ylliX - Online Advertising Network

မတ္တရာတွင် အထိနာနေသော်လည်း စစ်တပ် ဆက်လက် ထိုးဖောက်နေ – Myanmar Now

စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း  အထိနာနေလင့်ကစား အုပ်စုနှစ်စုခွဲကာ ကျေးရွာများကို ၅ ရက်ကြာ ဆက်လက် စစ်ကြောင်းထိုးနေသဖြင့်  တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ပြင်းထန်နေသည်။ မန္တလေးမြို့မှ လာသည့် အင်အား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းသည် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များအထိုင်ချထားသည့် ဧရာဝတီမြစ်ကမ်းဘေးရှိ သဖန်းဒေါက် ကျေးရွာနှင့် ဆောက်ခြုံပေါက်ကျေးရွာတို့ကို စီးနင်းခဲ့သည်။ တစ်ပြိုင်တည်းမှာပင် မတ္တရာမြို့ပေါ်မှ ထွက်လာသည့် အင်အား ၁၅၀ ကျော်ခန့် ပါဝင်သော စစ်ကြောင်းက မတ္တရာအနောက်မြောက်ဘက် တော်လှန်ရေးတပ်ဖွဲ့များအခြေပြုသည့် မြွေတလှိုင်း၊ ဥဒိန်၊ သူဌေးကုန်း၊ ရှင်လှ၊ ပိုဝ စသော ကျေးရွာတို့ကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “သဖန်းဒေါက်နဲ့ဆောက်ခြုံပေါက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိုင်ထားတာ။ အဲဒီဆောက်ခြုံပေါက်နဲ့ ရွှေ ချောင်းရွာဆိုတာကတော့ လယ်ကွက်တွေပဲခြားပြီး (ရွှေချောင်းရွာက) […]

ယူနန်ပြည်နယ်၊ လိကျန်းမြို့တွင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စျေးကွက်အရှိန် ဆက်လက် မြင့်တက်လာ

လိကျန်း(ယူနန်)၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့သည် ကမ္ဘာ့ယဉ်ကျေးမှု ခရီးသွားလာရေးမြို့အဖြစ် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် လိကျန်းရှေးဟောင်းမြို့၊ ယွိလုန်နှင်းတောင်စသည့် ရှုခင်းသာနေရာများ၏ အရည်အသွေးကို ဆက်လက်မြှင့်တင်ခြင်း၊ ဝန်ဆောင်မှု အာမခံချက် အစီအမံများ အားကောင်းအောင် ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စျေးကွက် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ လိကျန်းမြို့တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ခရီးစဉ် အကြိမ်ရေ ၆၈.၆၆၃ သန်းကို ကြိုဆိုလက်ခံခဲ့ပြီး ကာလတူထက် ၂၀.၇၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။ (Xinhua) လိကျန်းရှေးဟောင်းမြို့၌ လာရောက်လည်ပတ်နေကြသော ခရီးသွားဧည့်သည်များကို နိုဝင်ဘာလ ၁၀ ရက်က […]

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား

တိုကျို၊ အောက်တိုဘာ ၂၈ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာက အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အာဏာရညွန့်ပေါင်းအဖွဲ့ ရှုံးနိမ့်ခဲ့ခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ရလဒ်ကို ၎င်း၏စိတ်ရင်းမှန်ဖြင့် လက်ခံကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသစံတော်ချိန် အောက်တိုဘာ ၂၈ ရက် နေ့လယ် ၂ နာရီတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဌာနချုပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ရှိဂဲရု အီရှီဘာက သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခြင်း ရှိ၊ မရှိကို တိုက်ရိုက် ပြောကြားခြင်းမရှိခဲ့သော်လည်း ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ဘတ်ဂျက်နှင့် ၂၀၂၅ ဘဏ္ဍာနှစ် ဘတ်ဂျက်တို့ကို ဆက်လက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက အတိအလင်း ပြောကြားခဲ့သည်။ ဤထုတ်ပြန်ချက်သည် ၎င်းအနေဖြင့် အာဏာဆက်လက်တည်မြဲလိုကြောင်း ဖော်ပြနေသည်ဟု ဂျပန်မီဒီယာတွေက […]

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား

တိုကျို၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာက အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အာဏာရညွန့်ပေါင်းအဖွဲ့ ရှုံးနိမ့်ခဲ့ခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ရလဒ်ကို ၎င်း၏စိတ်ရင်းမှန်ဖြင့် လက်ခံကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသစံတော်ချိန် အောက်တိုဘာ ၂၈ ရက် နေ့လယ် ၂ နာရီတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဌာနချုပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ရှိဂဲရု အီရှီဘာက သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခြင်း ရှိ၊ မရှိကို တိုက်ရိုက် ပြောကြားခြင်းမရှိခဲ့သော်လည်း ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ဘတ်ဂျက်နှင့် ၂၀၂၅ ဘဏ္ဍာနှစ် ဘတ်ဂျက်တို့ကို ဆက်လက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက အတိအလင်း ပြောကြားခဲ့သည်။ ဤထုတ်ပြန်ချက်သည် ၎င်းအနေဖြင့် အာဏာဆက်လက်တည်မြဲလိုကြောင်း ဖော်ပြနေသည်ဟု ဂျပန်မီဒီယာတွေက […]

မြန်မာ့အရေး အာဆီယံမူ ၅ ချက်ကို ဆက်လက် ကိုင်စွဲမယ်လို့ အာဆီယံ၊ မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီဖို့ အာဆီယံက တောင်းဆို

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၄⁨⁨⁨⁨⁨⁨ မြန်မာ့အရေး အာဆီယံမူ ၅ ချက်ကို ဆက်လက် ကိုင်စွဲမယ်လို့ အာဆီယံ၊ မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီဖို့ အာဆီယံက တောင်းဆို နှစ်စဥ်ကျင်းပနေကျ အာဆီယံ ထိပ်သီးညီလာခံ အလှည့်ကျ ဥက္ကဌနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံ မြို့တော်မှာ ကျင်းပနေဆဲ ဖြစ်ပြီး မြန်မာ့အရေး နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ သဘောတူဆုံးဖြတ်မှု အချို့ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ လတ်တလော ထင်ရှားတဲ့အချက် တချက်က ၂၀၂၁ ခုနှစ် ဧပြီလက ချမှတ်ခဲ့တဲ့ အာဆီယံမူ ၅ ချက်ကို ဆက်လက်ကိုင်စွဲသွားမယ် ဆိုတဲ့အချက် နဲ့ အခြားသတင်းတပုဒ်မှာတော့ မြန်မာနိုင်ငံအရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီပေးဖို့ အာဆီယံအဖွဲ့က တောင်းဆိုခဲ့တယ် လို့လည်း ဖေါ်ပြထားတာတွေ့ရပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ […]