ရာသီလာချိန်မှာ ပုံမှန်ထက် ဗိုက်ဆာတယ်လို့ ခံစားရတာက ကိုယ်တစ်ယောက်တည်းလို့ ယူဆနေတာလား! တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။ ရာသီလာချိန်မှာ ဗိုက်ဆာတာက လေဒီလေးတော်တော်များများမှာ တွေ့ကြုံရနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။ ရာသီလာနေချိန် နဲ့ ရာသီမလာခင် တစ်ပတ် ကနေ ၂ ပတ်လောက်မှာ ပုံမှန်ထက် ပိုပြီးဗိုက်ဆာတာမျိုး ခံစားကြရပါတယ်။ ရာသီလာချိန်မှာ အစားစားချင်စိတ် ပြောင်းတာ၊ အစားစားချင်စိတ် ပုံမှန်ထက် ပိုများနေတာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီအကြို လက္ခဏာတစ်ခုပါ ပဲ ရာသီလာချိန်မှာ ပုံမှန်ထက် ဗိုက်ဆာတာက ပုံမှန်ပဲလား! ရာသီလာချိန်မှာ ဗိုက်တာက ပုံမှန်ပဲလား ဆိုတော့ ပုံမှန်ပါပဲ။ အကြောင်းကတော့ ရာသီလာခါနီး သားဥကြွေတာနဲ့ မျိုးဥအိမ်ကနေ သားဥလေးတွေထွက်လာပြီးချိန်မှာ ကိုယ်တွင်းမှာ ပရိုဂျက်စတုန်းဟော်မုန်းပမာဏ မြင့်တက်လာတာကြောင့် ပုံမှန်ထက် ဗိုက်ဆာတာမျိုးကို ခံစားရတာပါ။ တစ်ချိန်တည်းမှာပဲ […]
လစဉ် ရာသီလာချိန်မှာ ဆုံးရှုံးသွားတဲ့ သံဓာတ်ကို ဖြည့်တင်းဖို့အတွက် သံဓာတ်အားဖြည့်ဆေးကို သောက်ကြပါတယ်။ ဒီလို သောက်ကြတဲ့အခါ ဝမ်းချုပ်တာ၊ အသားရောင်က ရင့်သွားတာမျိုးတွေကို ခံစားရတာကြောင့် သံဓာတ် အားဖြည့်ဆေးသောက်ရမှာကို ခပ်လန့်လန့်ဆိုတဲ့ လေဒီလေးတွေအတွက် သံဓာတ် အားဖြည့်ဆေးသောက်ပြီးချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်ရအောင် ဘယ်လို ဖြေရှင်းလို့ ရမလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ သံဓာတ်အားဖြည့်ဆေးသောက်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ရာ သံဓာတ် အားဖြည့်ဆေးသောက်ချင်တယ်။ ဝမ်းလည်း မချုပ်ချင်ဘူး ဆိုရင်တော့ – ဆေးပမာဏ မှန်ကန်ပါစေ သံဓာတ်အားဖြည့်ဆေးသောက်တဲ့အခါ အစာခြေစနစ်ထဲမှာ သံဓာတ်တွေ ပိုလျှံတာမျိုးကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ဆိုရင် သံဓာတ်လိုအပ်ချက်ကို မလိုမပိုဘဲ ဖြည့်တင်းမိဖို့ လိုပါမယ်။ အသက် ၅၀ နှစ်အောက် အရွယ်ရောက်ပြီးသူတိုင်း အနေနဲ့ တစ်နေ့တာကို သံဓာတ် ၈မီလီဂရမ်ထက် မပိုစေဘဲ […]
သံဓာတ်ဆိုတာက ခန္ဓာကိုယ်အတွက် အမျိုးမျိုးသောအကြောင်းအရင်းတွေအတွက် လိုအပ်တဲ့ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။သံဓာတ်က ခန္ဓာကိုယ်အတွက် ကျန်းမာတဲ့ အောက်ဆီဂျင်ပမာဏ ရရှိစေဖို့၊ ဟော်မုန်းလုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်စေဖို့နဲ့ အခြားအခြားသော အကြောင်းအရင်းတွေအတွက် လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ သံဓာတ်က အရေးကြီးပေမယ့် တော်တော်များများက သံဓာတ်ကိုပြည့်ဝအောင် မစားမိကြတာကြောင့် သံဓာတ်ချို့တဲ့တာတွေကို ခံစားကြရပါတယ်။ ဒီအခြေအနေကို အများဆုံး ကြုံတွေ့ရတာကတော့ လစဉ် ရာသီသွေးဆင်းတာကို ခံစားနေရတဲ့ လေဒီလေးတွေပါ။ ရာသီသွေးဆင်းတဲ့အခါ ရာသီသွေးနဲ့အတူ ခန္ဓာကိုယ်တွင်းက သံဓာတ်၊ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးကြရပါတယ်။ ဒီအခြေအနေက လေဒီလေးတွေကို ခြေကုန်လက်ပမ်းကျစေတာ၊ မူးမော်တာလိုမျိုး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ရာသီသွေးဆင်းတာကြောင့် ကုန်ဆုံးသွားတဲ့ သံဓာတ်တွေကို ဖြည့်တင်းဖို့ အလွယ်ဆုံးနည်းလမ်း တစ်ခုက သံဓာတ် အားဖြည့်ဆေးသောက်တာပါပဲ။ ဒီလို သံဓာတ်အားဖြည့်ဆေးသောက်တဲ့အခါ လေဒီလေး တော်တော်များများ […]
ရုပ်ပိုင်းဆိုင်ရာကို ညှင်းပန်းနှိပ်စက်ခံရမှ ကလေးတစ်ယောက်ကို သေရာပါ ဒဏ်ရာ ဖြစ်စေနိုင်တာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရတာကလည်း ကလေးကို သေရာပါ ဒဏ်ရာဖြစ်စေနိုင်သလို ကလေးရဲ့ ဘဝတလျှောက် တိုးတက်မှုတွေကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက် ရှိတာက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုက မြင်သာပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု နာကျင်ခံစားရမှုက မြင်သာဖို့ ခက်တာပါ။ တစ်ခါတလေဆို မိဘတွေက သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကလေးကို စိတ်ခံစားမှုပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုကို လုပ်မိနေတတ်တာမျိုးပါ။ ဒါကြောင့် ကလေးလေးတွေကို လူတော်လူကောင်းလေးတွေ ဖြစ်အောင် ပျိုးထောင်ကြတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ကင်းကင်းနဲ့ ပျိုးထောင်နိုင်စေဖို့ သတိထားသင့်တာလေးတွေကို သတိထားလို့ ရအောင် ဘယ်လိုမျိုး အပြုအမူတွေက ကလေးရဲ့ စိတ်ခံစားမှုပိုင်းအပေါ် သက်ရောာက်ထိခိုက်စေနိုင်သလဲ ဆိုတာလေးကို ဖော်ပြလိုက်ပါတယ်။ […]
အသက်အရွယ်ချင်းတူကြပေမယ့် လူတစ်ယောက်နဲ့တစ်ယောက်မှာ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ မတူကြပါဘူး။ စဉ်းစားတွေးခေါ်နိုင်စွမ်းက လုပ်ငန်းခွင်မှာ တိုးတက်ဖို့ လိုအပ်သလို နေ့စဉ်ဘဝတွေမှာ အကောင်းဆုံး ကျော်ဖြတ်နိုင်စေဖို့လည်း အတော်လေး အရေးပါပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်း တိုးတက်စေဖို့ ဘယ်လိုအချက်လေးတွေကို လုပ်ဆောင်ပေးသင့်လဲ ဆိုတာလေးကို မျှဝေပေးချင်ပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်း တိုးတက်စေဖို့ လိုက်နာရမှာလေးတွေကတော့ – ပတ်ဝန်းကျင်ကို လေ့လာပါ တစ်နေ့တာမှာ ဖြစ်ဖြစ် နေ့စဉ်တိုင်းမှာဖြစ်ဖြစ် သွားရောက်နေရတဲ့နေရာတွေ ကျင်လည်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို အမှုမဲ့ အမှတ်မဲ့ မနေဘဲ သေချာလေး လေ့လာတတ်တာ၊ ကိုယ်လမ်းလျှောက်သွားရာ ဒါမှမဟုတ် ကားမောင်းပြီးသွားတဲ့ ပတ်ဝန်းကျင်တလျှောက်ကို လေ့လာတာကလည်း ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။ ဗဟုသုတ ရှာမှီးပါ နေ့ရက်တိုင်းမှာ စာဖတ်တာ၊ […]
ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို လေဒီလေး တော်တော်များများ ခံစားရတယ်ဆိုပေမယ့် ခံစားရတဲ့ နာကျင်မှု အတိုင်းအတာကချင်းကတော့ မတူကြပါဘူး။ ဒီလိုမျိုး ရာသီလာချိန် နာကျင်ကိုက်ခဲတာက အတော်လေး နေရထိုင်ရခက်သလို နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့လည်း ခက်ပါတယ်။ ဒါကြောင့် သတိထားဆင်ခြင်လို့ ရတာလေးတွေကို ဆင်ခြင်လို့ ရစေဖို့ ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှု အတိုင်းအတာပေါ်မှာ သက်ရောက်နေတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ရာသီလာချိန် ခံစားရတဲ့ နာကျင်ကိုက်ခဲမှု level အပေါ် သက်ရောက်နေတဲ့ အချက်များ ရာသီလာချိန် ခံစားရတဲ့ နာကျင်ကိုက်ခဲမှု level အပေါ် သက်ရောက်နေတဲ့ အချက်များ ကတော့ – အသက်အရွယ် အသက် ၁၁ နှစ် မတိုင်ခင်မှာ အပျိုဖော်စဝင်သူတွေဟာ အခြားသူတွေထက် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို […]
မြန်မာတိုင်းရင်းဆေး သုံးမျိုးအား အနောက်တိုင်းဆေးရောနှောပြီး မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် အသိပေးထားကြောင်း သိရှိရသည်။ Source link
ရာသီလာခါနီးမှာ ရာသီအကြိုလက္ခဏာအနေနဲ့ ဗိုက်ထဲက အောင့်တာ၊ ဆီးစပ်ကိုက်တာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာအပြင် ရာသီလာခါနီးပြီဆိုရင် ရင်သားတွေက တင်းတာ၊ အထိမခံနိုင်အောင် နာကျင်တာမျိုးတွေကို ခံစားရနိုင်ပါသေးတယ်။ ဒီအခြေအနေက စိုးရိမ်စရာလားဆိုတော့ မဟုတ်ပါဘူး။ ရာသီလာခါနီးမှာ ဖြစ်လေဖြစ်ထရှိတဲ့ ရာသီအကြို လက္ခဏာတွေပါ။ ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ ရာသီလာခြင်းရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှု ကြောင့်ပေါ့။ ဒီအခြေအနေက normal ပဲ ဆိုပေမယ့် ဒီလက္ခဏာတွေကို ခံစားနေရပေမယ့် ရာသီမလားဘဲ ဖြစ်နေမယ်ဆိုရင်တော့ အကြောင်းအရင်းကို သိရှိဖို့ လိုပြီလို့ ယူဆစရာ ရှိပါတယ်။ အခုတစ်ခေါက်မှာတော့ ရာသီလာခါနီးလိုမျိုး ရင်သားတွေနာတယ် ဗိုက်တွေအောင့်တယ်ဆိုတာမျိုးကို ခံစားရစေမယ့် ရာသီမလာဘူး ဘာကြောင့်လဲဆိုတာကို သိချင်နေသူတွေအတွက် အဖြေထုတ်ပေးချင်တာပါ။ ဗိုက်အောင့်တာနဲ့ ရင်သားတွေတင်းပြီးနာတာကို တစ်ချိန်တည်းမှာ ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ […]
Flu ဆိုတော့ တုပ်ကွေး ဒီတော့ Period Flu ဆိုတာက ရာသီလာချိန်မှာ ခံစားရတဲ့ တုပ်ကွေးပေါ့လို့ အဓိပ္ပါယ် မဖွင့်ဆိုခင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။ Period fluဆိုတာက ကျန်းမာရေးပြဿနာပါ။ ဒါပေမယ့် Period flu ခံစားရတဲ့အခါ ခေါင်းကိုက်တာ၊ အစာခြေစနစ် မအီမသာဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာလိုမျိုး တုပ်ကွေးဆန်ဆန် လက္ခဏာတွေကို ခံစားရပါတယ်။ တုပ်ကွေးဆန်ဆန် လက္ခဏာတွေကို ခံစားကြရပေမယ့် ဒီလက္ခဏာတွေက တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ခံစားရတာမျိုးတော့ မဟုတ်ပါဘူး။ ရာသီလာခါနီးမှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲတာကြောင့် အခုလို လက္ခဏာမျိုးတွေကို ခံစားရတာပါ။ Period flu လက္ခဏာတွေက ရာသီအကြိုလက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် ပိုပြီးတော့ ပြင်းထန်ပါတယ်။ ဒီလက္ခဏာကို မျိုးဥကြွေပြီးချိန်နဲ့ ရာသီသွေးမဆင်းခင် ကြားကာလမှာ ခံစားကြရပါတယ်။ ဒီလက္ခဏာတွေက […]
ခုနောက်ပိုင်းမှာ ကိုယ်ခံအားစနစ်ဟာ အလွန်အရေးပါတယ်ဆိုတာကို လူတိုင်းနီးပါ သိနားလည်လာကြပါပြီ။ ကိုယ်ခံအား စနစ်ဟာ လူတစ်ဦးချင်းစီရဲ့ ကျန်းမာကြံ့ခိုင်မှုအတွက် အထူးအရေးပါ အရာရောက်ပြီး လွယ်လင့်တကူ ကူးစက်ပျံ့နှံနိုင်တဲ့ ကူးစက်ရောဂါတွေရဲ့ ရန်ကနေ ကင်းဝေးနိုင်စေဖို့ အထူးအရေပါလှတဲ့ ခံတပ်ကြီးတစ်ခုပေါ့။ ကိုယ်ခံအားကောင်းမှ နေကောင်းကျန်းမာမယ်ဆိုတာကို သိကြပေမယ့် ဘယ်လိုအခြေအနေကို ကိုယ်ခံအားကောင်းတယ်လို့ သတ်မှတ်ပြီး ဘယ်လိုအခိုက်အတန့်ကို ကိုယ်ခံအားကျဆင်းလာနေတယ်လို့ ဆိုနိုင်မလဲ? မိမိမှာ ဘယ်လိုအခြေအနေဆိုရင် ကိုယ်ခံအားကောင်းမွန်နေတယ်၊ ဘယ်အနေအထားဆိုရင် ကိုယ်ခံအား ကျဆင်းအား ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ပိုပြီး အထောက်အကူဖြစ်စေလိမ့်မယ်မဟုတ်လား။ ဒါကြောင့် ကိုယ်ခံအားကောင်းမွန်တဲ့ လက္ခဏာတွေနဲ့ ကိုယ်ခံအားကျဆင်းနေတဲ့ လက္ခဏာတွေကို ပြောပြပေးသွားပါမယ်နော်။ ကိုယ်ခံအားကောင်းမွန်နေတဲ့ လက္ခဏာများ … ၁။ အစားစားချင်စိတ် မှန်နေမယ် ၂။ ဝမ်းဗိုက်ကျန်းမာနေမယ် […]