ဝဥဆိုတာကို ကန်စွန်းဥလို အာလူးလို ဥကို ဥအလိုက် စားတာမျိုးထက် ဝဥကို ကျို၊ အခဲခံထားတဲ့ ဝဥ အတုံးလေးတွေကိုတော့ မြင်ဖူးကြမှာပါ။ ဝဥကို ပါးပါးလေး လှီးပြီး ကင်စားစား၊ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းလေးတွေနဲ့ ချဉ်ချဉ်စပ်စပ်လေး ချက်စားစား စားလို့ ကောင်းသလို ရေနွေးဖျောပြီး သုပ်စားရင်လည်း အတော်လေး စားကောင်းပါတယ်။ နောက်တစ်နည်းကတော့ ဟော့ပေါ့ထဲ ထည့်စားတာပါ။ ဒီလို စားကောင်းတဲ့ ဝဥ ကျန်းမာရေး ကောင်းကျိုး ရှိသလား! ဆိုတာကို ကြည့်လိုက်ပါဦးနော်။
ဝဥ ဆိုတာ ဘာများလဲ!
ဝဥ ဆိုတာက အာဟာရ ပြည့်ဝတဲ့ သစ်ဥသစ်ဖု တစ်ခုပါ။ ပီလောပီနံဥတွေနဲ့ မျိုးရင်း ခပ်ဆင်ဆင်ပါ။ ဒီအပင်က အာရှဒေသမျိုးရင်းပင် ဖြစ်ပြီး သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ တောင်တရုတ် နဲ့ နယူးဂီနီတို့မှာ ပေါက်ရောက်ကြပါတယ်။ အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အာဟာရ တန်ဖိုးများသလို ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုပေးပါတယ်။
ဝဥမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ!
ဝဥမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
- ကစီဓာတ်
- ရေဓာတ်
- အဆီဓာတ်
- ပရိုတင်း
- အမျှင်ဓာတ်
- ပိုတက်ဆီယမ်
- ကယ်လ်ဆီယမ်
- သံဓာတ်
- မဂ္ဂနီဆီယမ်
- ဆိုဒီယမ်
- ဇင့်
- ကော့ပါးတို့ ပါဝင်နေပါတယ်။
ဝဥ ကျန်းမာရေး ကောင်းကျိုး ရှိသလား!
ဝဥ ကျန်းမာရေး ကောင်းကျိုး ရှိသလား! ဆိုတော့ အခုလိုလေး ထောက်ကူပေးပါတယ်။
သွေးတွင်းအဆီ ကျစေနိုင်မယ်
omega-3 fatty acids ပါဝင်နေတဲ့ ဝဥက သွေးထဲက မကောင်းတဲ့ အဆီတွေကို ဖယ်လျှော့ပေးပြီး အကျိုးပြု ကိုလက်စထရော ပမာဏကို တက်စေနိုင်ပါတယ်။
ဝိတ်ကျစေနိုင်မယ်
အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ ဝဥက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို ဝိတ်ကျချင်ရင်လည်း စားပေးလို့ ရပါတယ်။
နှလုံးကျန်းမာစေမယ်
ဝဥက သွေးထဲက အဆီကို ကျစေပြီး သွေးကြောတွေကို ပြေလျော့စေသလို သွေးစီးဆင်းမှု ကောင်းစေတာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေသလို ရုတ်တရက် နှလုံးရပ်တာ၊ နှလုံးသွေးကြောပိတ်တာတွေ မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
အရောင်ကျစေနိုင်မယ်
ဝဥက ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုကို သက်သာစေပြီး သွေးကြောတွေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်။
ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးမယ်
အမျှင်ဓာတ်နဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတဲ့ ဝဥက အူမကြီးကင်ဆာ၊ အဆုတ်နဲ့ ခံတွင်းကင်ဆာ အပါအဝင် ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
အရွယ်တင်စေနိုင်မယ်
အမျှင်ဓာတ် အပြင် ဝဥမှာ ဗီတာမင် C ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေသလို အရွယ်တင်နုပျိုစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ် ထိန်းညှိပေးမယ်
အမျှင်ဓာတ် ကြွယ်ဝတာက အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်တွင်းအဆိပ်အတောက်တွေ ဖယ်ရှားပေးမယ်
ဝဥက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။
အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ်
အမျှင်ဓာတ် ကြွယ်ဝတဲ့ ဝဥက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အာဟာရ စုပ်ယူနိုင်စွမ်း ကောင်းစေဖို့ရော ဝမ်းချုပ်မှု ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေမယ်
ဝဥမှာ ပါဝင်နေတဲ့ ပရိုတင်းက ကိုယ်ခံအားကို ကောင်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ အဖျားအနည ကင်းးချင်တယ်ဆိုရင် ဝဥကို စားပေးလို့ ရပါတယ်။
အာရုံစူးစိုက်မှု ကောင်းစေမယ်
ဝဥမှာ omega-3 fatty acid၊ ဇင့်၊ ဆီလီနီယမ်တို့ ပြည့်ဝစွာ ပါဝင်နေတာကြောင့် အာရုံစူးစိုက်မှုကို ကောင်းစေသလို ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
# အမှာစကား
ဘာတွေ သတိထားရမလဲ!
ဝဥက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ စားမိရင်တော့ –
- လည်ချောင်းယားတာ
- အစာမကြေတာ
- မအီမသာဖြစ်တာ
- အော့အန်တာ
- ဝမ်းပျက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ!
အခုလို အခြေအနေ ရှိသူတွေ ဝဥကို မစားသင့်ပါဘူး။
- အစာခြေစနစ် ပြဿနာ ရှိသူတွေ
- ရောဂါအခံ တစ်ခုခုရှိသူတွေ
- ကိုယ်ဝန်ဆောင်တွေ
- နို့တိုက်မိခင်တွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
- သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံစားတာကို ရှောင်ကြဉ်သင့်ပါတယ်။
# ဝဥ နဲ့ ကျန်းမာရေး
ဝဥကို စားသုံးပေးတာက
- ကိုယ်ခံအား ကောင်းစေတယ်
- သွေးတွင်းအဆီကျစေတယ်
- ကိုယ်အလေးချိန် ထိန်းပေးတယ်
- နှလုံးကျန်းမာစေတယ်
- အရောင်ကျစေနိုင်တယ်
- ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်
- အစာခြေစနစ် ကျန်းမာစေတယ်
- သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ်
The post ဝဥ ကျန်းမာရေး ကောင်းကျိုး ရှိသလား! appeared first on LOTOSHINN.