ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၄) (မိုးမခ) နိုဝင်ဘာ ၅ ၊ ၂၀၂၄ (နည်းလမ်းဆိုတာ ရှာမရရင် တည်ဆောက်ယူရမယ်) စစ်သူကြီး ဘာကာ ဟန်နီဘော ဘီစီ ၂၄၇ – ဘီစီ၁၈၃ (ပြဿနာ အခက်အခဲတွေအတွက် ထွက်ပေါက်ကိုသာ စဥ်းစားခြင်းမပြုဘဲ ဖော်က်ထွက်ဖို့အတွက် လည်း စဥ်းစားစေချင်တယ် ) ဦးဝင်းတင် ဟံသာဝတီ ( ၁၉၃၀ – ၂၀၁၄ ) စစ်သူကြီးဆွန်ဇု Sun Tzu ရဲ့ The Art of War စစ်ရေးအနုပညာကျမ်းပါ မတူကွဲပြားတဲ့ ဗျူဟာများ Variation in Tactics အခန်းကို ကောက်နုတ် သုံးသပ် တင်ပြခြင်း ဖြစ်ပါတယ်။ မြန်မာပြည်လူမျိုး ပေါင်းစုံပြည်သူလူထုကြီးအနေနဲ့ […]
(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၄ အထီးကျန်ခြင်းဟာ ဒဏ်ရာပဲ အိမ်ပြန်ချိန် ညနေခင်းများကို ကြိုလင့်နေသော ကလေးငယ်များ အိမ်ပြန်ချိန် ညနေခင်းများကို စောင့်စားနေသော ကလေးမိဘများ အားလုံးမှာ ဒဏ်ရာတွေရှိတယ် ။ ကျွန်တော့်သမီးငယ်က မေးတယ် ဖေဖေပြန်မလာသေးဘူးလား ကျွန်တော့်သားက ပြောတယ် အဖေ့ဆီ သားတို့ လာခဲ့မယ် မိသားစု အတူမဆုံနိုင်သော ညနေခင်းများက ရှည်လျား ထွေပြားတယ် ။ မိသားစုအပေါ်စိုးရိမ်ပူပန်သောကများကလဲ လေးလံဖိစီးတယ် ။ ဖေဖေ ပြန်မလာသေးဘူးလား… လို့ မမေးလိုက်ရဘဲ ဆုံးပါးကွယ်လွန်သွားသော ကလေးငယ်များ အဖေ့ဆီ လာခဲ့မယ်လို့ မပူဆာလိုက်ရမီ ကြွေလွင့်တိမ်းပါးသွားသောကလေးငယ်များ အိမ်ပြန်ချိန်လမ်းခုလတ် အသက်စွန့်ပေးဆပ်သွားရသော မိဘများ ။ အားလုံးမှာ ဒဏ်ရာတွေရှိတယ် ။ ဘယ်လိုဘ၀တွေလဲ ဘယ်လိုနိုင်ငံတော်လဲ ဘယ်တော့မှ […]
(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၄ မှန်တဲ့စကားတခွန်း တစွန်းတစ မဟလိုက်လေနဲ့ ကွန်မြူနစ် တံဆိပ်ကပ် အရပ်နဲ့ လှည့်တိုက်မယ်။ တင်မိုး ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများကဗျာမှ …. လတ်တလော ဖေ့စ်ဘွတ်ခ်မှာ ကွန်မြူနစ်လူမျိုးတွေလို့ ပြောနေတဲ့ အင်တာဗျူး တွေ့တယ်။ ကွန်မြူနစ် Communist ဟာ လူမျိုးမဟုတ်ပါ။ ဝါဒ စနစ် တခုသာ ဖြစ်တယ်။ ကွန်မြူနစ်ဝါဒ (သို့) ငွေကြေးမဲ့လူစုဝါဒ Communism ဆိုတာဟာ အရင်းရှင်တို့ရဲ့ အမြတ်ထုတ်မြဲ အုပ်စိုးမှု၊ အလုပ်သမား လူတန်းစားရဲ့ လုံးပါးပါးမှု သဘောအခြင်းအရာတို့ကို ဆန့်ကျင်တိုက်ဖျက်ကာ လူတန်းစားအလွှာလွှာ ခွဲခြားမှုကင်းမဲ့ (တာမို့ အရင်းရှင်လည်း ကင်းမဲ့သွား) တဲ့၊ တကမ္ဘာလုံး အတိုင်းအတာနဲ့ တတ်နိုင်လျှင် နောက်ဆုံးမှာ ငွေကြေးသဘောကိုပင် လူ့ဘောင်မှ ပယ်စွန့်ပြီး […]
မော်လမြိုင်၊ နိုဝင်ဘာ ၄ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက် (၁၃-၁၁-၂ဝ၂၄)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ (၁၅-၁၁-၂ဝ၂၄) ရက်နေ့အထိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ရာမညရက်ကန်းစင်တော်အမည်ဖြင့် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မသိုးသင်္ကန်း ရက်လုပ်ခြင်းဟာဆိုရင် ရာစုနှစ်ပေါင်းများစွာ အစဉ်အမြဲ ကျင်းပလာတဲ့ ပွဲတော်တစ်ခုဖြစ်ကာ တန်ဆောင်မုန်းလပြည့်ညမှာ ဗုဒ္ဓဘာသာဝင်များက မသိုးသင်္ကန်းရက်ပြီး မြတ်စွာဘုရားအား လှူဒါန်းပူဇော်ခဲ့ရာ “မသိုးသင်္ကန်း” ရက်လှူပွဲဟူတဲ့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ခုဖြစ်ပေါ်လာခြင်းလည်း ဖြစ်ပါကြောင်း၊ အဓိက ရည်ရွယ်ချက်ကတော့ သင်္ကန်းရက်ပြိုင်ပွဲ ကျင်းပပြီး ဘုရားသို့ ပြိုင်ပွဲဝင်အဖွဲ့များက သင်္ကန်းကို ညတွင်းချင်းအပြီးရက်ကာ မနက်အာရုဏ်တွင် ဘုရားသို့ […]
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၂၄ ဖီမော်ဒေသကို KIA ဝင်ရောက်သိမ်းယူ၊ မြေရှား ထုတ်လုပ်တဲ့ ဒေသတွေ သိမ်းယူခဲ့တဲ့ KIA ဖီမော်၊ ဂေါ်လံ၊ ကန်ဖန် ဆိုတဲ့ ကချင်ပြည်နယ်က ကျေးရွာ ၃ ရွာရဲ့အမည်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ ခေတ်သစ်သမိုင်းမှာ တွေ့မြင်ရလေ့ရှိတဲ့ အမည်နာမတွေ ဖြစ်ပါတယ်။ ဒီ အမည်နာမည်တွေက ဘာအဓိပ္ပါယ် ဆောင်သလဲ၊ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဘယ်လောက်အရေးကြီး သလဲ။ ချစ်ကြည်ရင်းနှီးမှုရဲ့ သာဓက ဖြစ်သလား၊ သံတမန်ရေးအရ အောင်မြင်မှုလား စသဖြင့် ရှုထောင့်မတူခဲ့ရင် အဓိပ္ပာယ်ဖွင့်ဆိုပုံလည်း မတူကြတဲ့ သမိုင်းဖြစ်ရပ်ဖြစ်ပါတယ်။ အခု ရက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ကချင်ပြည်နယ်ရဲ့ အရှေ့ဘက်ခြမ်း တရုတ်နိုင်ငံနယ်စပ်အနီးမှာ ရှိတဲ့ ဖီမော်ဒေသကို ဝင်ရောက် […]
ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၃) (မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၄ (နည်းလမ်းဆိုတာ ရှာမရရင် တည်ဆောက်ယူရမယ်) စစ်သူကြီး ဘာကာ ဟန်နီဘော ဘီစီ ၂၄၇ – ဘီစီ၁၈၃ (ပြဿနာ အခက်အခဲတွေအတွက် ထွက်ပေါက်ကိုသာ စဥ်းစားခြင်းမပြုဘဲ ဖော်က်ထွက်ဖို့အတွက် လည်း စဥ်းစားစေချင်တယ် ) ဦးဝင်းတင် ဟံသာဝတီ ( ၁၉၃၀ – ၂၀၁၄ ) စစ်သူကြီးဆွန်ဇု Sun Tzu ရဲ့ The Art of War စစ်ရေးအနုပညာကျမ်းပါ မတူကွဲပြားတဲ့ ဗျူဟာများ Variation in Tactics အခန်းကို ကောက်နုတ် သုံးသပ် တင်ပြခြင်း ဖြစ်ပါတယ်။ မြန်မာပြည်လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးအနေနဲ့ […]
(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၄ ဘယ်နေရာကို သွားရမယ်မှန်း သိရင် အဓိပ္ပာယ်ဟာ ဘဝကို စွပ်ချလိုက်တဲ့ ကြိုးကွင်းပေါ့ ပျော်ပျော်ကြီး သေရဲခဲ့ကြတယ် ထာဝရ သေခြင်းကင်းခဲ့ကြတယ် ဒီလမ်းဟာ မပြည့်ကျပ်ဘူး မရှိတဲ့ တံခါးရဲ့ စစ်မေးခြင်းမှာ စာမေးပွဲအောင်ရမယ် လမ်းရဲ့ ဂမ္ဘီရမှာ လျှောက်ဖို့ ခြေထောက်မှာ ရေစီးသန်တဲ့မြစ်ကို ချိတ်ရတယ် စာအုပ်ဘယ်လောက်ထူထူ လူမမြတ်နိုးရင် လူ မဟုတ်သေးဘူးဆိုတာ သိလို့ ကရုဏာကို လက်ဖျော် ဖျော်ကြတယ် ကမ္ဘာ့ရင်အုပ်ပေါ်က ပုံတူကို မဝင်စား ငွေနဲ့ ညစာရဲ့ တန်ဘိုးကို နေရာပြောင်းလိုက်တဲ့ ကြောင်းကျိုးမှာ အမွန်ဓာတ်ဟာ ချီးမြှင့်မှု အလင်းအလျဥ်ကို နှေးကွေးစေခဲ့ပြီပဲ။ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar […]
(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၄ မဖတ်ချင်ပေမယ့် ဖတ်စရာမရှိတဲ့အဆုံး၊ ဘူရိဒတ်ပျို့ကြီး ကောက်ဖတ်လိုက်ရတယ်။ ကာတွန်းဆရာ တစ်ယောက် ရေးထားသလိုပေါ့၊ ‘အကြံကုန်တော့ အကုန်ကြံတဲ့သူတွေချည်းပဲ’ မဟုတ်လား။ ဒီတော့ အချိန်တွေ အလကားဖြုန်းမပစ်နိုင်မယ့်အတူတူ ဘူရိဒတ် လိုက်ရပါတယ်။ လင်္ကာရှည်ကြီး၊ အဲဒီ အလင်္ကာနဲ့ လင်္ကာ ဆိုတာလည်း ခွဲမသိဘူးရယ်။ ‘အ’ဆိုတာ ‘မ’ပဲ၊ မကောင်းတာဘဲလို့ ကြားဖူးထားတော့၊ လင်္ကာ ဆိုတာကို ‘အ’ထည့်လိုက် တာ ကောင်းလား မကောင်းလား မသိပါဘူး။ သူ့ခေါင်းစဉ်အတိုင်း ‘လင်္ကာရှည်ကြီး’လို့ပဲ ပြောပါရစေ။ ငယ်ဆရာ တစ်ယောက်ကတော့ ‘လင်္ကာဆိုတာ အဆင်တန်ဆာပဲ’လို့ အမြဲပြောလေတော့၊ စကားလုံးတွေ ကဗျာတွေမှာ လှလှ ပပလေးဖြစ်အောင်၊ အဆင်ချောအောင် ပြင်ဆင်ရေးဖွဲ့တာမျိုးလို့ မှတ်ထားဖူးပါတယ်။ ခုခေတ်ကဗျာတွေမှာတော့ ‘နိမိတ်ပုံ’လို့ ပြောကြတယ်နော်။ […]
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၄ ပြည်တွင်းစစ်ကာလ ကြာရှည်လာတာနဲ့အမျှ လူငယ်တွေရဲ့ ပညာရေးအပေါ် သက်ရောက်မှု လက်နက်ကိုင် ပဋိပက္ခလို့ ပညာရှင်ဆန်ဆန် ခေါ်ဝေါ်သုံးစွဲတဲ့ နှစ် ၇၀ ကျော် ကြာရှည်လာတဲ့ ပြည်တွင်းစစ်မီး မြန်မာနိုင်ငံမှာ တကျော့ပြန် အရှိန်မြင့်တောက်လောင်လာတာ ၃ နှစ်ကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလကုန် မေလဝန်းကျင်က စတင်ပြီး တိုက်ပွဲတွေ ဟိုနားသည်နားမှာ စတင်ဖြစ်ပွားလာရာက ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပိုမိုကျယ်ပြန့်လာပြီး ၂၀၂၃ အကုန် ၂၀၂၄ မှာတော့ နိုင်ငံရဲ့ ၇၀ ရာနှုန်းကျော်မှာ စစ်ပွဲတွေ ဖြစ်ပွားနေတာ၊ စစ်ပွဲကြောင့် ရှောင်တိမ်းကြရတာ၊ သို့မဟုတ် ပဋိပက္ခရဲ့ သက်ရောက်မှု အကျိုးဆက်တိုက်ရိုက် ခံစားရလာတဲ့ အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျောင်းသား […]
ပြည်၊ နိုဝင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှု သတင်းများကို ပြည်ပသို့ ပေးပို့ ရောင်းစားနေသည့် သက်ဝေလင်း ဆိုသူအား ဖမ်းဆီးရမိကြောင်း သိရသည်။ သက်ဝေလင်း ဆိုသူအား ပြည်သာယာရပ်ကွက်ရှိ Mayတည်ခိုခန်းတွင် လုံခြုံရေးတပ်ဖွဲ့ မှဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ဆက်စပ်သူများကိုလည်း ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရပါသည်။ လုံခြုံရေးသတင်းများကို ပြည်ပပေးပို့ ရောင်းစားသူများအား တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link