ထားဝယ်မြို့ ကမြောကင်းတံတားအနီးရှိ မီးပွိုင့်တွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက် ညနေ ၃နာရီကျော်တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူသုံးဦးဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထံမှ သိရသည်။ ကမြောကင်းတံတားသစ်အနီးရှိ DDPC ဈေးဝယ်စင်တာမီးပွိုင့်တွင် သုံးဘီးဆိုင်ကယ် (အိုးဝေ) ၊ Toyota Wish အမဲရောင် ကားနှင့် စက်ဘီးတို့ တိုက်မိခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ “ဘယ်လို တိုက်မိလဲဆိုတာတော့ မသိရဘူး။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာတော့ သုံးဘီးကားက ခေါင်းကြေနေပြီး ကားကတော့ DDPC ရှေ့က ရေမြောင်းထဲကျနေတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ယာဉ်တိုက်မှုကြောင့် စက်ဘီစီးလာသည့် လောင်းလုံးမြို့နယ်နေသူ ဦးအေးလွင်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ အသက် ၁၀နှစ်အရွယ် ကလေးတစ်ဦး ယာဘက်လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း […]
မြန်မာ– တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ် ဒီညနေ ၅ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကနေ ကန်ပိုင်တည်မြို့ပေါ် ပစ်ခတ်မှုစတင်လာပြီး မွန်းလွှဲ ၂ နာရီဝန်းကျင် မြို့အတွင်း၊မြို့ပြင် နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုပိုစိပ်လာပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် ညနေပိုင်း ၅ နာရီခန့်မှာ ကန်ပိုင်တည် စစ်တပ်ကုန်းနဲ့ ရဲစခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီညနေ ၅ နာရီလောက်မှာ အပြီးသတ် သိမ်းလိုက်ပြီ။ ကန်ပိုင်တည်မှာရှိနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တရုတ်ပြည်ဘက်ခြမ်းကို နယ်မြေတံတိုင်းတွေ ကျော်ခွပြီး ထွက်ပြေးသွားကြကုန်ပြီ။ စစ်တပ်ကုန်းလည်း မီးရှို့ဖျက်ဆီးလိုက်ပြီ။ ရဲစခန်းမှာလည်း ကျနော်တို့အားလုံးနေရာယူလိုက်ပြီ။ ဟော်တယ်နေရာတွေမှာ ရှိနေတဲ့ စစ်သားတွေအားလုံးကိုလည်း ရှင်းလိုက်ပြီ။ အခုက လှိုင်ဂူဘက်မှာ နည်းနည်းလေးကျန်နေတယ် အဲလိုက်ဘက်မှာလိုက်ရှင်းနေတယ်”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်က လက်ရှိ စစ်တပ်ကုန်းနဲ့ ရဲစခန်းနေရာတွေကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ဆောက်လုပ်ထားတဲ့ လှိုင်ဂူတံတားဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံပစ်ခတ်ရှင်းလင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများပိုင်းတရုတ်ပြည်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေရှိသလို လက်နက်ပစ္စည်းအပါ ဖမ်းဆီးရမိတာတွေရှိတယ်လို့ သတင်းအရင်းအမြစ် ပြောပေမယ့် အသေးစိတ်သိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်တိုက်ပွဲဟာ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ငြိမ်သက်သွားပြီး စစ်တပ်ကုန်းတစ်ခုလုံး မီးလောင်းပျက်စီးနေတယ်လို့ ကန်ပိုင်တည် ဒေသခံ အမျိုးသားတစ်ဦးကလည်း KNG ကို အခုလိုပြောပါတယ်။ “သိမ်းလိုက်တာမှန်ပါတယ်။ စစ်တပ်ကုန်းမှာ မီးလောင်နေဆဲဖြစ်တယ်။ လက်ဝါးကားတိုင်ရှိတဲ့ ဘက်မှာ သေနတ်သံအနည်းငယ်ကြားနေရသေးတယ်။ ဆက်ရှင်းနေသေးတာလားတော့ မသိဘူး။ ညနေပိုင်း ၅ နာရီလောက်မှာ တိုက်ပွဲက ငြိမ်သွားတာဟုတ်တယ်”လို့ပြောပါတယ်။ နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်နေချိန် ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့လာရောက်ပစ်ခတ် တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ရန်အတွက် ကန်ပိုင်တည်မြို့နဲ့ ၁၅ မိနစ်ခန့်အကွာမှာရှိတဲ့ ဝေမောရွာမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး စစ်အင်အားထပ်မံတိုးချဲ့ပြီးနောက် ဒီမနက်ပိုင်း စတင်ထိုးစစ်ဆင်ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် ကန်ပိုင်တည်မြို့ပေါ်မှာ စစ်အင်အား ၈၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဒီကနေ့ တစ်ရက်လုံး KIA တက်လာနိုင်တဲ့ လမ်းကြောင်း နေရာတွေကို လက်နက်ကြီး ပစ်ခတ်ခြောက်လန့်တာတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်မြို့ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တတိယအကြီးဆုံး နယ်စပ်ဂိတ်ပေါက်ဝ မြို့တစ်ခုဖြစ်ပြီးတော့ ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကချင်အထူးဒေသ(၁) နယ်မြေထဲမှာရှိတဲ့ KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ နယ်စပ်မြို့ကို ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်မြို့တစ်ခုလုံး KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်းကနေ KIA တပ်တွေဟာ ကချင်အထူးဒေသ(၁) နယ်မြေ တရုတ်နယ်စပ်တစ်ကြောက ချီဖွေ၊ ဆော့လော်၊ ပန်ဝါ မြို့နဲ့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ရှိတဲ့ လုပီ၊ ၁၀၀၃ စင်ကြိုင် နဲ့ ၁၀၀၁ ဖီမော် နယ်ခြားစောင့်တပ်ရင်း ဌာနချုပ် အားလုံးကို တစ်လကျော်အတွင်းမှာပဲ အပြီးသတ်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ နယ်စပ်တစ်ကြောက ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နှစ်ပေါင်း ၅၀ ခန့်အကြာ ထိန်းချုပ်လာတဲ့ မြို့နေရာ နဲ့ တပ်ရင်းဌာနချုပ်တွေကို သိမ်းပိုက်လိုက်ပြီး ရက်ပေါင်း ၂၀ ခန့်အကြာမှာ နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုင်တည် နယ်စပ်မြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post နယ်ခြားစောင့်တပ်ရဲ့ နောက်ဆုံးကျန်နေတဲ့ ကံပိုင်တည်မြို့ကို တရုတ်ဖိအားကြားက KIA သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ appeared first on Kachin News Group (KNG). Source link
စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံသား လူငယ်လူရွယ်အများစုသည် ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ပြေးတိမ်းရှောင်လာကြသည်။ ထိုသူများထဲမှာ တရားမဝင်နည်းလမ်းများဖြင့် ရောက်ရှိလာကြသူများသည် ထိုင်းအစိုးရ နှင့် မြန်မာအစိုးရတို့ပူးပေါင်းပြီး တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ရှိမည့် ပန်းရောင်ကဒ် လူသစ်စာရင်းဖွင့်ချိန်ကို စောင့်မျှော်နေကြသည်။ ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို ပန်းရောင်ကဒ် ခေါ် တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်ပေးသွားမည်ဟု ထိုင်းနိုင်ငံ၏ အလုပ်သမား ဝန်ကြီးဌာနက ဇွန်လကတည်းက အတည်ပြုထုတ်ပြန်ထားသည်။ တစ်ဘက်တွင်လည်း စစ်ကောင်စီသည် ရွှေ့ပြောင်းလုပ်သားများ၏ အထောက်အထား အချက်အလက် အသစ်ပြုလုပ်မည့် အစီအစဉ်များနှင့် စစ်မှုထမ်းဆင့်ခေါ်ခံရပါက အလုပ်သမားများ မြန်မာပြည်တွင်းပြန်လာရန် တင်းကျပ်သည့် အခြေအနေများလည်းရှိနေသည်။ ထိုသို့သော အခြေအနေများနှင့်ပတ်သက်နှင့် ထိုင်းရောက်မြန်မာအများစု မျှော်လင့်နေကြသည့် ပန်းရောင်ကဒ် ပြုလုပ်နိုင်မည့်အချိန် နှောင့်နှေးနေရသည့် အကြောင်းရင်း၊ ထိုကဒ်၏ အားသာချက်များကို ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းလုပ်သားများအရေးများ ဆောင်ရွက်နေသော ပညာရေးနှင့် […]
ရခိုင်ပြည် တောင်ကုတ်မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန်လာကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လလယ်ကစပြီး တောင်ကုတ်မြို့နယ် နေပူတောင်တိုက်ပွဲ၊ တောင်ကုတ်-သံတွဲကား လမ်းပိုင်းအချို့တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် တောင်ကုတ်မြို့အား AA က ဝိုင်းရံပိတ်ဆို့ထားခြင်းကြောင့် စစ်ကောင်စီတပ်သည် တောင်ကုတ်တက္ကသိုလ်ထဲ နေရာယူတပ်စွဲခဲ့သည်။ သို့သော်လည်း အောက်တိုဘာလ နောက်ဆုံးအပတ် AA ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ တောင်ကုတ်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်ရင်းမှာ ဆုတ်ခွာပေးလိုက်ရပြီး လက်ရှိတွင် တောင်ကုတ်တက္ကသိုလ်က AA ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။ “တောင်ကုတ်တက္ကသိုလ်ကို သိမ်းလိုက်တာက ရက်ပိုင်းလောက်ရှိနေပါပြီ။ တိုက်ပွဲက အခု ကိုင်းရှည်ရပ်ကွက်ကျော်ပြီး မြို့လယ်ကို ရောက်သွားပြီ။ တောင်ကုတ်တက္ကသိုလ်ထဲမှာ […]
မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ကုန်စည်ရှားပါးနေသည့် ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့် တအာင်းတပ် (TNLA) တို့က နှစ်ဖက်တပ်ထိန်းချုပ်ထားရာဒေသများသို့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ရန် အပြန်အလှန်ပိတ်ဆို့ထားကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ဂိတ်တို့မှ မြန်မာဘက်သို့ တင်သွင်းမည့် သွင်းကုန်များကို ယခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် တရုတ်အစိုးရက ကန့်သတ်ခဲ့ခြင်းကြောင့် တရုတ်ကုန်စည်များရှားပါးလာချိန် ဒေသတွင်းလှုပ်ရှားနေသော စစ်ကောင်စီတပ် နှင့် TNLA တို့က ထိုသို့ အပြန်အလှန်ပိတ်ဆို့မှု ဖြစ်ပေါ်လာသည်။ စစ်ကောင်စီသည် ပြင်ဦးလွင်မြို့မှ ရှမ်းမြောက်ဒေသသို့အထွက်လမ်းနှင့် ရှမ်းတောင်ပိုင်းမှ မြောက်ပိုင်းသို့ ကွေ့ပတ်ဝင်ရောက်နိုင်သည့် လမ်းပိုင်းကိုလည်း ပိတ်ဆို့ထားလိုက်သည်။ စစ်ကောင်စီတပ်၏ ပိတ်ပင်မှုများ ပြုလုပ်လာချိန် တအာင်းတပ်ကလည်း စစ်ကောင်စီ ထိန်းချုပ်သည့် မူဆယ်မြို့သို့ စက်သုံးဆီမဝင်ရန် တန်ပြန်ပိတ်ဆို့ထားခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် […]
၂၀. ၁၁. ၂၀၂၄Written by Thettant ဝန်ကြီးချုပ်ဟောင်းဦးဗဆွေရဲ့ သားဖြစ်သူ ဦးနေမျိုးဗဆွေဟာ အသက် ၇၈ နှစ်အရွယ် မနေ့ကည သန်းခေါင်ယံအချိန်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သားဖြစ်သူက အသိပေးထားပါတယ်။ “ဉီးနေမျိုးဗဆွေ အသက်(၇၈)နှစ် ယနေ့ည ၁ နာရီမိနစ် ၃၀ တွင် ကွယ်လွန်အနိစ္စရောက်ပါသည်ခင်ဗျာ။ သောကြာနေ့တွင်ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ပါမည်ခင်ဗျာ။ အားလုံး အသုဘရှူရန် ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။ ကန်လမ်း၊ ကန်ရိပ်မွန်ကွန်ဒိုတွင် ကွယ်လွန်အနိစ္စရောက်ပါသည်ခင်ဗျာ”လို့ သားဖြစ်သူ ကိုနေမျိုးဦးက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ဦးဗဆွေဟာ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ၁၉၅၆ – ၁၉၅၇ ခုနှစ်မှာ တာဝန်ယူခဲ့ဖူးပြီး ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို သားသမီးဆယ်ဦး မွေးဖွားရာမှာ အခုကွယ်လွန်သူ ဦးနေမျိုးဗဆွေဟာ ဒုတိယမြောက်သားဖြစ်ပြီး ဦးဗဆွေရဲ့ နိုင်ငံရေးအမွေဆက်ခံသူအဖြစ်မူ ဦးနေဖူးဗဆွေက လူသိများပါတယ်။ […]
စစ်ဗိုလ်ချုပ်ကြီးအချို့နေထိုင်ရာနှင့် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၂၁ မိုင်သာဝေးသည့် ရှမ်းပြည်မြောက်ပိုင် နောင်ချိုမြို့နယ်အတွင်း တအာင်းလွတ်မြောက်ရေးတပ် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့( နိုဝင်ဘာ ၁၉ ရက်) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ နောင်ချိုမြို့နယ်၏တောင်ဘက် ရေဝင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ရာသို့ ပြင်ဦးလွင်မြို့ပြင်တွင် တပ်စွဲထားသည့် စစ်ကောင်စီပတ်၏ ဝက်ဝံဂိတ်မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။ “သူတို့(စစ်ကောင်စီ) ထိုးတက်လာလို့ ရေဝင်မှာ တိုက်ပွဲဖြစ်နေတာရှိတယ်။ မနေ့က အချိန်တော်တော်ကြာကြာ တိုက်ပွဲဖြစ်တယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ နိုဝင်ဘာ၁၈ ရက်နှင့် ၁၉ရက် များတွင်လည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံအနီးသို့ စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဗုံးကြဲသဖြင့် ရွာခံအမျိုးသားတစ်ဦး […]
ပုံစာ – ပါကစ္စတန်သည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ တရုတ်ဆိုလာပြားများကို တင်သွင်းခဲ့ပြီး ကမ္ဘာတွင် တတိယအကြီးဆုံး ဝယ်ယူသူဖြစ်လာသည်။ Afghandiaspora လျှပ်စစ်ဓာတ်အားခ အဆမတန်မြင့်မားနေခြင်းမှ ကင်းလွတ်စေရန် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများက စျေးပေါသော တရုတ်ဆိုလာပြားများကို ပိုမိုအသုံးပြုလာကြသဖြင့် ပါကစ္စတန်စွမ်းအင်ကဏ္ဍတွင် ကြီးမားသော အသွင်ကူးပြောင်းမှုဖြစ်ပေါ်နေသည်။ အပေါ်ယံအားဖြင့် ယင်းအပြောင်းအလဲက အမြဲဖြစ်ပေါ်နေသော စွမ်းအင်အကျပ်အတည်းမှ လွတ်မြောက်စေပုံ ပေါ်သော်လည်း ဈေးပေါသော သွင်းကုန်များအပေါ် မှီခိုအားထားမှု ကြီးမားလာခြင်းက ပါကစ္စတန်၏ ရုန်းကန်နေရသော စီးပွားရေးကို ပိုမိုနက်ရှိုင်းသော ဘဏ္ဍာရေးအကျပ်အတည်းသို့ ကျဆင်းသွားစေမည့် ဘဏ္ဍာရေးနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးနေသည်။ နိုင်ငံတဝန်းရှိ စက်ရုံများနှင့် အိမ်ထောင်စုများက ၎င်းတို့၏ အိမ်ခေါင်မိုးများပေါ်တွင် တင်သွင်းလာသော ဆိုလာ ပြားများတပ်ဆင်ရေးအတွက် ကြိုပမ်းနေကြသည်။ ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်အများအပြားက […]
RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။ “တိုင်းရင်းသားလက်နက်ကိုင်များမပါသော မြေပြန်တိုက်ပွဲများအတွင်း ပုလဲမြို့သိမ်းတိုက်ပွဲသည် အကြီးဆုံးလို့ ပြောရမှာပါ။ အရင်ကတိုက်ပွဲတွေလိုက်ဖူးတယ် ဒီလောက်ဘယ်ကြီးမလဲ ပစ်ပြေးတယ်၊ စခန်းသိမ်းနိုင်တယ်ဆိုလည်း သိမ်းပြီးပြန်ဆုတ်ရတယ်။ အခုဟာက လေကြောင်းတိုက်ခိုက်မှုက တော်တော်ကြမ်းတာ၊ ပြီးတော့ ရက်ကြာတယ်လို့လဲ ပြောရတယ်။ ပုလဲမြို့နယ်ထဲမှာတော့ အကြီးဆုံးတိုက်ပွဲပါ” ဟု ပုလဲမြို့နယ်ဒေသတွင်းမှ ပြည်သူတဦးက ပြောပြထားသည်။ ပုလဲမြို့သိမ်းတိုက်ပွဲ ၄ ရက်အတွင်း […]
(ထိုင်းနိုင်ငံသည် အမေရိကန်နှင့်လက်တွဲရန် အဆင်သင့်ရှိနေ) ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) က Trump နှင့် တယ်လီဖုန်းဆက် စကားပြောခဲ့ပြီး အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ‘ငါလုပ်နိုင်တာမှန်သမျှ မင်းငါ့ကိုပြောပြပါ’ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ၀န်ကြီးချုပ် ပေထုန်တန် သည် အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း ၎င်း၏ရုံးက ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်က ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး၏ အုပ်ချုပ်ရေးပိုင်းကို အချင်းချင်း ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။ စက်တင်ဘာလတွင် တက်လာပြီး ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သည့် မစ္စ ပေထုန်တန်က ၎င်း၏ နိုင်ငံသည် အမေရိကန်နှင့် လက်တွဲရန် အဆင်သင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး […]