ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်သို့ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ် ပေးပို့တာ အပါ အဝင် ဒေါ်လာ (၂) ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ အမေရိကန်နိုင်ငံက အတည်ပြု လိုက်ပါတယ်။
မေလအတွင်း လိုင်ချင်တေး သမ္မတဖြစ်လာပြီးနောက် ဒုတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့သီတင်းပတ် အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာအပါအဝင် တရုတ်နိုင်ငံဟာ ထိုင်ဝမ်အ ပေါ် စစ်ရေးဖိအားပေးမှု တိုးမြှင့်လျက်ရှိပါတယ်။
အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီ ယံတန်ကြေးရှိ ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ခန့်မှန်းချေ ဒေါ်လာ ၈၂၆ သန်းတန်ကြေရှိ ရေဒါစနစ်တွေ ပါဝင်တယ်လို့ ပင်တဂွန်က ပြောပါတယ်။
“အဆိုပြုထားတဲ့ စစ်လက်နက်ရောင်းချမှုဟာ ထိုင်ဝမ်ရဲ့လုံခြုံရေးကို တိုးတက်စေကာ နိုင်ငံရေး တည်ငြိမ်မှု၊ စစ်ရေးဟန်ချက်ညီမှုနဲ့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေမယ်” လို့ ပင်တဂွန်က ဆိုပါတယ်။
အမေရိကန်က ထိုင်ဝမ်သို့ရောင်းချမယ့် NASAMS ဒုံးခွင်းစနစ်ကို ယူကရိန်းနိုင်ငံမှာ စမ်းသပ်ခဲ့ ပြီး ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစွမ်းပကားကို တိုးတက်စေမယ်လို့ သိရပါတယ်။
NASAMS ဒုံးခွင်းစနစ်ဟာ ထိုင်ဝမ်အတွက် လက်နက်သစ်တစ်မျိုးဖြစ်ပြီး အဆိုပါဒုံးခွင်းစနစ် ကို လက်ရှိမှာ ဒေသတွင်း သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံက အသုံးပြုနေတယ်လို့ အမေရိကန်အစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
အရေးပါတဲ့ ပင်လယ်ရေကြောင်း ထောက်ပံ့ရေးလမ်းကြောင်းတွေကို ကာကွယ်ဖို့ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောတွေ တည်ဆောက်တာ အပါအဝင် တရုတ်နိုင်ငံရဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ကောင်း မွန်စွာ ရင်ဆိုင်နိုင်ဖို့ ထိုင်ဝမ်စစ်တပ်က စစ်လက်နက်တွေ တပ်ဆင်လျက်ရှိပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်သမ္မတ လိုင်ချင်တေးကို ခွဲထွက်ရေးသမားအဖြစ် ခေါ်ဆိုပြီး ဆွေးနွေးဖို့ တောင်းဆိုချက်တွေကို ပယ်ချခဲ့ပါတယ်။ လိုင်ချင်တေးက တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ တောင်း ဆိုချက်ကို ပယ်ချခဲ့ပြီး ထိုင်ဝမ်ပြည်သူတွေကသာ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောပါ တယ်။
“ထိုင်ဝမ်လွတ်လပ်ရေးအတွက် အနာဂတ် မရှိနိုင်ပါဘူး။ ထိုင်ဝမ်ရဲ့အနာဂတ်ဟာ တရုတ်ပြည်မ ကြီးနဲ့ အလုံးစုံ ပြန်လည်ပေါင်းစည်းဖို့သာ ဖြစ်ပါတယ်” လို့ တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။
ကိုးကား – Reuters
Ref; US approves $2 billion arms sale to Taiwan including Ukraine tested missile system