ylliX - Online Advertising Network
ကာလစည်းကမ်းသတ်ဥပဒေနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com

ကာလစည်းကမ်းသတ်ဥပဒေနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။ – iMyanmarHouse.com


တရားမမှုဖြင့် အမှုဖွင့်လှစ် တရားစွဲဆိုရသော ငွေရေးကြေးရေး ကိစ္စရပ်များ၊ နစ်နာကြေး၊ လျော်ကြေး ကိစ္စရပ်များတွင် ကာလစည်းကတ်ဥပဒေပါ အချိန်ကာလအတွင်း အမှုဖွင့်လှစ် တရားစွဲဆိုခြင်း ၊ ချေပပြောဆိုခြင်း ပြုရမည်ဖြစ်ပါသည်။

ကာလစည်းကမ်းသတ် ကုန်ဆုံးခြင်းမှာ ရုံးပိတ်ရက်အတွင်းဖြစ်ပြီး တစ်ရက် နှစ်ရက်သာ ကာလစည်းကမ်းသတ် ကျော်လွန်ခြင်းဖြစ်ပါက ရုံးဖွင့်ရက်တွင် တရားစွဲဆိုခြင်း ဆောင်ရွက်နိုင်ပါသည်။ အမိန့်တစ်ရပ်အတွက် အယူခံဝင်ခြင်းပြုရာတွင်လဲ မိတ္တူမှန် ရရှိရေးအတွက် လိုအပ်သောအချိန်ကာလအား ကာလစည်းကမ်းသတ်အတွင်းမှ ထုတ်ပယ်ခြင်းပြုနိုင်ပါသည်။ တားဝရမ်း အမိန့်တစ်ရပ်ရပ်ဖြင့် ရပ်ဆိုင်းထားခြင်းရှိပါက အဆိုပါ အချိန်ကာလအား ကာစည်းကမ်းသတ်အတွင်းမှ ထုတ်ပယ်ခြင်းပြုနိုင်ပါသည်။ တရားမမှုများ၌ တရားဝင်ဆက်ခံခွင့်ရှိသူ ကိုယ်စားလှယ်၏ အခွင့်အရေးမှာ တရားလို / တရားပြိုင် သေဆုံးချိန်တွင် စတင်၍ ကာလစည်းကမ်း သတ်ရေတွက်ရမည်ဖြစ်ပါသည်။

တရားပြိုင်မှာ နိုင်ငံအတွင်း မရှိနှင့်နေပါကလဲ ၎င်းနိုင်ငံခြား ရောက်ရှိနေချိန်ကို ကာလစည်းကမ်းသတ် အချိန်ကာလမှ နုတ်ပယ်နိုင်ပါသည်။ နိုင်ငံခြားတွင် ချုပ်ဆိုသော စာချုပ်များအားလဲ တရားမမှု တရားစွဲဆိုခြင်းပြုလျှင် နိုင်ငံအတွင်း ကာလစည်းကမ်းသတ်ဥပဒေအရပင် လိုက်နာတရားစွဲဆိုရမည်ဖြစ်ပါသည်။ သက်သာခွင့် တစ်ရပ်အရ တရားမမှု စွဲဆိုရာတွင် သဘောရိုးဖြင့် စီရင်ပိုင်ခွင့်မရှိကြောင်း မသိရှိဘဲ တရားစွဲဆိုမိလျှင် နောက်တစ်ကြိမ် တရားစွဲဆိုရာ၌ အဆိုပါအချိန်ကာလကို ကာလစည်းကမ်းသတ်မှ နုတ်ပယ်ခွင့်ပြုရန် တောင်းဆို နိုင်ပါသည်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား လက်ရောက်ရလိုမှုမှာ ကာလစည်းကမ်းသတ် (၆)လ ၊ တရားရုံး အမိန့်ဒီကရီအရ ရောင်းချခြင်းအား အတည်ပြုရာတွင် ကာလစည်းကမ်းသတ် (၁)နစ်၊ ကုန်ပစ္စည်းပျက်စီး၊ ပျောက်ဆုံးလျှင် ကာလစည်းကမ်းသတ်မှာ (၁)နှစ် ၊ အမွေထိန်းအပေါ် တရားစွဲဆိုလိုလျှင် ကာလစည်းကမ်းသတ် (၂)နှစ် စသဖြင့် သတ်မှတ် ကာလစည်းကမ်းသတ်အတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။

အယူခံမှုများ တင်သွင်းသည်မှာ ကာလစည်းကမ်းသတ် ကျော်လွန်ကျော်ပါကလဲ မည်သည့်အတွက်ကြောင့် ကာလစည်းကမ်းသတ် ကျော်လွန်ရကြောင်း တရားရုံးမှ ကျေနပ်အောင်အကြောင်းပြချက်ဖြင့် တင်ပြနိုင်ပါသည်။ ကာလစည်းကမ်းသတ် ဥပဒေပုဒ်မ – ၁၉ အရ ပစ္စည်း (သို့) ငွေကြေး တစ်စုံတစ်ရာအတွက် စာချုပ်ချုပ်ဆိုထားသူမှာ ထပ်မံ၍ ဝန်ခံကတိပြု လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုလျှင် အဆိုပါ ဝန်ခံကတိပြုချက်အတိုင်း ကာလစည်းကမ်းသတ် ရေတွက်နိုင်ပါသည်။ ဝန်ခံချက်စာချုပ်စာတမ်းအား ကာလစည်းကမ်းသတ် ရေတွက်နိုင်ရန် သက်သေခံတင်ပြ ပေးရမည်ဖြစ်ပါသည်။

ကာလစည်းကမ်းသတ်မှာ ပဋိဉာဉ်အား စတင်ချိုးဖောက်ခြင်းပြုသည့်အချိန် (သို့) တဖက်မှ နစ်နာမှုပေါ် ပေါက်လာသည့်အချိန် (သို့) ပဋိဉာဉ်ပါ ကန့်ကွက်ချက်များကို ကျုးလွန်သည့်အချိန်တွင် သာမန်အားဖြင့်စတင် ရေတွက်ရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com



Source link

Leave a Reply

Your email address will not be published. Required fields are marked *