ylliX - Online Advertising Network

စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းလိုက်ပြီလို့ တရုတ်ကြေညာတယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ်၊ တရုတ်သံတမန်တွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “မန္တလေး တရုတ်စစ်ဝန်ရုံးချုပ် တိုက်ခိုက်ခံရမှုနဲ့ မင်းအောင်လှိုင်ကို ဖမ်းလိုက်ပြီဟု တရုတ်ကြေညာလို့ တကမ္ဘာလုံး ထခုန်နေကြကုန်ပြီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းလိုက်ပြီလို့ […]

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အဆမတန် ဈေးမြင့်တက်မှုဒဏ်နဲ့ ပြည်သူလူထု

(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၄⁨⁨⁨⁨⁨⁨ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အဆမတန် ဈေးမြင့်တက်မှုဒဏ်နဲ့ ပြည်သူလူထု  ပြည်တွင်းမှာ နေထိုင်နေကြတဲ့ လူအများစုရဲ့ ခံစားနေရတဲ့ ဒုက္ခတွေ အခက်အခဲတွေလို့ဆိုရင် စစ်ဘေးရန်က အသက်အန္တရာယ် ထိခိုက်နိုင်ခြေက ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒုတိ​ယ အနေနဲ့ ဖမ်းဆီး နှိပ်စက်ခံရမယ့် အန္တရာယ်၊ အဲဒီနောက်မှာတော့ ပိုင်ဆိုင်တဲ့ နေအိမ်၊ ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးမယ့် အန္တရာယ် ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အသက်ရှင်သန်နေထိုင်ရေး နေ့စဥ် ရုန်းကန် ကျော်ဖြတ်နေကြရတဲ့ အခြေအနေက အန္တရာယ်လို့ မခေါ်ဆိုနိုင်ပေမယ့် ခက်ခဲလွန်းတဲ့ အနေအထား အခုလို စစ်မက်ဖြစ်ပွားတဲ့ အခြေအနေအောက်မှာ ပုံမှန် စားသောက် အသက်ရှင်သန်ရေးက တနေ့ထက် တနေ့ ပိုမိုခက်ခဲလာနေတာ ဖြစ်ပါတယ်။  ပိတ်ဆို့ခံထားရတဲ့ ဒေသမဟုတ်တဲ့ ရန်ကုန်မြို့လိုမှာ ဖြစ်နေတဲ့ […]

ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ MNDAA ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ က ဦးဆောင်ပြီး ဗမာနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ရင်းတွေ ပူးပေါင်းပါဝင်တဲ့ တပ်တွေ ဇူလိုင်လကုန် သြဂုတ်လဆန်းမှာ လားရှိုးမြို့ ကို သိမ်းယူခဲ့ပြီးနောက် တလကျော်အကြာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တဖြည်းဖြည်း အကြိမ်ရေစိပ်လာခဲ့ပြီးနောက် အခုရက်ပိုင်းမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုများပြားတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ရှမ်းမြောက်ဒေသနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ကချင်ပြည်နယ် ဒေသအချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေချိန်မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း နယ်စပ်တလျှောက် ကုန်သွယ်ရေး […]

စစ်ကောင်စီခေါင်းဆောင်ရဲ့ သမီးကို ဖမ်းမိတယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် ရဲ့ ဓါတ်ပုံနဲ့ အခြားသူတွေပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင် သမီးကို ဖမ်းမိပြီ။ အဖေအာဏာမလွှဲရင် သေဒဏ်ပေးမယ်” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် စစ်ကောင်စီခေါင်းဆောင်ရဲ့ သမီးဖြစ်သူကို ဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom […]

KNU ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့နောက် တောင်ပိုင်းစစ်မျက်နှာ

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၄⁨⁨⁨⁨⁨⁨ KNU ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့နောက် တောင်ပိုင်းစစ်မျက်နှာ  ဖားအံခရိုင် KNU တပ်မဟာ ၇ နယ်မြေထဲ KNU ဌာနချုပ်နေရာကို အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ ဒရုန်း ၄ စင်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာမှာ အဆောက်အဦတချို့ ထိခိုက်မှုရှိခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း KIC သတင်းဌာန က ဖော်ပြထားတာ တွေ့ရပါတယ်။  ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေဟာ KNU နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နယ်မြေအဖြစ် သိရှိထားကြပြီး အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတဲ့ တရားဝင် ပြောဆိုတာမျိုး မရှိပေမယ့်လည်း လက်သည်အနေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်ချက် ဖြစ်တယ်လို့ ယူဆထားကြတာ ဖြစ်ပါတယ်။ […]

စစ်ကောင်စီတပ်တွေ ရှမ်းမြောက်မှာ ခံစစ်ကနေ ထိုးစစ်ပြန်ဆင်လာ၊ ဘုတလင်မြို့နယ်ထဲက ရက်စက်စွာ သတ်ဖြတ်မှု

(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၄⁨⁨⁨⁨⁨⁨ စစ်ကောင်စီတပ်တွေ ရှမ်းမြောက်မှာ ခံစစ်ကနေ ထိုးစစ်ပြန်ဆင်လာ၊ ဘုတလင်မြို့နယ်ထဲက ရက်စက်စွာ သတ်ဖြတ်မှု ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတွက်ရင် တနှစ်နီးပါး ကြာချိန်အတွင်း မြို့ပေါင်း တဒါဇင်ထက်မနည်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီ အနေနဲ့ ခုသီတင်းပတ်တွေမှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ တွေ့ရတဲ့အကြောင်း သတင်းဖော်ပြချက် အချို့မှာ စတင်တွေ့လာရတာ ဖြစ်ပါတယ်။  ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားတဲ့ သတင်းတပုဒ်မှာ နောင်ချို၊ ကွမ်လုံ၊ သိန္နီ၊ လားရှိုး စတဲ့မြို့တွေကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုများပြားလာသလို မြေပြင်ကလည်းထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ TNLA လက်နက်ကိုင် တွေ […]

ရုရှားရေတပ်က စစ်ရေယာဥ်တွေ ပါဝင်တဲ့ စစ်ကောင်စီရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှု၊ ရေးမြို့နယ် တောင်ပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ် ကြိုးစား

(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ရုရှားရေတပ်က စစ်ရေယာဥ်တွေ ပါဝင်တဲ့ စစ်ကောင်စီရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှု၊ ရေးမြို့နယ် တောင်ပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ် ကြိုးစား ခုရက်ပိုင်းအတွင်း ရုရှားနိုင်ငံ ပစိဖိတ်ပင်လယ်ပြင်တပ်က စစ်ရေယာဥ် ၄ စီး ရေကြောင်းလုံခြုံရေး ဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ဆိုတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မြန်မာစစ်ကောင်စီ ရေတပ်က တနင်္သာရီတိုင်း မြိတ်မြို့ အနောက်ဘက် ပင်လယ်ပြင်မှာ ရေတပ်စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်မယ့်အကြောင်း ထုတ်ပြန်ကြေညာထားတာလည်း တွေ့ရပါတယ်။  ရုရှား ရေတပ်က စစ်ရေယာဥ် ၄ စီးအနက် ၃ စီးက Corvette အမျိုးအစားလို့ခေါ်ဆိုတဲ့ ကမ်းရိုးတန်းတလျှောက် လုံခြုံရေး ကင်းလှည့်ရာမှာ သုံးလေ့ရှိတဲ့ ဒုံးကျည်တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေး စစ်ရေယာဥ်တွေ ဖြစ်ပြီး ကျန်တစီးကတော့ […]

ဒုတပ်ချုပ်စိုးဝင်းယာဉ်တန်း ရန်ကုန်မှာ မိုင်းဆွဲခံရတယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီဗိုလ်ချုပ်စိုးဝင်းရဲ့ ဓါတ်ပုံရယ်၊ မီးတွေထတောက်နေတဲ့ ဓါတ်ပုံရယ် သတင်းကြေငြာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန်ရောက်နေတဲ့ ဒုချုပ်စိုးဝင်း စစ်ယာဉ်တန်း ရန်ကုန်ပြည်လမ်းအနီး တည့်တည့်ကြီး မိုင်းဆွဲခံရ။ ပွဲချင်းပြီးသေဆုံး၊ ပြည်သူ ၆ ဦးထိခိုက်” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် ဒုတပ်ချုပ်စိုးဝင်းရဲ့ […]