ylliX - Online Advertising Network

သိကြားမကိုဋ် ဆေးဖက်ဝင်သလား!


ဆီးချိုရှိတာလား! သိကြားမကိုဋ် အရွက်လေးကို ရေစင်စင်လေးဆေးပြီး ဝါးစားပေးရင် သိသိသာသာ သွေးချိုကျစေတယ်ဆိုတဲ့ စကားကို ကြားဖူးကြတာမျိုး ရှိနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ ဆေးဖက်ဝင်တယ်ဆိုပြီး စိုက်ပျိုးကြ စားသုံးကြလုပ်လေ့ရှိတဲ့ သိကြားမကိုဋ် ဆေးဖက်ဝင်သလား! ဆိုတာကို ပြောပြပေးချင်ပါတယ်။

သိကြားမကိုဋ် ဆိုတာ

သိကြားမကိုဋ်ပင်က ပင်စည်က ခပ်ပျော့ပျော့လေးနဲ့ ရိုးဆံက လေးထောင့်ပုံ ဇောင်းလေးတွေထနေပြီး ပင်စည်အရောင်က နီညိုစိမ်းရောင်လေးပါ။ အပင်က ၁ ပပေ ကနေ ၂ ပေလောက်အထိ မြင့်ပါတယ်။ အရွက်လေးတွေက ပင်စည်ကနေ ကိုင်းဖြယထွက်သလို အရွက်ဆိုင်လိုက်လေးတွေ ထွက်တတ်ပါတယ်။

ပင်စည်မှာ အဆစ်လေးတွေ များပြီး အရွက်က သေးငယ်ပါတယ်။ အရွက်က အနားတွန့်လေးတွေ ပါဝင်နေပြီး အလယ်ပိုင်းကျယ်လို့ ထိပ် ၂ ဖက် ချွန်ချွန်လေးပါ။ အဆစ် တစ်ဆစ်စီတွင် အရွက်များ မျက်နှာချင်းဆိုင် အလှည့်ကျ ထွက်ကြပါတယ်။ အရွက်က ပါးပြီး ပျော့ပျောင်းပါတယ်။ အပွင့်လေးတွေကတော့ ဖြူပြာရောင် သေးငယ်သော အပွင့်ကလေးများ အခိုင်လိုက်ပွင့်တတ်ပါတယ်။ အပွင့်လေးရဲ့ ပုံစံက မကိုဋ်နဲ့ ခပ်ဆင်ဆင်ပါ။ အသီးလေးတွေက သေးငယ်ပြီး ရှည်မျောမျောပုံလေးပါ။

သိကြားမကိုဋ်ပင်မှာ အပွင့်၊ အသီး၊ အရွက်ဆိုတဲ့ အစိတ်အပိုင်းတွေပါတယ်ဆိုပေမယ့် ဆေးဖက်ဝင်တဲ့ အရာအဖြစ်တော့ အရွက်ကိုပဲ အသုံးပြုကြပါတယ်။ အရွက်ကို ဝါးစားကြတာမျိုး ရှိသလို လက်ဖက်ခြောက်လိုမျိုး ရေနွေးဆူဆူထဲ ခတ်သောက်ကြတာမျိုးလည်း ရှိပါတယ်။

သိကြားမကိုဋ် ဆေးဖက်ဝင်သလား!

သိကြားမကိုဋ် ဆေးဖက်ဝင်သလား! ဆိုတော့ မြန်မာနိုင်ငံ နေရာအနှံ့မှာ စိုက်ပျိုးလို့ရတဲ့ သိကြားမကိုဋ် အပင်က အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

ဆီးချိုထိန်းညှိပေးတယ်

သိကြားမကိုဋ်မှာ အမျှင်ဓာတ်ပါဝင်နေသလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် သွေးချိုကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆီးချိုရှိသူတွေ စားပေးလို့ ရသလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိချင်သူတွေလည်း စားပေးလို့လည်း ရပါတယ်။

သွေးတိုးကျစေတယ်

သိကြားမကိုဋ်က သွေးတွင်းသကြားဓာတ်ကို ထိန်းပေးသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါကြောင့် သွေးတိုးကျစေဖို့ဆိုရင်လည်း သိကြားမကိုဋ် ကို ဆေးဖြစ်ဝါးဖြစ် သုံးပေးလို့ ရပါတယ်။

ဆီးရွှင်စေတယ်

ဆီးသွားနည်းသူတွေ အနေနဲ့ ဆီးရွှင်စေဖို့အတွက်လည်း သိကြားမကိုဋ်ကို အသုံးပြုပေးလို့ ရပါတယ်။ ဆီးသွားရခက်နေတာကိုလည်း ဖြေရှင်းဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အဆစ်အမြစ်ကိုက်တာ သက်သာစေတယ်

သိကြားမကိုဋ်က နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို အဆစ်အမြစ်နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အဆစ်တွေနာကျင်ကိုက်ခဲတာကို သက်သာစေဖို့ဆိုရင်လည်း သိကြားမကိုဋ်ကို အသုံးပြုပေးလို့ ရပါတယ်။

ကျောက်ကပ် ကျန်းမာစေတယ်

သိကြားမကိုဋ်ရဲ့ နောက်ထပ်အာနိသင် တစ်ခုကတော့ ကျောက်ကပ်ကို ကျန်းမာစေတာပါ။ ဒါကြောင့် သိကြားမကိုဋ်ကို ကျောက်ကပ်ကျန်းမာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

#တန်ဆေးလွန်ဘေး

သိကြားမကိုဋ်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ မသောက်သုံးသင့်၊ မစားသုံးသင့်ပါဘူး။ ရောဂါအခံတစ်ခုခုကြောင့် ဆေးသောက်နေရသူတွေနဲ့ နှလုံးရောဂါ နဲ့ ကျောက်ကပ်ရောဂါအခံရှိသူတွေ၊ ဖောရောင်နေသူတွေအနေနဲ့ သိကြားမကိုဋ်ကို မစားသုံးသင့်ပါဘူး။

သိကြားမကိုဋ်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုတာကို သတိချပ်စေချင်ပါတယ်။

The post သိကြားမကိုဋ် ဆေးဖက်ဝင်သလား! appeared first on LOTOSHINN.



Source link

Leave a Reply

Your email address will not be published. Required fields are marked *