ရာသီလာခါနီးမှာ ရာသီအကြိုလက္ခဏာအနေနဲ့ ဗိုက်ထဲက အောင့်တာ၊ ဆီးစပ်ကိုက်တာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာအပြင် ရာသီလာခါနီးပြီဆိုရင် ရင်သားတွေက တင်းတာ၊ အထိမခံနိုင်အောင် နာကျင်တာမျိုးတွေကို ခံစားရနိုင်ပါသေးတယ်။ ဒီအခြေအနေက စိုးရိမ်စရာလားဆိုတော့ မဟုတ်ပါဘူး။ ရာသီလာခါနီးမှာ ဖြစ်လေဖြစ်ထရှိတဲ့ ရာသီအကြို လက္ခဏာတွေပါ။
ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ ရာသီလာခြင်းရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှု ကြောင့်ပေါ့။ ဒီအခြေအနေက normal ပဲ ဆိုပေမယ့် ဒီလက္ခဏာတွေကို ခံစားနေရပေမယ့် ရာသီမလားဘဲ ဖြစ်နေမယ်ဆိုရင်တော့ အကြောင်းအရင်းကို သိရှိဖို့ လိုပြီလို့ ယူဆစရာ ရှိပါတယ်။ အခုတစ်ခေါက်မှာတော့ ရာသီလာခါနီးလိုမျိုး ရင်သားတွေနာတယ် ဗိုက်တွေအောင့်တယ်ဆိုတာမျိုးကို ခံစားရစေမယ့် ရာသီမလာဘူး ဘာကြောင့်လဲဆိုတာကို သိချင်နေသူတွေအတွက် အဖြေထုတ်ပေးချင်တာပါ။
ဗိုက်အောင့်တာနဲ့ ရင်သားတွေတင်းပြီးနာတာကို တစ်ချိန်တည်းမှာ ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်တွင်းက ဟော်မုန်းပြောင်းလဲမှုက အခြေအနေ ၂ ရပ်စလုံးအပေါ်မှာ သက်ရောက်မှု ရှိနေတာကြောင့်ပါ။ ကိုယ်တွင်းမှာ အီစထရိုဂျင်တဲ့ ပရိုဂျက်စတုန်းလိုမျိုး ဟော်မုန်းတွေ ရုတ်တရက်မြင့်တက်မှုက ရင်သားတင်းပြီး နာတာ သားအိမ်ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး သားအိမ်ကြွက်သားတွေ ကျုံ့ဆန့်တာကို ဖြစ်စေတာကြောင့် ဗိုက်အောင့်တာ၊ ဆီးစပ်ကိုက်တာမျိုးတွေကို ခံစားရစေနိုင်တာပါ။
ရာသီအကြိုလက္ခဏာလိုမျိုး ရင်သားတွေနာတယ် ဗိုက်တွေအောင့်တယ် ဒါပေမယ့် ရာသီမလာဘူး ဘာကြောင့်လဲ!
ရာသီအကြိုလက္ခဏာလိုမျိုး ရင်သားတွေနာတယ် ဗိုက်တွေအောင့်တယ် ဒါပေမယ့် ရာသီမလာဘူး ဘာကြောင့်လဲ! ဆိုတော့ –
- ဟော်မုန်းပါတဲ့ သားဆက်ခြားဆေးတွေ သောက်နေရတာ
သားဆက်ခြားနည်းလမ်းတွေ အများကြီးထဲကမှ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုနေတာမျိုးဖြစ်မယ်။ ဆေးကိုလည်း ရေရှည်စွဲသောက်လာခဲ့တာ အချိန်ကြာနေပြီဆိုရင်လည်း ဆေးရြ့ ဘေးထွက်ဆိုးကျိုးသက်ရောက်မှု အနေနဲ့ အခုလို အခြေအနေကို ခံစားရနိုင်ပါတယ်။
- ကိုယ်ဝန်ရှိနေတာ
ကိုယ်ဝန်ရှိနေပြီဆိုရင်လည်း ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဒီအခြေအနေကလည်း ရာသီသွေးဆင်းတာမျိုး မရှိဘဲ ရင်သားတွေ တင်းပြီးနာတာ၊ ဗိုက်အောင့်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
- သားအိမ်တစ်ရှူးတွေ ပုံမှန်မဟုတ်ဘဲ ကြီးထွားနေတာ
သားအိမ်အတွင်းနံရံက တစ်ရှူးတွေက သားအိမ်အတွင်းထဲမှာတင် ကြီးထွားတာမျိုး မဟုတ်ဘဲ သားအိမ်ပြင်ပဆီ အထိရောက်ရှိကြီးထွားတဲ့ အနေအထားမျိုးမှာလည်း ရာသီမလာဘဲ ရင်သားတင်းပြီး နာတာ၊ ဗိုက်အောင့်ကိုက်ခဲ တာမျိုး ခံစားရနိုင်ပါတယ်။
- ရေအိတ်တည်တာ
သားဥအိမ်ထဲမှာ ရေအိတ်လေးတွေ တည်တာက အမျိုးသမီးတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ အမျိုးသမီး ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ သားအိမ် ဒါမှမဟုတ် သားဥအိမ်ထဲမှာ ရေအိတ်တည်နေတာမျိုး ဖြစ်မယ်ဆိုရင်လည်း အခုလို အခြေအနေမျိုးကို ခံစားရနိုင်ပါတယ်။
- နေရာမှားပြီး သန္ဓေတည်တာ
မမျိုးဥလေးနဲ့ သုက်ကောင်လေး ထိတွေ့သန္ဓေအောင်ပြီးချိန်မှာ သန္ဓေအောင်ပြီးတဲ့ မျိုးဥလေးက သားအိမ်အတွင်းနံရံထဲမှာ တွယ်ကပ်တာမျိုး မဟုတ်ဘဲ သားဥပြွန် ဒါမှမဟုတ် သားအိမ်အပြင်ဘက်နဲ့ သားအိမ်ခေါင်းထဲမှာ တွယ်ကပ်သန္ဓေတည်တာမျိုး ဖြစ်နေမယ်ဆိုရင်လည်း ရာသီမလာဘဲ ရင်သားတင်းပြီး နာတာ၊ ဗိုက်အောင့်ကိုက်ခဲ တာမျိုး ခံစားရနိုင်ပါတယ်။
- ရင်သားကင်ဆာ
ရင်သားကင်ဆာခံစားနေရတဲ့ အစောပိုင်းအဆင့်တွေမှာ ကင်ဆာကျိတ်တွေကို စမ်းမိတာမျိုး မရှိပေမယ့် ရင်သားထဲက တင်းပြီး နာတာမျိုးကို ခံစားရနိုင်ပါတယ်။ ရင်သားကင်ဆာဖြစ်နေမယ်ဆိုရင်လည်း ရာသီမလာဘဲ ရင်သားတင်းပြီး နာတာ၊ ဗိုက်အောင့်ကိုက်ခဲ တာမျိုး ခံစားရနိုင်ပါတယ်။
- သားအိမ်ကင်ဆာ
သားအိမ်ထဲမှာ အလုံးတည်တာမျိုး သားအိမ်ကင်ဆာဖြစ်နေတာမျိုး ဆိုရင်လည်း ရာသီမလာဘဲ ရင်သားတင်းပြီး နာတာ၊ ဗိုက်အောင့်ကိုက်ခဲ တာမျိုး ခံစားရနိုင်ပါတယ်။
ဆေးစစ်မှု ခံယူသင့်တဲ့ အခြေအနေ
ဗို်ကအောင့်တာ ရင်သားနာတာတွေက မကြာခဏဖြစ်နေမယ်။ ရာသီလာပြီးချိန်မှာလည်း မသက်သာသွားဘဲ ဆက်ခံစားနေရမယ်။ လက္ခဏာတွေကို ၂ ပတ်ဆက်တိုက် ခံစားနေရမယ့်အပြင် နာကျင်ကိုက်ခဲမှုကြောင့် အစားအသောက်ပျက်တာမျိုးအထိ ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
အခြားသော လက္ခဏာတွေအနေနဲ့ –
- ရင်သားတွေ နာကျင်တာ
- ရင်သားထိပ်ကနေ သွေးလိုလိုအရည်တွေ အညိုရောင်အရည်တွေ ထွက်လာတာ
- နေ့စဉ် အလုပ်တွေကိူ လုပ်ဖို့ ခက်ခဲတဲ့အထိ နာကျင်ကိုက်ခဲမှုကို ခံစားနေရတာ
- ဆီးမထိန်းနိုင် ဝမ်းမထိန်းနိုင်တာမျိုး ဖြစ်တာ
- ရင်သားတစ်ဖက်တည်းမှာ အကျိတ်ဖြစ်တာ
- ရင်သားမှာ အကျိတ်အဖုလေးတွေ ဖြစ်နေတာ
- ကိုယ်ဝန်ရှိတယ်လို့ ဆီးစစ်အဖြသ်အရ သိရတာမျိုးဆိုရင်လည်း လိုအပ်တဲ့ ကုသစစ်ဆေးမှုကို ချက်ချင်းခံယူဖို့ လိုပါမယ်။
ဘယ်လို သက်သာအောင် လုပ်မလဲ!
ဒီနေရာမှာ ဖြစ်ရတဲ့ အကြောင်းရင်းခံကို လိုက်ပြီး သက်သာအောင်လုပ်တဲ့ နည်းလမ်းက ကွာခြားနိုင်ပါတယ်။
ဟော်မုန်းပါတဲ့ တားဆေးတွေကြောင့် ဖြစ်တာမျိုးဆိုရင် ဟော်မုန်းမပါတဲ့ တားဆေးပြောင်းသောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။
အိမ်တွင်းကုထုံးတွေ အနေနဲ့ကတော့
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ
- အငန်တွေ အဆီတွေလျှော့စားတာ
- ရေများများသောက်တာ
- ကဖင်းလျှော့တာ
- OCT အကိုက်အခဲပျောက်ဆေးတွေ သောက်တာ
- ရေနွေးအိတ်ကပ်တာ
- ရေနွေးနွေးနဲ့ ရေချိုးတာ
- ဓာတ်ဆားဖြည့်ဖျော်ရည်တစ်ခုခု သောက်လို့ ရပါတယ်။
ဘယ်လို ကာကွယ်လို့ ရမလဲ!
ကျန်းမာတဲ့ နေထိုင်မှုပုံစံက ဒီအခြေအနေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပြီးသားဖြစ်မှာပါ။ အကြောင်းကတော့ အခုလို လက္ခဏာတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက ဟော်မုန်း ပြောင်းလဲတာကြောင့်ပါ။
တကယ်လို့ လက္ခဏာတွေက ပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသကြည့်တာက အကောင်းဆုံး ဖြေရှင်းနည်းပါ။
The post ရာသီအကြိုလက္ခဏာလိုမျိုး ရင်သားတွေနာတယ် ဗိုက်တွေအောင့်တယ် ဒါပေမယ့် ရာသီမလာဘူး ဘာကြောင့်လဲ! appeared first on LOTOSHINN.