ylliX - Online Advertising Network

ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ – iMyanmarHouse.com

ယနေ့ကာလတွင် ပထမဆုံးနေအိမ်တစ်လုံး ပိုင်ဆိုင်လိုသူများမှာ မျိုးရိုးစဉ်ဆက် ချမ်းသာသူများမဟုတ်လျှင် (သို့မဟုတ်) ထီပေါက်ကာ ရုတ်တရက်ချမ်းသာလာခြင်းမျိုးမရှိလျှင် နှစ်ပေါင်းများစွာ ငွေစုဆောင်းကာ ဝယ်ယူကြရမည် ဖြစ်သည်။ နေအိမ်ပိုင်ဆိုင်ရေးအတွက် အခွင့်ထူးတစ်ခု ရှာဖွေနေသည်ဆိုပါက အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ အိပ်ခန်း ၁ ခန်းပါ လူနေခန်းတစ်ခန်း ၁ ပေါင်မျှဖြင့် ရောင်းချရန် စီစဉ်နေသည်။ သို့သော် သတိပြုရမည့်အချက်ရှိနေသည်။ တတိယထပ်တွင် တည်ရှိသော အခန်းဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံမှုများ ကြီးမားစွာလုပ်ဆောင်ရန် လိုအပ်နေသော အခန်းဖြစ်သည်။ ပန်းရောင်ရေချိုးခန်းရှိ ရေစိမ်ကန်မှာလည်း မှိုစွဲနေသည်။ ယခင်က လျှပ်စစ်မီး၊ ရေပိုက်လိုင်းနှင့် ရေဆိုးထုတ်ပိုက်လိုင်းတို့ရှိခဲ့သော်လည်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြချက်အရ ထိုအရာများကို စစ်ဆေးကြည့်ရှုထားခြင်းမရှိကြောင်း ဖော်ပြထားသည်။ အခြေအနေအတိအကျဖော်ပြထားခြင်းမရှိရာ ဝယ်လက်အတွက် ကံကောင်းမည်ဟုသာ မျှော်လင့်ရသည်။ (ပြန်လည်ပြုပြင်မွမ်းမံမှု များစွာလိုအပ်သည်။ ဓာတ်ပုံ-Loveitts)   ပိုမိုအရေးတကြီး […]

ဒေါ်လာ ၈၃ ဘီလျံတန်ကြေးရှိ ရွှေသိုက်ကြီးကို တရုတ်နိုင်ငံအလယ်ပိုင်းမှာ တွေ့ရှိ

၂၃. ၁၁. ၂၀၂၄ကTranslated by Thettant တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်မှာ ဒေါ်လာဘီလျံပေါင်းများစွာတန်တဲ့ ကြီးမားတဲ့ရွှေသိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီရွှေသိုက်ကြီးကို Pingjiang ခရိုင်ရှိ Wangu ရွှေတွင်းရဲ့ မြေအောက် မီတာ ၂၀၀၀ (ပေ ၆၅၆၀) အောက်မှာ ရွှေကြောအသစ် ၄၀ ကျော် ပါဝင်မှုနဲ့အတူ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရွှေသိုက်ရဲ့ အူတိုင်ဧရိယာက ခန့်မှန်းမယ်ဆို စုစုပေါင်းရွှေတန်ချိန် ၃၀ဝ ကျော်အထိ ရှိနိုင်တယ်လို့ ဟူနန်ပြည်နယ် ဘူမိဗေဒအင်စတီကျုက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီရွှေသိုက်ကြီးဟာ လက်ရှိဈေးကွက်ပေါက်ဈေးအရ ယွမ်ငွေ ၆၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၈၂ ဒသမ၈ ဘီလျံ) ခန့် တန်ကြေးရှိမယ်လို့ ခန့်မှန်းထားပြီး ဒီ ရှာဖွေတွေ့ရှိမှုဟာ တရုတ်နိုင်ငံရဲ့ သတ္တုရှာဖွေရေးမဟာဗျူဟာအတွက် အဓိကအောင်မြင်မှုတစ်ခုဖြစ်တယ်လို့ […]

သတင်းတစ်ပုဒ်ကြောင့် ဒေါ်လာ ၁သန်းတန် ထီလက်မှတ် ဆုံးရှုံးရမယ့်ဘေးမှ လွတ်မြောက်ခဲ့သူ

အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်မှ အမျိုးသားတစ်ယောက်ဟာ ဖုန်းကြည့်ရင်း ထီလက်မှတ်အကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရပြီးနောက်မှာတော့ လွင့်ပစ်လုဆဲဆဲ ဖြစ်နေတဲ့ ထီလက်မှတ်ကို ထီတိုက်ရာမှာ ဒေါ်လာ ၁ သန်းတန် ထီလက်မှတ် ဖြစ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ အမည်မဖော်လိုသူဟာ တေလာမြို့၊ အဝေးပြေးလမ်းမပေါ်မှ စတိုးဆိုင်မှာ Powerball ထီလက်မှတ် ဝယ်ယူခဲ့ပြီး အောက်တိုဘာလ ၂၆ ရက် ထီဖွင့်ချိန်မှာ ထီတိုက်ဖို့ မေ့နေခဲ့တာပါ။ သူသာ ဆက်ပြီး မေ့နေမယ်ဆိုရင် ထီလက်မှတ်ကို လွှင့်ပစ်မိသွားမှာပါ။ တစ်ရက်မှာတော့ ဖုန်းကြည့်နေရင်း FastLane စတိုးဆိုင်က ရောင်းချခဲ့တဲ့ ထီလက်မှတ်က ဒေါ်လာ ၁ သန်း ဆွတ်ခူးတဲ့ သတင်းကို ဖတ်မိပြီး သူ့ထီလက်မှတ်ကို တိုက်ကြည့်ဖို့ သတိရသွားတာပါ။ သူ့ရဲ့ထီလက်မှတ်ဟာ ၈-၁၂-၄၀-၄၅-၅၁ ဂဏန်း ၅ စုလုံး […]

အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် အငှားဈေးကွက်တင်လာ၊ ငှားရမ်းမည့်သူအနေဖြင့် မိတ်ဆွေသူငယ်ချင်းများ ခေါ်ယူခွင့်မရှိဟုဆို – iMyanmarHouse.com

မြို့ပြလူနေမှုတွင် အသက်ပင် ဝဝရှူမရသည့် အခန်းကျဉ်းကလေးများဖြင့် နေထိုင်ဖြတ်သန်းရသော်လည်း ဈေးနှုန်းမှာ ခေါင်ခိုက်နေပြီး အိမ်ငှားဈေးကွက်မှာ ရက်စက်လွန်းလှသည်။ ထိုအခြေအနေထက် ပိုမိုကျပ်တည်းစွာ လှေကားခွင်အောက်တွင် နေထိုင်ရမည်ဆိုလျှင် မည်သို့ရှိမည်နည်း။ အမေရိကန်ပြည်၊ San Jose သည် ကမ္ဘာ့နည်းပညာဗဟိုချက်ဟုဆိုနိုင်သော Silicon Valley တည်ရှိသည့်နေရာဖြစ်ကာ အိမ်ခြံမြေအလွန်ဈေးကြီးသည်။ ယခုအခါ San Jose မှ အမျိုးသားတစ်ဦးက သူ၏ အိမ်ခန်းမှ လှေကားခွင်နေရာကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် CraigsList အိမ်ခြံမြေဝက်ဘ်ဆိုက်မှတဆင့် အငှားဈေးကွက်တင်လာသည်။ အကျယ်အဝန်းမှာ ၃ ပေ×၁၀ ပေသာရှိပြီး လက်ရှိအားဖြင့် အကာအရံ တံခါးမျိုး မရှိ။ ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်မှာ ယာယီအကာအရံတစ်ခုခုဖြင့် ကာနိုင်ကြောင်းဖော်ပြထားရာ privacy အပြည့်အဝ ရရှိမည်ကား မဟုတ်ချေ။ ငှားရမ်းမည့် […]

ကလေးလူနာတွေအတွက် ကုသစရိတ် ဒေါ်လာ ၂ သိန်းကျော် လှူဒါန်းခဲ့တဲ့ မင်းသားချော Byeon Woo Seok

တောင်ကိုရီးယားမင်းသားချော Byeon Woo Seok ဟာ ကလေးလူနာတွေ ကုသနိုင်ဖို့အတွက် Severance Hospital မှာ ဝမ်သန်း ၃၀၀ ( ခန့်မှန်းခြေ ဒေါ်လာ၂၁၇၅၃၃) ကို တိတ်တဆိတ်လှူဒါန်းခဲ့တယ်လို့ သတင်းမီဒီယာတစ်ခုက နိုဝင်ဘာ ၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ Severance Hospital ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း “ရက်ရက်ရောရောလှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကလေးလူနာများစွာက ကုသမှုခံယူနိုင်တော့မှာဖြစ်တယ်”လို့ ကျေးဇူးတင်ရှိထားပါတယ်။ ထွက်ရှိလာတဲ့သတင်းနဲ့ပတ်သက်ပြီး Byeon Woo Seok ရဲ့အေဂျင်စီ VARO Entertainment က “Byeon Woo Seok လှူဒါန်းခဲ့တာ မှန်ပါတယ်။ ဒါက သူ့ရဲ့ကိုယ်ရေးကိုယ်တာအရ လှူဒါန်းခဲ့တာပါ”လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ မင်းသား Byeon Woo Seok က အခုနှစ်ရဲ့ Lovely […]

ဗဟိုဘဏ်မှ ထိုင်းဘတ် ၁၅၆ သန်းကျော်၊ ဒေါ်လာ ၉ သန်းခွဲကျော်နှင့် တရုတ်ယွမ် ၂ သန်းကျော် ထပ်မံထုတ်ရောင်း

ဗဟိုဘဏ်မှ ထိုင်းဘတ် ၁၅၆ သန်းကျော်၊ ဒေါ်လာ ၉ သန်းခွဲကျော်နှင့် တရုတ်ယွမ် ၂ သန်းကျော် ထပ်မံထုတ်ရောင်း – Myanmar Transparency News Source link

ဒေါ်နယ်ထရမ့်က မုန်တိုင်းကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို လူမှုကွန်ယက် စာမျက်နှာအသီးသီးမှာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ရေးသားဖြန့်ဝေနေကြပါတယ်။ ဒီရေးသားဖြန့်ဝေမှုတွေထဲမှာတော့ ထရမ့်က သူ့ရဲ့ ကိုယ်ပိုင် ပိုက်ဆံနဲ့ ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့ပြီး ကမ်မလာဟဲရဟစ်နဲ့ ဂျိုးဘိုက်ဒန်က ဘာလုပ်နေလဲဆိုတဲ့ မေးခွန်းမျိုးထုတ်ကာ ဖြန့်ဝေနေကြပါတယ်။ မူရင်းဖော်ပြမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ အကြောင်းအရာကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖော်ပြထားကြပါတယ်။ သတင်းဆန်းစစ်ချက် အမေရိကန် ဒေါ်နယ်ထရမ့်က မုန်တိုင်းကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ ထရမ့်က ဟာရီကိန်း မုန်တိုင်းဒဏ်ခံခဲ့ရသူတွေအပေါ် ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်း […]

ထိုင်ဝမ်သို့ ဒေါ်လာ ၂ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ အမေရိကန် အတည်ပြု – Ayeyarwaddy Times

ဧရာဝတီတိုင်းမ်အောက်တိုဘာ ၂၇ ရက် ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်သို့ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ် ပေးပို့တာ အပါ အဝင် ဒေါ်လာ (၂) ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ အမေရိကန်နိုင်ငံက အတည်ပြု လိုက်ပါတယ်။ မေလအတွင်း လိုင်ချင်တေး သမ္မတဖြစ်လာပြီးနောက် ဒုတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့သီတင်းပတ် အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာအပါအဝင် တရုတ်နိုင်ငံဟာ ထိုင်ဝမ်အ ပေါ် စစ်ရေးဖိအားပေးမှု တိုးမြှင့်လျက်ရှိပါတယ်။ အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီ ယံတန်ကြေးရှိ ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ခန့်မှန်းချေ ဒေါ်လာ ၈၂၆ သန်းတန်ကြေရှိ ရေဒါစနစ်တွေ ပါဝင်တယ်လို့ ပင်တဂွန်က ပြောပါတယ်။ “အဆိုပြုထားတဲ့ စစ်လက်နက်ရောင်းချမှုဟာ ထိုင်ဝမ်ရဲ့လုံခြုံရေးကို တိုးတက်စေကာ နိုင်ငံရေး […]

ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ထပ်မံထုတ်ရောင်း၍ နှစ်လခွဲကျော်အတွင်း ဒေါ်လာ ၂၁၅ သန်းခွဲကျော် ထုတ်ရောင်းပေးထား

ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ထပ်မံထုတ်ရောင်း၍ နှစ်လခွဲကျော်အတွင်း ဒေါ်လာ ၂၁၅ သန်းခွဲကျော် ထုတ်ရောင်းပေးထား – Myanmar Transparency News Source link

မြန်မာနှင့်လာအို အလုပ်သမားစေလွှတ်ရန် သဘောတူပြီးနောက် အလုပ်သမားအေဂျင်စီများ ဒေါ်လာ ၂၀၀ ကျော်ရရှိမည်ဟု တရားဝင်အလုပ်ခေါ်လာ – Ayeyarwaddy Times

မြန်မာနှင့်လာအို အလုပ်သမားစေလွှတ်ရန် သဘောတူပြီးနောက် အလုပ်သမားအေဂျင်စီများ ဒေါ်လာ ၂၀၀ ကျော်ရရှိမည်ဟု တရားဝင်အလုပ်ခေါ်လာ – Ayeyarwaddy Times Source link