ylliX - Online Advertising Network

သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ – iMyanmarHouse.com

ကမ်းခြေအမည်ရပေမယ့်ကမ်းခြေမဟုတ်တဲ့ Red Beach ဟာ တရုတ်နိုင်ငံ ပန်ကျင်းမြို့ကအနီရောင်ကမ်းခြေလွင်ပြင်ကြီးဖြစ်ပါတယ်။ ပေကျင်းမြို့ကနေ ၆ နာရီခန့်ကားမောင်းသွားရောက်နိုင်ပြီး အသွားသင့်ဆုံးရာသီကတော့ ယခုလို ပွင့်လင်းရာသီဖြစ်ပါတယ်။ မျက်စေ့တစ်ဆုံးကျယ်ဝန်းလှတဲ့အနီရောင်လွမ်းလွင်ပြင်ကြီးဟာ ဘာကြီးလဲဆိုရင်တော့ဆောင်းဦးရောက်တိုင်းအရောင်ပြောင်းတတ်တဲ့ ရေညှိပြင်ကြီးပဲဖြစ်ပါတယ်။ ထူးခြားတဲ့ဓာတ်ပြုမှုတစ်ခုကြောင့် နွေရာသီမှာအစိမ်းရောင်ဖြစ်နေတဲ့ ရေညှိကွင်းပြင်ကြီးဟာ ဆောင်းဦးရောက်တိုင်းအနီရောင်သို့ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ ခရီးသွားများအတွက် အနားယူလည်ပတ်ကြည့်ရှုနိုင်အောင်ကွင်းပြင်တစ်ခွင်ပြင်ဆင်ပေးထားပြီး ကွင်းပြင်တစ်လျှောက် လျှောက်လမ်းလေးပေါ်မှာ လှည့်လည်သွားလာနိုင်မှာဖြစ်ပါတယ်။ အလည်ပတ်သင့်ဆုံး ရာသီချိန်ကတော့ အောက်တိုဘာလဖြစ်ပါတယ်။ Red Beach ကွင်းပြင်ကြီးမှာ လျှောက်လမ်း၊အလှတံတားငယ်လေးများထည့်သွင်းထားပြီး ညနေခင်းပိုင်းအချိန်သွားရင်တော့ နေဝင်ချိန်ဆည်းဆာအလှနဲ့ အလှပဆုံးဖြစ်နေပါလိမ့်မယ်။   အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။ ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။ ငှားရန်အိမ်ခြံမြေများကို […]

တရုတ်နိုင်ငံက အများပြည်သူအလုပ်ပိတ်ရက်အား နှစ်ရက် ထပ်တိုးသတ်မှတ်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အများပြည်သူအလုပ်ပိတ်ရက် စီစဉ်သတ်မှတ်ချက်များဆိုင်ရာ ပြန်လည်ပြင်ဆင်ရေး အစီအမံများအား ဖော်ပြထားသည့် နိုင်ငံတော်ကောင်စီ အမိန့်ကြေညာချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး အများပြည်သူအလုပ်ပိတ်ရက်အား နှစ်ရက် ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/YKU#China #PublicHoliday #တရုတ်နိုင်ငံ #အများပြည်သူအလုပ်ပိတ်ရက်………………………………………………………China extends public holidays by two daysChinese Premier Li Qiang has signed a State Council decree unveiling revised measures on holiday arrangements, extending public holidays by two days xhtxs.cn/YKU   Source link

ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ MNDAA ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ က ဦးဆောင်ပြီး ဗမာနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ရင်းတွေ ပူးပေါင်းပါဝင်တဲ့ တပ်တွေ ဇူလိုင်လကုန် သြဂုတ်လဆန်းမှာ လားရှိုးမြို့ ကို သိမ်းယူခဲ့ပြီးနောက် တလကျော်အကြာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တဖြည်းဖြည်း အကြိမ်ရေစိပ်လာခဲ့ပြီးနောက် အခုရက်ပိုင်းမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုများပြားတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ရှမ်းမြောက်ဒေသနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ကချင်ပြည်နယ် ဒေသအချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေချိန်မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း နယ်စပ်တလျှောက် ကုန်သွယ်ရေး […]

နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း တရုတ်နိုင်ငံက အလေးထားပြောကြား

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၉  နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း၊ အချို့သောနိုင်ငံများသည် ယေဘုယျသဘောတူညီမှုမရှိသည့်အခြေအနေနှင့် သိသိသာသာ သဘောထားကွဲလွဲမှုရှိသည့်အခြေအနေတွင် နိုင်ငံတကာဥပဒေပြုမှုကို အတင်းအကျပ်ဖော်ဆောင်ခြင်းက ပြိုကွဲမှုကိုသာဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က အောက်တိုဘာ ၁၈ ရက်တွင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမမြောက်ကော်မတီ “ပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး” အကြောင်းအရာ ပါဝင်ဆွေးနွေးရာ၌ အလေးထားပြောကြားခဲ့သည်။ ကိန်းစွမ်က နိုင်ငံတကာတရားဥပဒေစိုးမိုးမှုကို မြှင့်တင်ခြင်းသည် ကမ္ဘာကြီးငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ပြီးပြည့်စုံစေရေးအတွက် အခြေခံနှင့် အာမခံချက်ဖြစ်ကြောင်း၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” တွင် နိုင်ငံတကာဥပဒေ၏ အခြေခံမူဝါဒကို ချမှတ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အခြေခံပြုမူလုပ်ဆောင်မှု သတ်မှတ်ချက်များကို ချမှတ်ခဲ့ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာစနစ်အခြေခံကို အုတ်မြစ်ချခဲ့ပါကြောင်း၊ […]

နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း တရုတ်နိုင်ငံက အလေးထားပြောကြား

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း၊ အချို့သောနိုင်ငံများသည် ယေဘုယျသဘောတူညီမှုမရှိသည့်အခြေအနေနှင့် သိသိသာသာ သဘောထားကွဲလွဲမှုရှိသည့်အခြေအနေတွင် နိုင်ငံတကာဥပဒေပြုမှုကို အတင်းအကျပ်ဖော်ဆောင်ခြင်းက ပြိုကွဲမှုကိုသာဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က အောက်တိုဘာ ၁၈ ရက်တွင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမမြောက်ကော်မတီ “ပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး” အကြောင်းအရာ ပါဝင်ဆွေးနွေးရာ၌ အလေးထားပြောကြားခဲ့သည်။ကိန်းစွမ်က နိုင်ငံတကာတရားဥပဒေစိုးမိုးမှုကို မြှင့်တင်ခြင်းသည် ကမ္ဘာကြီးငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ပြီးပြည့်စုံစေရေးအတွက် အခြေခံနှင့် အာမခံချက်ဖြစ်ကြောင်း၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” တွင် နိုင်ငံတကာဥပဒေ၏ အခြေခံမူဝါဒကို ချမှတ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အခြေခံပြုမူလုပ်ဆောင်မှု သတ်မှတ်ချက်များကို ချမှတ်ခဲ့ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာစနစ်အခြေခံကို အုတ်မြစ်ချခဲ့ပါကြောင်း၊ […]

တရုတ်နိုင်ငံက အာဆီယံနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြင့်မားသော အဆင့်သို့ မြှင့်တင်ရေးအတွက် အသင့်ရှိ

ဗီယင်ကျန်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံအနေဖြင့် အာဆီယံပေါင်းစည်းရေး၊ အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး၊ မဟာဗျူဟာမြောက် သီးခြားလွတ်လပ်မှုကို အစဉ်အမြဲထောက်ခံမည်ဖြစ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဆက်ဆံရေးအား ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အောက်တိုဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။လီက ၂၇ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၌ အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး အေးအတူပူအမျှ တရုတ်-အာဆီယံ အသိုက်အဝန်း တည်ဆောက်ရန် ယခင်နှစ်က အဆင့်သစ်များ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ နှစ်ဘက်ပြည်သူများကိုလည်း သိသာထင်ရှားသော အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း ပြောခဲ့သည်။ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူမှုသည် ဆက်လက်နှေးကွေးနေဆဲဖြစ်ပြီး ကမ္ဘာ့စုစုပေါင်းဝယ်လိုအား မလုံလောက်ခြင်း စသည့်ပြဿနာများမှာလည်း ပိုမိုထင်ရှားလာကြောင်း၊ ဈေးကွက်ကလည်း လက်ရှိ စီးပွားရေးတိုးတက်မှုတွင် အရှားပါးဆုံးအရင်းအမြစ်ဖြစ်လာခဲ့ကြောင်း လီက မှတ်ချက်ပြုခဲ့သည်။တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် လူဦးရေ ၁.၄ […]

မြန်မာ့အရေး အာဆီယံမူ ၅ ချက်ကို ဆက်လက် ကိုင်စွဲမယ်လို့ အာဆီယံ၊ မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီဖို့ အာဆီယံက တောင်းဆို

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၄⁨⁨⁨⁨⁨⁨ မြန်မာ့အရေး အာဆီယံမူ ၅ ချက်ကို ဆက်လက် ကိုင်စွဲမယ်လို့ အာဆီယံ၊ မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီဖို့ အာဆီယံက တောင်းဆို နှစ်စဥ်ကျင်းပနေကျ အာဆီယံ ထိပ်သီးညီလာခံ အလှည့်ကျ ဥက္ကဌနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံ မြို့တော်မှာ ကျင်းပနေဆဲ ဖြစ်ပြီး မြန်မာ့အရေး နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ သဘောတူဆုံးဖြတ်မှု အချို့ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ လတ်တလော ထင်ရှားတဲ့အချက် တချက်က ၂၀၂၁ ခုနှစ် ဧပြီလက ချမှတ်ခဲ့တဲ့ အာဆီယံမူ ၅ ချက်ကို ဆက်လက်ကိုင်စွဲသွားမယ် ဆိုတဲ့အချက် နဲ့ အခြားသတင်းတပုဒ်မှာတော့ မြန်မာနိုင်ငံအရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီပေးဖို့ အာဆီယံအဖွဲ့က တောင်းဆိုခဲ့တယ် လို့လည်း ဖေါ်ပြထားတာတွေ့ရပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ […]