(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၂၄ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်က ဘာအကျိုးအမြတ် ရမလဲ၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်း အဖြေရှာဖို့ အိန္ဒိယရဲ့ ချဥ်းကပ်မှု ၅ ရက်တာ ကြာမြင့်မယ့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခရီးစဥ်အတွင်း မဟာမဲခေါင်ဒေသ အစည်းအဝေးတက်ရောက်ရုံတင် မကပဲ၊ အာဆီယံနဲ့ တရုတ်တို့လို ဒေသတွင်း နိုင်ငံတွေအကြား သီးခြား အစည်းအဝေးတွေလည်း လုပ်ဆောင်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ သံတမန်ရေးအရေ အကျိုးအမြတ်ရရှိစေတဲ့ အခွင့်အရေးတခုလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ခရီးစဥ်ရဲ့ အဓိက ရည်ရွယ်ချက်၊ ရည်မှန်းချက်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် တိုက်ပွဲတွေကို ရပ်ဆိုင်းစေဖို့ စစ်ကောင်စီကို စည်းရုံးတာ၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစေဖို့ တိုက်တွန်းဖိအားပေးတာ၊ တဖက်မှာလည်း တရုတ်နိုင်ငံရဲ့ […]
ရွှေတောင် ၊ နိုဝင်ဘာ ၇ ပဲ ခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို ရွှေတောင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမများက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ၊ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ […]
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၄ ဘာကြောင့် ဒီမိုကရက်တွေ ရှုံးသွားသလဲ ထရန့် နိုင်တဲ့ နောက် ဘာတွေဖြစ်မလဲ ရွေးကောက်ပွဲ ကျင်းပရာ အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၅ ရက်နေ့ ည သန်းခေါင်ဝန်းကျင်၊ အာရှမှာတော့ ၆ ရက်နေ့ နံနက်ပိုင်း ရောက်ချိန်မှာ မဲတွေအားလုံး မရေတွက်ရသေးတဲ့တိုင် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရတဲ့အကြောင်း အမေရိကန် အစိုးရက တည်ထောင်ထားတဲ့ VoA မီဒီယာမှာ ဖော်ပြလိုက်တဲ့အခါ ဒါတော့သေချာသွားပြီ ဆိုတာ နားလည်သဘောပေါက်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံ မှာ မွေးဖွားသူတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို ကူညီဆောင်ရွက်နေကြတဲ့ အမေရိကန်ရောက် မြန်မာတွေ ၊ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ […]
2024 တွင် Trump သမ္မတအဖြစ် ဒုတိယသက်တမ်း အနိုင်ရ နိုင်ငံကကာသာဂိ (မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၄ ဒုတိယ Trump အစိုးရသည် စီးပွားရေးကို အခြေခံကျသော နည်းလမ်းများဖြင့် ပြန်လည်ပုံဖော်ရန် အလားအလာရှိသည်။ သမ္မတဟောင်း Trump သည် သမ္မတရွေးကောက်ပွဲတွင်အနိုင်ရပြီးနောက် စတော့နှင့် cryptocurrencies မြင့်တက်ခဲ့သည်။ Trump ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် Dow Jones ဟာ အမှတ် 1,300 ကျော် ခုန်တက်သွားပါတယ်။ ရွေးကောက်ခံသမ္မတ Donald Trump သည် သွင်းကုန်များအပေါ် အခွန်စည်းကြပ်ရန်၊ ရွှေ့ပြောင်းအခြေချသူများကို အမြောက်အများ ပြန်ပို့ရန် အမိန့်ပေးကာ ၎င်း၏ဒုတိယသက်တမ်းအတွင်း အခွန်နှင့် အစိုးရစည်းမျဉ်းများကို ဖြတ်တောက်ရန် ကတိပြုခဲ့သည်။ အဆိုပါမူဝါဒများကို မည်သည့်အချိန်တွင် သို့မဟုတ် မည်ကဲ့သို့ပြဋ္ဌာန်းမည်ကို […]
(မိုးမခ) နိုဝင်ဘာ ၆ ၊ ၂၀၂၄ ရှေးဘုရင်များ အသက်အရွယ်ရလာ၊ ကံတော်ကုန်ခါနီးလာတော့ရင် ကောင်းမှုတော်စာရင်းတွေ ဖတ်ဖတ်ပြခိုင်းသတဲ့။ ဘဝင်မြူးအောင်တို့၊ ဘဝကူးကောင်းအောင်တို့ ဖြစ်မှာပေါ့။ ဒို့ ဘုရားဒကာကြီးရဲ့ ကောင်းမှုတွေ ဖတ်ပြဖို့တော့ မလွယ်လောက်ပေဘူး။ သူ့သက်တမ်းအတွင်း ပြီးဆုံးအောင် ရွှေနားပန်ဆင်နိုင်မယ် မထင်ဘူး။ ခုက သူတရုတ်မသွားခင် မှီသလောက်လေး ဖတ်ပြတာပါ။ ပြန်ရောက် မရောက်ကလဲ မသေချာတော့ ဘဝကူးကောင်းအောင်ပေါ့လေ။ သူကကျ သူများလက်ထဲက အာဏာ သေနတ်ပြသိမ်းပြီး သူ့မကျေနပ်လို့ဆန္ဒပြတော့ ခေါင်းပစ်တယ်။ အဲလေ ခေတ်ပြောင်းတယ်ပေါ့လေ။ ဒါ ပထမဆုံးကောင်းမှူတော်။ နောက်တော့ နေ့တိုင်းလိုလို လေယဉ်နဲ့ဗုံးကြဲတယ်၊ ပြီးတော့ ဗုံးခိုကျင်း မတူးရအမိန့်ထုတ်တယ်။ ဇီဝိတဒါနပြုပုံဆန်းကျယ်တယ်နော်။ သူ့အသက်တော့မဟုတ်၊ သူများအသက်စွန့်ခိုင်းတာ။ ဘုရားဒကာဆန်ချက်တော့။ စစ်ကြောင်းထိုးတယ်၊ ကလေးအမေနဲ့ အမယ်အိုကအစ လူသားဒိုင်းလုပ်ဖို့ ပစ္စည်းသယ်ဖို့ […]
အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင်
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင် ၄ နှစ်တကြိမ် ကျင်းပတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ခုနှစ် ဒီမိုကရက်တစ် ပါတီက လက်ရှိဒုသမ္မတ ကမ်မလာဟဲရစ် နဲ့ ယခင်က သမ္မတ ၄ နှစ်တာဝန်ထမ်းဆောင်ဖူးသူ ရီပတ်ဗလစ်ကန် ပါတီက ဒေါ်နယ်ထရန့်တို့ ယှဥ်ပြိုင်နေကြပြီး ဒီရွေးကောက်ပွဲရလဒ်က မြန်မာနိုင်ငံရေးကို ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်နေတာပါ။ စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေး အရေး နဲ့ ဒီမိုကရေစီအရေး လုပ်ဆောင်နေကြတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့လည်း […]
နေပြည်တော်၊ နိုဝင်ဘာ ၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများကို MNDAA အကြမ်းဖက်သောင်းကျန်းသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများအတွင်းသို့ ယနေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်နှင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များအား နမ့်လန်မြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့်တာဝန်ရှိသူများက လိုအပ်သည်များသွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာနေထိုင်လျက်ရှိသည့် […]
(မိုးမခ) နိုဝင်ဘာ ၅ ၊ ၂၀၂၄ ဖိုးသား ဆိုတာ နာမ်စားပါ အညာက ဦးအောင်ဇေယျမြေကို အခြေချတော့ ဖိုးသား ဆိုတဲ့အခေါ်နဲ့ ရင်းနှီးသိလာခဲ့တယ် ချစ်စနိုးနဲ့ သိပ်လှတဲ့ နာမလေးပေါ့ ဖိုးသားဟာ ကြီးလာတဲ့အထိ ဖိုးသားပါပဲ အဲဒီချိန်တုန်းက ခါးတောင်းကျိုက် ဝိုင်းခြင်းခတ်ကောင်းတုန်း ချောင်းထဲ မြောင်းထဲ ငါးနှိုက်ကောင်းတုန်း မန်ကျည်းပင်ပေါ်တက် ရွက်နု ခူးကြတုန်း အညာနွေရဲ့ တမာနံ့လေး သိပ်လွမ်းစရာပဲ အညာရဲ့နွေညနေဟာ လေနီကြမ်းတွေ တိုက်တတ်တယ် …. အညာဟာ ပူပူအိုက်အိုက်နဲ့ စပါးတွေ စိုက်နေခဲ့တယ် ….. ဖိုးသားဟာ အိမ်ရဲ့ အချစ်တော် နုနု ထွေးထွေးလေး သူဟာ နို့ညှာလေးပေတဲ့ သူ့နာမည်က ဖိုးသားတဲ့ ခုချိန်ထိ ဖိုးသားပါပဲ ဖိုးသားဟာ ဆယ်တန်းရောက်ခဲ့ရဲ့လား သေချာမမှတ်မိခင် […]
နိုင်ငံတကာသာဂိ (မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၄ ၂၀၂၄ နိုဝင်ဘာ ၅ ရက်ကို တကမ္ဘာလုံးက ရင်မပြီး စောင့်ကြည့်နေကြပါတယ်။ ဒီနေ့က အမေရိကန်ပစ္စဖိတ်ကမ်းခြေ စံတော်ချိန် နိုဝင်ဘာ ၄၊ ည ၁၀ နာရီ ဖြစ်ပါတယ်။ အခုကတည်းက မနက်ဖြန် ဘယ်သူနိုင်ရင် ဘာဖြစ်မလဲဆိုတာကို သတင်းဌာနတွေက အပြိုင်အဆိုင် ဆွေးနွေးသတင်းတင်ဆက်နေကြပါပြီ။ ၂၀၁၆ တုန်းက ထရန့်ကို နိုင်လိမ့်မယ် မထင်ခဲ့ကြဘူး။ သူ နိုင်သွားတော့ ဒီမိုကရက်နဲ့ အိုဘားမားတို့က ဣန္ဒြေရရ အာဏာလွှဲပေးခဲ့တယ်။ ၂၀၁၆ ကနေ ၂၀၂၀ အထိ အမေရိကန်ပြည်ကြီး ငါးပါးမှောက်တာအပြင် နိုင်ငံတကာပါ သံဃာစင်မှောက်ခဲ့ကြတာပဲ။ သိကြမှာပါ။ ၂၀၂၀ မှာ ထရန့် ရွေးကောက်ပွဲရှုံးတော့ အိမ်ဖြူတော်ကနေ အေးအေး မဆင်းသွားဘူး။ […]
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၄ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ် အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ စစ်အာဏာ သိမ်းပြီး ၃ နှစ်ကျော် ၄ နှစ်နီးပါး ရောက်လာချိန်မှာ စစ်အာဏာသိမ်း ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ရဲ့ ပထမဆုံး တရုတ်ပြည်ကို သွားမယ့် ခရီးစဥ်က ထူးခြားတဲ့ ခရီးစဥ်တခုဖြစ်နေတယ် ဆိုတာ အငြင်းပွားဖွယ်မရှိတဲ့ အချက်လို့ဆိုနိုင်ပါတယ်။ စစ်အာဏာသိမ်းပြီးကာစကတည်းက စစ်ကောင်စီ အနေနဲ့ တရုတ်ရဲ့ အပြည့်အဝ ထောက်ခံမှုကို လိုနေတာ ဖုံးကွယ်ထားတဲ့ ကိစ္စတခုတော့မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဆက်ဆံရေး၊ နယ်စပ်ကူးလူးဆက်ဆံမှု၊ စစ်လက်နက်ခဲယမ်း ဝယ်ယူမှု သို့မဟုတ် ထောက်ပံ့မှု စတဲ့အရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး စစ်တပ်အနေနဲ့ စိတ်မသက်မသာ […]