားဂရန်မိတ္တူ ၊ မှတ်ပုံတင်စာချုပ်စာတမ်း မိတ္တူ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား မိတ္တူ၊ မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူ မရှိပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် မိတ္တူ (မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး) ဌာနသို့ တင်ပြလျှောက်ထားရပါမည်။ မြေငှားဂရန် […]