နွေဦးမှာ လေအဝှေ့နဲ့ ကြွေကျတတ်တဲ့ လက်ပံပွင့်နီနီလေးက မြင်ရတာ လှသလို လက်ပံပွင့်ကို ရခိုင်သုပ်လေး သုပ်စားလည်း ကောင်းသလို ဆီချက်လေး မြေပဲလေးနိုင်နိုင်နဲ့ မြန်မာသုပ်လေး သုပ်စားတာကလည်း အတော်လေး စားကောင်းတာပါ။ နောက်ထပ် စားလို့ရသေးတာက လက်ပံခေါင်းကို ချဉ်ရည်ချက်စားတာ၊ ငပိလေးနဲ့ အတို့အမြှုပ်အဖြစ်ရောပေါ့။ ဒီလိုမျိုး ဘယ်လိုစားစား စားကောင်းတဲ့ လက်ပံပွင့် ကျန်းမာရေးကောင်းစေသလား! ဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။
လက်ပံပွင့် ဆိုတာ ဘာများလဲ!
လက်ပံပွင့်ဆိုတာက အားလုံး သိထားပြီး ဖြစ်ကြတဲ့အတိုင်း လက်ပံပင်ရဲ့ အပွင့်ပါ။ ပွင့်ချပ်လေးတွေက အနီရောင်ရဲရဲလေးနဲ့ လိမ္မော်ရောင်လေးတွေ ရှိနိုင်ပါတယ်။ အပွင့်ရဲ့ အညှာက အညိုရောင်မာမာလေးပါ။ ပွင့်ဆံလေးတွေနဲ့ ဝတ်ဆံတိုင်လေးတွေလည်း ပါပါတယ်။
လပ်ပံပွင့်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေတာလဲ!
လက်ပံပွင့်မှာ
- ပရိုတင်း
- ရေဓာတ်
- အမျှင်ဓာတ်
- ဗီတာမင် A
- ဗီတာမင် C တို့ပါဝင်နေပါတယ်။
လက်ပံပွင့် ကျန်းမာရေးကောင်းစေသလား!
လက်ပံပွင့် ကျန်းမာရေးကောင်းစေသလား! ဆိုတော့ ကောင်းစေပါတယ် ဘယ်လိုမျိုး ကျန်းမာရေး ကောင်းစေတာလဲဆိုတာကို ဆက်ကြည့်လိုက်ပါဦးနော်။
စအိုသွေးကျတာကို သက်သာစေမယ်
လက်ပံပွင့်ကို ချက်ပြုတ်စားတာက ဝမ်းမှန်စေနိုင်သလို လိပ်ခေါင်းသက်သာစေနိုင်ပြီး လိပ်ခေါင်းကြောင့် စအိုကနေ သွေးကျတာကို သက်သာစေနိုင်ပါတယ်။
အနာကျက်စေနိုင်မယ်
လက်ပံပွင့်ကို ကြိတ်ပြီး သတ္တုရည်ကို အနာပေါ်မှာ လိမ်းပေးတာက အနာကျက်စေနိုင်ပြီး အနာကို ပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးမှာပါ။
ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေမယ်
ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့ လက်ပံပွင့်ကို အသုံးပြုပေးလို့ ရသလို လက်ပံရွက်ကိုလည်း အသုံးပြုပေးလို့ ရပါတယ်။
အပူလောင်အနာကို သက်သာစေမယ်
လက်ပံပွင့်ချပ်ကို အခြောက်ခံ ပြာချပြီး ဆီလေးနဲ့ လိမ်းပေးတာက အပူလောင်နာကို သက်သာစေနိုင်ပါတယ်။
အဖုအကျိတ်တွေ သက်သာစေမယ်
လက်ပံပွင့်ကို အနှစ်ဖြစ်အောင် ကြိတ်ပြီး အကျိတ်အဖုတွေပေါ်မှာ လိမ်းပေးတာက ကင်ဆာကျိတ် မဟုတ်သော သာမန် အကျိတ်အဖုတွေကို သက်သာစေနိုင်ပါတယ်။
အစာအိမ် အူလမ်းကြောင်း ကျန်းမာစေမယ်
လက်ပံပွင့်က အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေသလို အူနံရံတွေကို ကျန်းမာစေပြီး အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေမယ်
ဆီးသွားရ နာကျင်တာ၊ ဆီးသွားရ ခက်တာတွေကို သက်သာစေဖို့ဆိုရင်လည်း လက်ပံပွင့်ကို အသုံးပြုပေးလို့ ရပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေဖို့လည်း လက်ပံခေါင်းကို စားပေးလို့ ရပါတယ်။
သွေးသန့်စေမယ်
လက်ပံပွင့်နဲ့ လက်ပံခေါင်းက သွေးသန့်စေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ လက်ပံပွင့်ကို စားပေးလို့ ရပါတယ်။
ရာသီသွေးဆင်းများတာကို သက်သာစေမယ်
ရာသီသွေးဆင်းတာက ကျန်းမာမှုရဲ့ လက္ခဏာ တစ်ခုဆိုပေမယ့် ရာသီသွေးဆင်းများတာက ကောင်းတော့ မကောင်းပါဘူး။ ဒီအခြေအနေကို သက်သာစေဖို့ဆိုရင် လက်ပံပွင့်ကို အသုံးပြုပေးလို့ ရပါတယ်။
အသားအရေ ကျန်းမာစေမယ်
အသားအရေမှာ ဖြစ်တဲ့ ဝက်ခြံ၊ အမဲစက်နဲ့ အသားအရောင် မညီတာကို သက်သာစေဖို့ဆိုရင်လည်း သေချာ သန့်စင်ထားတဲ့ လက်ပံပွင့်ကို အနှစ်ကြိတ်ပြီး လိမ်းပေးလို့ ရပါတယ်။
ချောင်းဆိုး သက်သာစေမယ်
ချောင်းဆိုးနေတယ်ဆိုရင်လည်း လက်ပံပွင့်ကို ငရုတ်ကောင်းလေးနဲ့ တွဲဖက် စားသုံးပေးတာက ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။
အအေးမိဖျားနာတာ သက်သာစေမယ်
လက်ပံပွင့်က ကိုယ်ခံအား ကောင်းစေပြီး ဖျားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ဖျားနာမှုကိုလည်း မြန်မြန် သက်သာစေနိုင်ပါတယ်။
လက်ပံပွင့်လေးက စားရလည်း ကောင်းပြီး အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေကိုလည်း ရရှိစေနိုင်ပါတယ်။
# အမှာစကား
ဘာတွေ သတိထားရမလဲ!
လက်ပံပွင့်က ကျန်းမာစေတယ် ဆိုပေမယ့် အများကြီးစားတာမျိုးကတော့ မကောင်းပါဘူး။ အလွန်အကျွံစားမယ်ဆိုရင်
- ခေါင်းကိုက်တာ
- မအီမသာဖြစ်တာ
- သွေးပေါင်ကျတာ
- ဝမ်းပျက်ဝမ်းလျှောတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ!
ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ ပုံမှန် ကျန်းမာသူတွေအနေနဲ့လည်း အလွန်အကျွံစားတာကို ရှောင်ကြဉ်သင့်ပါတယ်။
ဓာတ်မတည့်ဖြစ်နိုင်ခြေများတဲ့အတွက် အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ တည့်မတည့် စမ်းဖို့ လိုပါတယ်။
လက်ပံပွင့်က ပေးတဲ့ ကောင်းကျိုး
လက်ပံပွင့် နဲ့ လက်ပံခေါင်းလေးက
- လိပ်ခေါင်းသက်သာစေတယ်
- အနာကျက်စေတယ်
- ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေတယ်
- အပူလောင်နာကို သက်သာစေတယ်
- အကျိတ်အဖုတွေကို သက်သာစေတယ်
- သွေးသန့်စေတယ်
- ရာသီသွေးဆင်းများတာကို သက်သာစေတယ်
- အသားအရေ ကျန်းမာစေတယ်
- ချောင်းဆိုး သက်သာစေတယ်
- ကိုယ်ခံအား ကောင်းစေတယ်