ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ကျောက်တော်မြို့ကို အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲသဖြင့် ဒေသခံ ၄ ဦးသေဆုံးကာ ၁၆ ဦး ထက်မနည်း ဒဏ်ရာရသွားသည်ဟု သိရသည်။ ကျောက်တော် အ.ထ.က(၂) စာသင်ကျောင်းအနီးနှင့် လမ်းမကြီးအနီးရှိ ပြိုင်စံရှားအမှုန့်ကြိတ်စက်ရုံ ပတ်ဝန်းကျင်ကို ဗုံးနှစ်လုံးကျသဖြင့် မိသားစုလိုက် ထိခိုက် သေဆုံးကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ တိုက်ခိုက်ခံရသည့် နေ့သည် သီတင်းကျွတ်လဆန်း ၈ ရက်နေ့၊ ဥပုသ်နေ့ ဖြစ်ရာ လူနေရပ်ကွက် ဗုံးကြဲခံရမည်ဟု ထင်မထားမိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ ဒေသခံက ပြောသည်။ “လုံးဝ မထင်မှတ်ထားတဲ့အချိန်မှာလာကြဲတော့ ဒေသခံတစ်ယောက်အနေနဲ့ ကြောက်တယ်။ ခြေဖျား၊ လက်ဖျား အေးစက်သွားတယ်။ အခုက …
Source link