စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၄ ရက်မြောက်သည့် ယနေ့ (နိုဝင်ဘာ ၁၄) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်သည့် အပြင် လေယာဉ်များဖြင့် စစ်ကူများ ပို့ခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရဟတ်ယာဉ်များဖြင့် ပုလဲမြို့ပေါ်သို့ စစ်ကောင်စီက အင်အား ၈၀ နီးပါး ဖြည့်တင်းခဲ့သည်ဟု ယူဆရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။ “မနက် ၁၁ နာရီလောက်က ၄ ခေါက် ချသွားတယ်။ အင်အား ၈၀ လောက်ရှိမယ်။ တစ်စီးကို အများဆုံး ဆန့်တာက ၂၅ ယောက်ဆိုတော့ လက်နက်ခဲယမ်းတင်လိုက်ရင်တော့ အပြည့်တင်လို့မရဘူးပေါ့။ အဲ့ဒီ တော့ ၂၂၊ […]
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီလက်နက်ကိုင်တို့ကို ယနေ့ (နိုဝင်ဘာ ၁၁) နံနက်မှ စတင်ပြီး ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေတပ်အားပြုပြီး ခုခံနေကြောင်း သိရသည်။ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နံနက် အရုဏ်တက်ချိန်တွင် ဝင်တိုက်ရာ နံနက် ၈ နာရီဝန်းကျင်တွင် လေတပ်က လာရောက်တိုက်ခိုက်သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ “(စစ်တပ်က) မြေပြင်စစ်ကူ အင်အားဖြည့်တင်းတာတော့ မရှိဘူး။ လေကြောင်းကနေ တိုက်ခိုက်တာပဲ ရှိတယ်” ဟု ပုလဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မြို့ပေါ်နှင့် မြို့အနီးဝန်းကျင် ကျေးရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများ သိရှိနိုင်ရန် ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။ တိုက်ပွဲဖြစ်ပွားရာ မြို့ပေါ်ရပ်ကွက်များတွင် ပိတ်မိနေသူတချို့ရှိနိုင်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုထံမှ သိရသည်။ […]
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွာများကို လိုက်လံမီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၃၇ ဦးကို ဖမ်းထားပြီး ယနေ့ (နိုဝင်ဘာ ၁) တွင်လည်း ကျေးရွာတစ်ရွာကို မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။ ထိုလက်နက်ကိုင် အင်အား ၁၅၀ ခန့်မှာ အောက်တိုဘာ ၃၀ ရက်နေ့က ကန့်ဘလူမြို့ အမှတ် (၆၀၀၆) တင့်ကားတပ်မှ ကား ၃ စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည်၊ မြို့တောင်ဘက် ကာဘိုးကျေးရွာမှ တဆင့် ထိုရွာအရှေ့ဘက် ကပ်လျက်ရှိ အိုင်ပေါင်းချောင်ရွာ၊ ကျီစုရွာတို့ကို စီးနင်းခဲ့ခြင်းဖြစ်သည်။ အိုင်ပေါင်းချောင်ရွာသို့ ရောက်စဉ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ရွာခံများအနက် လူငယ်နှင့် လူလတ်ပိုင်း အမျိုးသား ၃၄ […]
ကရင်ပြည်နယ်၊ မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်အနီးရှိ မြို့စောင့်တပ် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းစခန်းကို ယမန်နေ့(အောက်တိုဘာ ၂၀) တွင် စစ်တပ်က စစ်သည် နှင့် လက်နက်ခဲယမ်းရိက္ခာများ လေကြောင်းမှ ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။ နှစ်ဆန်းပိုင်းက မြဝတီမြို့နယ်အတွင်း အနိမ့်ပျံလာသော ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး အင်အားစု ပစ်ခတ်သဖြင့် တပ်မမှူးတစ်ဦးနှင့် စစ်အရာရှိတချို့ သေဆုံးခဲ့ဖူးသည့် သင်ခန်းစာကြောင့် ထောက်ပံ့ပို့ဆောင်ရေးလေယာဉ် Y8 သည် ဝေဟင်အမြင့်မှသာ စစ်ကူ နှင့် လက်နက်ခဲယမ်းများ ချပေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု မြ၀တီ မြို့ဒေသခံ တစ်ဦးက Myanmar Now သို့ ပြောသည်။ “စစ်ကူ နဲ့ စစ်လက်နက်ပစ္စည်းတွေပေါ့၊ လေယာဉ်က မြို့ပေါ်မှာ ဝဲပျံသန်းနေပြီး လေထီးတွေနဲ့ ချပေးတာ တစ်ခါ၊ […]
မန္တလေးမြို့မှ နာမည်ကျော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE) အဖွဲ့က ၂၀၂၄ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု ‘Ludovic Trarieux’ ကို ချီးမြှင့်လိုက်သည်။ ဒေါ်ရွက်နုအောင်သည် နိုင်ငံရေးအကျဉ်းသားများ၏ တရားမျှတမှုဆိုင်ရာ အခွင့်အရေးရရှိရန် ကြိုးပမ်းခဲ့သလို၊ လွတ်လပ်သည့် တရားစီရင်ရေး ပေါ်ထွန်းစေရန် ကြိုးပမ်းမှုကြောင့် ချီးကျုးဂုဏ်ပြုသည့်အနေဖြင့် ဆုပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု IDHAE အဖွဲ့က ပြောသည်။ ဆုပေးပွဲအခမ်းအနားကို အီတလီနိုင်ငံ၊ ရောမမြို့တွင် ကျင်းပနေသည့် IDHAE ၏ ညီလာခံ နောက်ဆုံးနေ့(ယနေ့)တွင် ချီးမြှင့်မည်ဖြစ်သည်။ မန္တလေးအိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် ဒေါ်ရွက်နုအောင် ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆုတက်ယူမည် ဖြစ်သည်။ […]
ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ထန်တလန်ကြားဒေသကို စစ်တပ်က တန်ပြန် ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးအင်အားစုများနှင့် ယနေ့ (အောက်တိုဘာ ၁၇) နံနက်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေသည်ဟု သိရသည်။ အောက်တိုဘာ ၁၂ ရက်နေ့တွင် ဟားခါးမြို့မှ ထွက်လာသော စစ်ကြောင်းနှစ်ခုတွင် အင်အားဆယ်ချီပါဝင်သည်ဟု ချင်းတော်လှန်ရေးအင်အားစုက ပြောသည်။ တိုက်ပွဲကာလအတွင်း ဟားခါးအခြေစိုက် စစ်စခန်းက လက်နက်ကြီးနှင့် ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် စခန်းတစ်ခုကို စွန့်လွှတ်လိုက်ရသည်ဟု Chinland Defense Force – CDF (ထန်တလန်) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တိုက်ပွဲများအတွင်း CDF Zotung (ဇိုတုန်) ဒုတပ်ရင်းမှူး ဆလိုင်းထွန်းမာန်နှင့် တပ်စုမှူး ဆလိုင်းအားလျန်တို့ သေဆုံးခဲ့သည်ဟုလည်း သိရသည်။ စစ်ကောင်စီတပ်က ထိုဒေသအတွင်း […]
နေပြည်တော်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျေးရွာ နှစ်ရွာကို စစ်ကောင်စီက ယမန်နေ့ (အောက်တိုဘာ ၁၃) နံနက်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ကလေးတစ်ဦး အပါအဝင် ဒေသခံ သုံးဦး သေဆုံးပြီး ၁၀ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သေဆုံးသူတို့မှာ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ကပ်လျက် သဖန်းဇင်ရွာနှင့် ရွှေကဇောင်းရွာတို့မှ ယောကျ်ားလေးတစ်ဦး၊ သူ၏ မိခင်၊ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုက ပြောကြသည်။ “သဖန်းဇင်ရွာမှာ လူစုရုံးနေတယ်ဆိုပြီး သတင်းပေးတာကို PDF တွေ ရောက်နေတယ်ဆိုပြီး စစ်တပ်က ဒရုန်းဗုံးနဲ့ ကြဲတာ၊ သားအမိနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်က ပွဲပြီးချင်းသေပြီး ဒဏ်ရာရတဲ့သူ တွေလည်း ရှိတယ်” ဟု […]