လင်မယားနှစ်ဦးနှင့် သက်ဆိုင်သည့် ပစ္စည်းများအား အောက်ပါအတိုင်း အမျိုးအစားများခွဲခြား၍ သတ်မှတ်နိုင်ပါသည်။
၁။ ပါရင်းပစ္စည်း
၂။ အထက်ပါပစ္စည်း
၃။ ခန်းဝင်ပစ္စည်း
၄။ မင်းပေးပစ္စည်း
၅။ လက်ထပ်ပွှားပစ္စည်း
၆။ နှစ်ပါးစုံပစ္စည်း
၇။ သီးခြားပိုင်ဆိုင်သည့်ပစ္စည်း ဟူ၍ ဖြစ်ပါသည်။
ပါရင်းပစ္စည်းဆိုသည်မှာ တစ်ဦးမှ အိမ်ထောင်ပြုစဉ် ပါရှိလာသော ပစ္စည်းကို ဆိုလိုပြီး ပစ္စည်းပါ လာသူ ခင်ပွန်း/ဇနီးမှ (၃)ပုံ (၂)ပုံရရှိပြီး ကျန်တစ်ဦးမှ (၃)ပုံ (၁)ပုံရရှိပါသည်။
ပါရင်းပစ္စည်းမှာ လက်ထပ်ပွှားပစ္စည်း၊ ခန်းဝင်ပစ္စည်းနှင့် ကြာလျှင် ရောထွေးသွားတတ်ပြီး လက်ထက်ပွှားပစ္စည်းဖြစ်သည်ဟု အငြင်းပွှားတတ်ပါသည်။
ပါရင်းပစ္စည်းမြေပေါ်တွင် အိမ်ဆောက်လိုက်ပါက လက်ထက်ပွှားပစ္စည်းနှင့် ရောထွေးကာ လက်ထက်ပွှားပစ္စည်း ဖြစ်သွားတတ်ပါသည်။
အထက်ပါပစ္စည်းဆိုသည်မှာ အိမ်ထောင်ကြီးချင်း လက်ထက်ကြလျှင် ပါရှိလာသောပစ္စည်းကို ဆိုလိုပါ သည်။ အထက်ပါပစ္စည်းမှာ ယခင်အိမ်ထောင်ကြီး၏ သားသမီးများနှင့် အဓိကသက်ဆိုင်ပြီး ၎င်းတို့အကျိုးအား ကာကွယ်ရမည်ဖြစ်ပါသည်။
သို့သော် အထက်ပါပစ္စည်းပစ္စည်းများလဲ ပါရင်းပစ္စည်းကဲ့သို့ပင် လက်ပွားပစ္စည်းနှင့် ရောထွေးသွားနိုင်ပါသည်။
ခန်းဝင်ပစ္စည်းဆိုသည်မှာ အညီအမျှ ခွဲဝေရရှိနိုင်ပြီး ပါရင်းပစ္စည်းအား ခန်းဝင်အဖြစ် ထည့်သွင်းပါက ခန်း ဝင်ပစ္စည်းအဖြစ် သတ်မှတ်ရမည်ဖြစ်ပါသည်။
မင်းပေးပစ္စည်းဆိုသည်မှာ ချီးမြှင့်၍ ပေးအပ်သောပစ္စည်းပင် ဖြစ်ပါသည်။
လက်ထပ်ပွားပစ္စည်းဆိုသည်မှာ နှစ်ဦးစလုံးနှင့် သက်ဆိုင်ပြီး သာမာန်လက်ထပ်ပွားပစ္စည်းနှင့် အမွေရ လက်ထပ်ပွားပစ္စည်းဟူ၍ ခွဲခြားနိုင်ပါသေးသည်။
လက်ထက်ပွားပစ္စည်းမှာ ပွားများလာပါက နှစ်ပါးစုံပစ္စည်းအဖြစ် ရောက်ရှိသွားမည်ဖြစ်ပါသည်။
နှစ်ပါးစုံပစ္စည်းဆိုသည်မှာလဲ နှစ်ဦးနှစ်ဖက် ကြိုးစားမှုဖြင့် ဖြစ်ထွန်းလာသောပစ္စည်းကို ဆိုလိုပါသည်။
သီးခြားပိုင်ဆိုင်သည့် ပစ္စည်းဆိုသည်မှာ လင်မယားနှစ်ဦးမှာ သီးခြားပစ္စည်း ပိုင်ဆိုင်မှုအဖြစ် ခွဲခြား၍ မရ သောကြောင့် သီးခြားပစ္စည်းဟူ၍ မရှိပါ။
လင်မယားနှစ်ဦး၏ ပစ္စည်းပိုင်ဆိုင်ခွင့်မှာ တစ်ဦးမရှိတော့သည့် နောက်ပိုင်းမှသာ တစ်ဦးမှာပစ္စည်း အားလုံးနှင့် သက်ဆိုင်မည်ဖြစ်ပြီး ပေါင်းသင်းမှုရှိစဉ်တွင် ပုံမှန်လက်ထက်ပွှားပစ္စည်း၌ အတူတူပိုင်ဆိုင်ကြောင်း ဥပဒေ ဗဟုသုတအနေဖြင့် ဖြေဆို ရေးသားပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com