ylliX - Online Advertising Network

ရာသီလာချိန် ခံစားရတဲ့ နာကျင်ကိုက်ခဲမှု level အပေါ် သက်ရောက်နေတဲ့ အချက်များ


ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို လေဒီလေး တော်တော်များများ ခံစားရတယ်ဆိုပေမယ့် ခံစားရတဲ့ နာကျင်မှု အတိုင်းအတာကချင်းကတော့ မတူကြပါဘူး။ ဒီလိုမျိုး ရာသီလာချိန် နာကျင်ကိုက်ခဲတာက အတော်လေး နေရထိုင်ရခက်သလို နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့လည်း ခက်ပါတယ်။ ဒါကြောင့် သတိထားဆင်ခြင်လို့ ရတာလေးတွေကို ဆင်ခြင်လို့ ရစေဖို့ ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှု အတိုင်းအတာပေါ်မှာ သက်ရောက်နေတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

ရာသီလာချိန် ခံစားရတဲ့ နာကျင်ကိုက်ခဲမှု level အပေါ် သက်ရောက်နေတဲ့ အချက်များ

ရာသီလာချိန် ခံစားရတဲ့ နာကျင်ကိုက်ခဲမှု level အပေါ် သက်ရောက်နေတဲ့ အချက်များ ကတော့ –

  • အသက်အရွယ် 

အသက် ၁၁ နှစ် မတိုင်ခင်မှာ အပျိုဖော်စဝင်သူတွေဟာ အခြားသူတွေထက် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ 

  • ရာသီသွေးဆင်းများတာ 

ရာသီသွေးဆင်းတာ ပုံမှန်ထက် များနေတဲ့သူတွေ ရာသီသွေးဆင်းတဲ့ ပမာဏ များတဲ့လေဒီလေးတွေက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို အခြားသူတွေထက် ပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။

  • ဟော်မုန်းပါတဲ့ သားဆက်ခြားနည်း သုံးတဲ့သူတွေ

ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုကြတဲ့ လေဒီလေးတွေက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို အခြားသူတွေထက် ပိုပြီး ခံစားကြရပါတယ်။ 

  • ရာသီလာတဲ့ရက်ရှည်တာ

ရာသီလာတဲ့ရက်က အနည်းဆုံး ၃ ရက် ကနေ ၅ ရက်အတွင်းက ပုံမှန်ပဲ ဆိုပေမယ့် ၅ ရက်နဲ့အထက် ၈ ရက်လောက်အထိ ရာသီသွေးဆင်းရက် ရှိသူတွေက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ပုံမှန်ထက် ပိုခံစားရနိုင်ပါတယ်။ 

  • ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်သုံးတဲ့ လေဒီလေးတွေက အခြားသော လေဒီလေးတွေထက် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲ မှုကို ပုံမှန်ထက် ပိုခံစားရနိုင်ပါတယ်။

  • စိတ်ဖိစီးတာ

စိတ်ဖိစီးမှုကြောင့်လည်း ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ပိုပြီး ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးလေလေး ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုက ပိုပြင်းထန်လေလေပါ။

အခုလို အချက်လေးတွေ ရှိနေမယ်ဆိုရင်တော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ပုံမှန်ထက် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲနေမယ်။ ပြောထားတဲ့ အချက်လေးတွေထဲကမှ ဆင်ခြင်လို့ရတဲ့ အချက်လေးတွေကိုလည်း သတိထားဆင်ခြင်ရင်း ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှု ကိုလျှော့ချသွားလို့ ရပါတယ်။ 

The post ရာသီလာချိန် ခံစားရတဲ့ နာကျင်ကိုက်ခဲမှု level အပေါ် သက်ရောက်နေတဲ့ အချက်များ appeared first on LOTOSHINN.



Source link

Leave a Reply

Your email address will not be published. Required fields are marked *