ရုပ်ပိုင်းဆိုင်ရာကို ညှင်းပန်းနှိပ်စက်ခံရမှ ကလေးတစ်ယောက်ကို သေရာပါ ဒဏ်ရာ ဖြစ်စေနိုင်တာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရတာကလည်း ကလေးကို သေရာပါ ဒဏ်ရာဖြစ်စေနိုင်သလို ကလေးရဲ့ ဘဝတလျှောက် တိုးတက်မှုတွေကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
နောက်တစ်ချက် ရှိတာက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုက မြင်သာပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု နာကျင်ခံစားရမှုက မြင်သာဖို့ ခက်တာပါ။ တစ်ခါတလေဆို မိဘတွေက သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကလေးကို စိတ်ခံစားမှုပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုကို လုပ်မိနေတတ်တာမျိုးပါ။
ဒါကြောင့် ကလေးလေးတွေကို လူတော်လူကောင်းလေးတွေ ဖြစ်အောင် ပျိုးထောင်ကြတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ကင်းကင်းနဲ့ ပျိုးထောင်နိုင်စေဖို့ သတိထားသင့်တာလေးတွေကို သတိထားလို့ ရအောင် ဘယ်လိုမျိုး အပြုအမူတွေက ကလေးရဲ့ စိတ်ခံစားမှုပိုင်းအပေါ် သက်ရောာက်ထိခိုက်စေနိုင်သလဲ ဆိုတာလေးကို ဖော်ပြလိုက်ပါတယ်။
စိတ်ခံစားမှုပိုင်းဆိုင်ရာ စိတ်ခံစားမှုဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရမှုဆိုတာ ဘာများလဲ!
စိတ်ခံစားမှုပိုင်းဆိုင်ရာ စိတ်ခံစားမှုဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရမှုဆိုတာက ညှင်းပန်းနှိပ်စက်မှု တစ်မျိုးပါ။ ဒီအခြေအနေကို စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုလို့ ခေါ်ကြပါတယ်။ စိတ်ခံစားမှုပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုမှာ ရည်ရွယ်ချက် ရှိရှိနဲ့ ကြောက်လန့်စေတာ၊ အရှက်ရစေတာ၊ တစ်ကိုယ်တည်းဖြစ်စေတာ၊ ကလေးကို လျစ်လျူရှု့တာတွေပါ။
အချို့သော အခြေအနေတွေမှာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုက အခြားသော ညှင်းပန်းနှိပ်စက်မှုတွေနဲ့ရောပြီး ပါလာတတ်ပါတယ်။
စိတ်ခံစားမှုပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေမှာ –
- ကလေးကို အမြဲလိုလို ဝေဖန်တာ၊ အရှက်ရစေတာ
- ခြိမ်းခြောက်တာ
- ကလေးကို အော်ငေါက်တာ
- ကလေးကို သားရေ သမီးရေလို့ နွေးနွေးထွေးထွေး မခေါ်ဘဲ နာမည်ကိုပဲ ခေါ်တာမျိုး
- ကလေးကို ဟာသလုပ်တာ၊ ကလေးကို ထိခိုက်နစ်နာအောင် ပြောတာ
- ပြစ်တင်တာ၊ ကလေးကို ခုတုံးလုပ်တာ
- ကလေးကို နှိမ်တာ
- ကလေးကို အသိအမှတ်မပြုတာ၊ ကလေးကို ထိန်းချုပ်ဖို့ လုပ်တာ
- ကလေးကို လုပ်နိုင်တာထက် ပိုပြီး အတင်း လုပ်ခိုင်းတာ (ကလေးကို စာဆက်မဖတ်နိုင်တော့မှန်း သိရက် ရမှ ရမယ်ဆိုတာမျိုး လုပ်တာ)
- ကလေးကို အိမ်တွင်းအကြမ်းဖက်တာ
- ကလေးကို လူမှုဆက်ဆံရေး တိုးတက်မှုရှိအောင် မလုပ်ပေးတာ
- ကလေးကို သူငယ်ချင်းတွေနဲ့ ပေးမပေါင်းတာ
- ကလေးကို အမြဲလိုလို လျစ်လျူရှု့ထားတာ
- ကလေးကို ချီးကျူးဖို့ မေ့နေတာ
- ကလေးကို ချစ်ကြောင်းမပြတာ
- ကလေးကို ကြင်ကြင်နာနာ မရှိတာ
- ကလေးရဲ့ စိတ်ခံစားမှုကို လျစ်လျူရှု့တာ
- ကလေးကို ကြိုးကိုင်ခြယ်လှယ်တာ
- ကလေးကို သင်ပေးသင့်တာတွေ သင်ပေးဖို့ ပျက်ကွက်တာ
ကလေးက အရွယ်ရောက်လာချိန်မှာ စိတ်ခံစားမှုကလည်း ပြောင်းလာပါတယ်။ ကလေးက စိတ်ခံစားမှုပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရတာမျိုး ရှိမယ်ဆိုရင် –
- ယုံကြည်မှု နည်းတာ၊ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးတာ
- ခံစားချက်တွေ ထိန်းချုပ်ဖို့ ခက်ခဲတာ
- ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ခက်ခဲတာ
- အရွယ်နဲ့လိုက်အောင် ပြုမူဆက်ဆံနိုင်စွမ်း အားနည်းတာ
စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခံရမှုက ကလေးရဲ့ အသက်အရွယ်ကို လိုက်ပြီး ကွာခြားပါတယ်။
ကလေးက စိတ်ခံစားချက်ကို ဖွင့်ဟလာတဲ့အခါ
ကလေးက စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရတာကို ဖွင့်ဟပြောပြလာတဲ့အခါမျိုးမှာလည်း
- ကလေးကပြောပြတဲ့အခါ သေချာလေး နားထောင်ပေးပါ
- သင်ကအမှန်တွေပဲပြောတယ်ဆိုတာကို သိအောင် လုပ်ပါ
- သူတို့မှာ အမှား မရှိဘူးဆိုတာကို ပြောပါ
- ထိထိရောက်ရောက် ဖြေရှင်းပေးမယ်ဆိုတာကို ပြောပါ
- ထိပ်တိုက်တွေ့ဆုံတာမျိုး မလုပ်ပါနဲ့
- ဘာတွေ ဆက်လုပ်ပေးမယ်ဆိုတာကို သေချာလေး ရှင်းပြပါ
- ကလေးပြောပြပြီးတာနဲ့ အစီရင်ခံစာရေးပါ
ဘယ်လို ထိခိုက်မှုတွေ ဖြစ်စေနိုင်လဲ!
ကလေးက စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခံရတဲ့အခါ ကလေးမှာ အခုလို ထိခိုက်မှုလေးတွေ ဖြစ်လာနိုင်ပါတယ်။
- အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ
- စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေ
- စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေခံစားရနိုင်ပါတယ်။
ဘယ်သူတွေမှာ အဖြစ်များလဲ!
ဒီလို ကလေးတွေမှာ အဖြစ်များတယ်။ မိသားစုတွေထဲမှာ
- စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတာ
- မိသားစုပြဿနာတွေ ရှိနေတာ
- ငွေရေးကြေးရေ ပြဿနာတွေ ရှိတာ
- အလုပ်အကိုင် မရှိတာ
- စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတာ
- ဆင်းရဲမွဲတေမှု ရှိနေတာ
- ဆေးစွဲနေတာ
- အရက်စွဲနေတာ
- အိမ်တွင်းအကြမ်းဖက်မှုတွေ ရှိနေတာ
The post သားသားမီးမီးတို့ရဲ့ စိတ်ခံစားမှုဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရမှုကို သိရှိနားလည်ခြင်း appeared first on LOTOSHINN.