အိန္ဒိယနိုင်ငံတွင် ဗလီတစ်ခုအပြင်၌ ဆန္ဒပြအကြမ်းဖက်ကြရာမှ လူသုံးဦးသေဆုံး၊ အများအပြား ဒဏ်ရာရ – Myanmar Transparency News Source link
ရခိုင်ပြည် တောင်ကုတ်မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန်လာကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လလယ်ကစပြီး တောင်ကုတ်မြို့နယ် နေပူတောင်တိုက်ပွဲ၊ တောင်ကုတ်-သံတွဲကား လမ်းပိုင်းအချို့တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် တောင်ကုတ်မြို့အား AA က ဝိုင်းရံပိတ်ဆို့ထားခြင်းကြောင့် စစ်ကောင်စီတပ်သည် တောင်ကုတ်တက္ကသိုလ်ထဲ နေရာယူတပ်စွဲခဲ့သည်။ သို့သော်လည်း အောက်တိုဘာလ နောက်ဆုံးအပတ် AA ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ တောင်ကုတ်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်ရင်းမှာ ဆုတ်ခွာပေးလိုက်ရပြီး လက်ရှိတွင် တောင်ကုတ်တက္ကသိုလ်က AA ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။ “တောင်ကုတ်တက္ကသိုလ်ကို သိမ်းလိုက်တာက ရက်ပိုင်းလောက်ရှိနေပါပြီ။ တိုက်ပွဲက အခု ကိုင်းရှည်ရပ်ကွက်ကျော်ပြီး မြို့လယ်ကို ရောက်သွားပြီ။ တောင်ကုတ်တက္ကသိုလ်ထဲမှာ […]
ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ကျောက်တော်မြို့ကို အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲသဖြင့် ဒေသခံ ၄ ဦးသေဆုံးကာ ၁၆ ဦး ထက်မနည်း ဒဏ်ရာရသွားသည်ဟု သိရသည်။ ကျောက်တော် အ.ထ.က(၂) စာသင်ကျောင်းအနီးနှင့် လမ်းမကြီးအနီးရှိ ပြိုင်စံရှားအမှုန့်ကြိတ်စက်ရုံ ပတ်ဝန်းကျင်ကို ဗုံးနှစ်လုံးကျသဖြင့် မိသားစုလိုက် ထိခိုက် သေဆုံးကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ တိုက်ခိုက်ခံရသည့် နေ့သည် သီတင်းကျွတ်လဆန်း ၈ ရက်နေ့၊ ဥပုသ်နေ့ ဖြစ်ရာ လူနေရပ်ကွက် ဗုံးကြဲခံရမည်ဟု ထင်မထားမိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ ဒေသခံက ပြောသည်။ “လုံးဝ မထင်မှတ်ထားတဲ့အချိန်မှာလာကြဲတော့ ဒေသခံတစ်ယောက်အနေနဲ့ ကြောက်တယ်။ ခြေဖျား၊ လက်ဖျား အေးစက်သွားတယ်။ အခုက […]