ylliX - Online Advertising Network

မာလကာရွက် စားလို့ ရလား! ကောင်းကျိုးများလား!

မာလကာရွက်က ပုံမှန် စားလေ့စားထ မရှိကြပေမယ့် အရွက်ပြုတ်ရည်ကို ဆံပင်သန်ဖို့ သုံးတာမျိုး အရွက်ရဲ့ သတ္တုရည်ကို အနာကျက်စေဖို့ သုံးတာမျိုး၊ အရွက်ကို ကြိတ်ခြေပြီး အနာတွေပေါ်မှာ အုံတာမျိုးနဲ့ အသားအရေ အလှအပအတွက် သုံးကြတာမျိုးတွေကတော့ တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါကြောင့် အခုတစ်ခေါက် ပြောပြပေးချင်တာလေးက မာလကာရွက်ကို စားလို့ရလား! စားလို့ရတယ်ဆိုရင်ရော ကောင်းကျိုးလေးတွေ ရနိုင်မလားဆိုတာကို မျှဝေပေးချင်တာပါ။ မာလကာရွက် စားလို့ ရလား! အရင်ဆုံး မာလကာရွက်ကို စားလို့ရလား! ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ မာလကာရွက်က နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားလေ့ရှိတဲ့ အရွက်တစ်မျိုး မဟုတ်ပေမယ့် မာလကာရွက် နုနုလေးတွေကိုတော့ နည်းနည်းကျဉ်းကျဉ်း စားလို့ရပါတယ်။  ပြောချင်တာကတော့ မာလကာရွက်ကို ဆေးဖြစ်ဝါးဖြစ်လေးလောက်တော့ စားလို့ ရတယ်လို့ပါ။ အထူးသဖြင့်ကတော့ အရွက်ရင့်တွေမဟုတ်ဘဲ အရွက်နုနုလေးတွေပါ။  […]

နွားနို့တော့ မသောက်ချင်ဘူး ကယ်လ်ဆီယမ် ပြည့်ဝချင်တယ်

ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေတယ်။ သွားတွေကို ကြံ့ခိုင်စေတယ်ဆိုတာကို တော်တော်များများက သိထားပြီး ဖြစ်မှာပါ။ နောက်တစ်ခုက ကယ်လ်ဆီယမ် ပြည့်ဝမှု မရှိဘူးဆိုရင် အရွယ်ရောက်လာချိန်မှာ အရိုးပါးတာ၊ အရိုးပွတာမျိုးတွေ ဖြစ်နိုင်ခြေ များတာမျိုး ဖြစ်လာနိုင်ပါတယ်။  ကယ်လ်ဆီယမ်ပြည်ဝအောင်နေပါဆိုရင် အရင်ဆုံးပြေးမြင်မိတာက နွားနို့ဟုတ်။ ကယ်လ်ဆီယမ်တော့ ပြည့်ဝချင်ပါတယ်။ ဒါပေမယ့် နွားနို့တော့ မသောက်ချင်ဘူးဆိုတဲ့သူတွေ အတွက် အခုတစ်ခေါက်မှာ ကယ်လ်ဆီယမ် ပြည့်ဝစေမယ့် သက်သတ်လွတ် အာဟာရ အရင်းအမြစ်လေးတွေကို ပြောပြပေးသွားချင် ပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကယ်လ်ဆီယမ် ပြည့်ဝစေမယ့် သဘာဝ အရင်းအမြစ်များ ကယ်လ်ဆီယမ် ပြည့်ဝချင်တယ် နွားနို့ မသောက်ချင်ဘူးဆိုရင်တော့ အခုပြောပြမယ့် အစားအစာလေးတွေကို နေ့စဉ်စားသုံးမှုမှာ အဆင်ပြေသလို ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။  အယ်လ်မွန်စေ့ အယ်လ်မွန်စေ့က […]

သိကြားမကိုဋ် ဆေးဖက်ဝင်သလား!

ဆီးချိုရှိတာလား! သိကြားမကိုဋ် အရွက်လေးကို ရေစင်စင်လေးဆေးပြီး ဝါးစားပေးရင် သိသိသာသာ သွေးချိုကျစေတယ်ဆိုတဲ့ စကားကို ကြားဖူးကြတာမျိုး ရှိနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ ဆေးဖက်ဝင်တယ်ဆိုပြီး စိုက်ပျိုးကြ စားသုံးကြလုပ်လေ့ရှိတဲ့ သိကြားမကိုဋ် ဆေးဖက်ဝင်သလား! ဆိုတာကို ပြောပြပေးချင်ပါတယ်။ သိကြားမကိုဋ် ဆိုတာ သိကြားမကိုဋ်ပင်က ပင်စည်က ခပ်ပျော့ပျော့လေးနဲ့ ရိုးဆံက လေးထောင့်ပုံ ဇောင်းလေးတွေထနေပြီး ပင်စည်အရောင်က နီညိုစိမ်းရောင်လေးပါ။ အပင်က ၁ ပပေ ကနေ ၂ ပေလောက်အထိ မြင့်ပါတယ်။ အရွက်လေးတွေက ပင်စည်ကနေ ကိုင်းဖြယထွက်သလို အရွက်ဆိုင်လိုက်လေးတွေ ထွက်တတ်ပါတယ်။ ပင်စည်မှာ အဆစ်လေးတွေ များပြီး အရွက်က သေးငယ်ပါတယ်။ အရွက်က အနားတွန့်လေးတွေ ပါဝင်နေပြီး အလယ်ပိုင်းကျယ်လို့ ထိပ် ၂ ဖက် ချွန်ချွန်လေးပါ။ အဆစ် တစ်ဆစ်စီတွင် […]

လက်ပံပွင့် ကျန်းမာရေးကောင်းစေသလား!

နွေဦးမှာ လေအဝှေ့နဲ့ ကြွေကျတတ်တဲ့ လက်ပံပွင့်နီနီလေးက မြင်ရတာ လှသလို လက်ပံပွင့်ကို ရခိုင်သုပ်လေး သုပ်စားလည်း ကောင်းသလို ဆီချက်လေး မြေပဲလေးနိုင်နိုင်နဲ့ မြန်မာသုပ်လေး သုပ်စားတာကလည်း အတော်လေး စားကောင်းတာပါ။ နောက်ထပ် စားလို့ရသေးတာက လက်ပံခေါင်းကို ချဉ်ရည်ချက်စားတာ၊ ငပိလေးနဲ့ အတို့အမြှုပ်အဖြစ်ရောပေါ့။ ဒီလိုမျိုး ဘယ်လိုစားစား စားကောင်းတဲ့ လက်ပံပွင့် ကျန်းမာရေးကောင်းစေသလား! ဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။ လက်ပံပွင့် ဆိုတာ ဘာများလဲ! လက်ပံပွင့်ဆိုတာက အားလုံး သိထားပြီး ဖြစ်ကြတဲ့အတိုင်း လက်ပံပင်ရဲ့ အပွင့်ပါ။ ပွင့်ချပ်လေးတွေက အနီရောင်ရဲရဲလေးနဲ့ လိမ္မော်ရောင်လေးတွေ ရှိနိုင်ပါတယ်။ အပွင့်ရဲ့ အညှာက အညိုရောင်မာမာလေးပါ။ ပွင့်ဆံလေးတွေနဲ့ ဝတ်ဆံတိုင်လေးတွေလည်း ပါပါတယ်။ လပ်ပံပွင့်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေတာလဲ! လက်ပံပွင့်မှာ ပရိုတင်း ရေဓာတ် […]

ဝဥ ကျန်းမာရေး ကောင်းကျိုး ရှိသလား!

ဝဥဆိုတာကို ကန်စွန်းဥလို အာလူးလို ဥကို ဥအလိုက် စားတာမျိုးထက်  ဝဥကို ကျို၊ အခဲခံထားတဲ့ ဝဥ အတုံးလေးတွေကိုတော့ မြင်ဖူးကြမှာပါ။ ဝဥကို ပါးပါးလေး လှီးပြီး ကင်စားစား၊ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းလေးတွေနဲ့ ချဉ်ချဉ်စပ်စပ်လေး ချက်စားစား စားလို့ ကောင်းသလို ရေနွေးဖျောပြီး သုပ်စားရင်လည်း အတော်လေး စားကောင်းပါတယ်။ နောက်တစ်နည်းကတော့ ဟော့ပေါ့ထဲ ထည့်စားတာပါ။ ဒီလို စားကောင်းတဲ့ ဝဥ ကျန်းမာရေး ကောင်းကျိုး ရှိသလား! ဆိုတာကို  ကြည့်လိုက်ပါဦးနော်။ ဝဥ ဆိုတာ ဘာများလဲ! ဝဥ ဆိုတာက အာဟာရ ပြည့်ဝတဲ့ သစ်ဥသစ်ဖု တစ်ခုပါ။ ပီလောပီနံဥတွေနဲ့ မျိုးရင်း ခပ်ဆင်ဆင်ပါ။ ဒီအပင်က အာရှဒေသမျိုးရင်းပင် ဖြစ်ပြီး သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ တောင်တရုတ် […]