ylliX - Online Advertising Network

ဂင်းနက်စ်စံချိန်တင်သွားသော ဖိလစ်ပိုင်က ကြက်ဖဟိုတယ်ကြီး – iMyanmarHouse.com

ဖိလစ်ပိုင်နိုင်ငံရှိ ဟိုတယ်တစ်ခုမှာ ကမ္ဘာ့အကြီးမားဆုံး ကြက်ဖပုံ အဆောက်အအုံအဖြစ် ဂင်းနက်စ် စံချိန်တင်သွားသည်။ တည်ရှိသည့်နေရာမှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Negros Occidental ပြည်နယ်မှ Campuestohan Highland အပန်းဖြေစခန်းတွင် တည်ရှိသည်။ ကြက်ဖပုံ အဆောက်အအုံကြီးမှာ အမြင့် ၃၄ ဒသမ ၉၃၁ မီတာ (၁၁၅ ပေခန့်)၊ အကျယ် ၁၂ ဒသမ ၁၂၇ မီတာ (ပေ ၄၀ နီးပါး)၊ အလျား ၂၈ ဒသမ ၁၇၂ မီတာ (၉၂ ပေခန့်) ရှိကြောင်း ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ ကြက်ဖပုံ ဟိုတယ်အဆောက်အအုံကြီးတွင် အခန်း ၁၅ ခန်းပါဝင်ပြီး လေအေးပေးစက်များ၊ ကြီးမားသော အိပ်ရာကြီးများ၊ ရုပ်မြင်သံကြားစက်များနှင့် ရေပန်းများပါဝင်သည်။ အထပ်တိုင်းမှာ […]

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ – iMyanmarHouse.com

လင်မယားနှစ်ဦးနှင့် သက်ဆိုင်သည့် ပစ္စည်းများအား အောက်ပါအတိုင်း အမျိုးအစားများခွဲခြား၍ သတ်မှတ်နိုင်ပါသည်။ ၁။ ပါရင်းပစ္စည်း ၂။ အထက်ပါပစ္စည်း ၃။ ခန်းဝင်ပစ္စည်း ၄။ မင်းပေးပစ္စည်း ၅။ လက်ထပ်ပွှားပစ္စည်း ၆။ နှစ်ပါးစုံပစ္စည်း ၇။ သီးခြားပိုင်ဆိုင်သည့်ပစ္စည်း ဟူ၍ ဖြစ်ပါသည်။ ပါရင်းပစ္စည်းဆိုသည်မှာ တစ်ဦးမှ အိမ်ထောင်ပြုစဉ် ပါရှိလာသော ပစ္စည်းကို ဆိုလိုပြီး ပစ္စည်းပါ လာသူ ခင်ပွန်း/ဇနီးမှ (၃)ပုံ (၂)ပုံရရှိပြီး ကျန်တစ်ဦးမှ (၃)ပုံ (၁)ပုံရရှိပါသည်။ ပါရင်းပစ္စည်းမှာ လက်ထပ်ပွှားပစ္စည်း၊ ခန်းဝင်ပစ္စည်းနှင့် ကြာလျှင် ရောထွေးသွားတတ်ပြီး လက်ထက်ပွှားပစ္စည်းဖြစ်သည်ဟု အငြင်းပွှားတတ်ပါသည်။ ပါရင်းပစ္စည်းမြေပေါ်တွင် အိမ်ဆောက်လိုက်ပါက လက်ထက်ပွှားပစ္စည်းနှင့် ရောထွေးကာ လက်ထက်ပွှားပစ္စည်း ဖြစ်သွားတတ်ပါသည်။ အထက်ပါပစ္စည်းဆိုသည်မှာ အိမ်ထောင်ကြီးချင်း လက်ထက်ကြလျှင် ပါရှိလာသောပစ္စည်းကို ဆိုလိုပါ သည်။ […]

နှစ်ပေါင်း ၁၄၀၀ ကျော်အထိ အသက်ရှည်နေသော တရုတ် Xi’an မြို့မှ ကမ္ဘာဦးသစ်ပင် (သို့မဟုတ်) Ginkgo သစ်ပင် ဆောင်းဦးရောက်တိုင်း အဝါနုရောင်ရွက်များဖြင့် ဝေဖြာလှပလျက်ရှိနေ – iMyanmarHouse.com

ကျောက်ဖြစ်ရုပ်ကြွင်းများထဲမှ တွေ့ရှိစိုက်ပျိုးခဲ့ရသောအပင်မျိုးစိတ်ဖြစ်တာကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်ဟု ခေါ်ဆိုကြသော ဂင်ဂိုပင်များသည် ယပ်တောင်ပုံစံရွက်နုလှလှလေးများနှင့် အသီးသီးသောအပင်များဖြစ်သည်။ ဆောင်းဦးအရောက်မှာတော့ ရွက်ဝါလေးများအဖြစ်ပြောင်းသွားပြီး လှပစွာကြွေကျသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှယူဆောင်စိုက်ပျိုးခဲ့သောကြောင့် ဂင်ဂိုပင်များ၏ အသက်ရှည်မှုကိုတော့ ယုံမှားသံသယဖြစ်ဖွယ်ရာမရှိပေ။     နှစ်ပေါင်း ၁၄၀၀ ကျော်တိုင်အသက်ရှည်လှပနေသော ကမ္ဘာဦးသစ်ပင်ဟာ တရုတ်နိုင်ငံ Xi’an မြို့တွင်တည်ရှိပြီး သစ်ပင်ကြီးကိုလည်း ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင့် တွေ့ရှိရသည်။     ပုံထဲမှာတွေ့ရှိရသည့် ကမ္ဘာ့သက်ရှည်ပင်တည်ရှိရာ နေရာဟာလည်း တရုတ်ရှေးဟောင်း ဘုရားကျောင်း ပရဝုဏ်အတွင်းမှာဖြစ်ပြီး ဆောင်းဦးရောက်တိုင်း ပန်းသတင်းလေညင်းဆောင်သလို ထပ်ခါကျော်ကြားလာပြန်သည့် Ginkgo သစ်ပင်၏အကြောင်းကို အင်တာနက်အသုံးပြုသူများ စိတ်ဝင်စားနေကြသည်။     ၆၁၈ ခုနှစ်မှာ ၉၀၇ အထိအုပ်စိုးခဲ့သည့် တန်မင်းဆက်လက်ထက်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နှစ်တစ်ထောင်ကျော်သက်တမ်းရှိနေခြင်းကြောင့် ကမ္ဘာဦးသစ်ပင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းသစ်ပင်စာရင်းထဲ ထည့်သွင်းထားလိုက်ကြပြီဖြစ်သည်။   […]

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ – iMyanmarHouse.com

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ စိတ်ဝင်စားဖွယ်ရာ အမေးအဖြေများကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ မေးခွန်း(၁) – လယ်ယာမြေကို အိမ်ဆောက်၊ ဆိုင်ခန်းဆောက် ၊အခြားနည်းဖြင့် အသုံးပြုရန်အတွက် မည်သို့လျှောက်ထားနိုင်ပါသနည်း။ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားရယူလိုပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ-၃၀ နှင့် အညီ တိုင်းဒေသကြီး ၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ထံ ခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။ လယ်ယာမြေအား အခြားနည်း အသုံးပြုခွင့်လျှောက်လွှာဖြင့် အောက်ပါအချက်အလက်များ ပါဝင်ကာ သက်သေခံမြေပုံနှင့်အတူ ပုံစံ-(၁၄) ဖြင့် လျှောက်ထားရမည် ဖြစ်ပါသည်။ – လျှောက်ထားသူ၏ အမည် – မှတ်ပုံတင်အမှတ် – အဘအမည် – အလုပ်အကိုင် – အမြဲနေထိုင်သည့်နေရပ်လိပ်စာ – လျှောက်ထားသည့်မြေ၏ အကြောင်းအရာ – […]

အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် အငှားဈေးကွက်တင်လာ၊ ငှားရမ်းမည့်သူအနေဖြင့် မိတ်ဆွေသူငယ်ချင်းများ ခေါ်ယူခွင့်မရှိဟုဆို – iMyanmarHouse.com

မြို့ပြလူနေမှုတွင် အသက်ပင် ဝဝရှူမရသည့် အခန်းကျဉ်းကလေးများဖြင့် နေထိုင်ဖြတ်သန်းရသော်လည်း ဈေးနှုန်းမှာ ခေါင်ခိုက်နေပြီး အိမ်ငှားဈေးကွက်မှာ ရက်စက်လွန်းလှသည်။ ထိုအခြေအနေထက် ပိုမိုကျပ်တည်းစွာ လှေကားခွင်အောက်တွင် နေထိုင်ရမည်ဆိုလျှင် မည်သို့ရှိမည်နည်း။ အမေရိကန်ပြည်၊ San Jose သည် ကမ္ဘာ့နည်းပညာဗဟိုချက်ဟုဆိုနိုင်သော Silicon Valley တည်ရှိသည့်နေရာဖြစ်ကာ အိမ်ခြံမြေအလွန်ဈေးကြီးသည်။ ယခုအခါ San Jose မှ အမျိုးသားတစ်ဦးက သူ၏ အိမ်ခန်းမှ လှေကားခွင်နေရာကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် CraigsList အိမ်ခြံမြေဝက်ဘ်ဆိုက်မှတဆင့် အငှားဈေးကွက်တင်လာသည်။ အကျယ်အဝန်းမှာ ၃ ပေ×၁၀ ပေသာရှိပြီး လက်ရှိအားဖြင့် အကာအရံ တံခါးမျိုး မရှိ။ ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်မှာ ယာယီအကာအရံတစ်ခုခုဖြင့် ကာနိုင်ကြောင်းဖော်ပြထားရာ privacy အပြည့်အဝ ရရှိမည်ကား မဟုတ်ချေ။ ငှားရမ်းမည့် […]

ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော် – iMyanmarHouse.com

ဘာလီကျွန်း အနမ်းပွဲတော် (သို့) ဒေသအခေါ် အိုမက် အိုမီဒန်ပွဲတော်သည် လူငယ်များအကြား ပွေ့ဖက် နမ်းရှုံ့ရသော ပွဲတော်ဖြစ်သည်။ နှစ်စဉ်ကျင်းပသောပွဲတော်ဖြစ်ပြီး ဆိတ်ငြိမ်ခြင်းနေ့အပြီးတွင် နှစ်သစ်ကို ကြိုဆိုရန် ကျင်းပခြင်းဖြစ်ကာ ကံကောင်းခြင်း၊ ကြီးပွားခြင်းတို့ရစေရေးအတွက် ကျင်းပသည့်ပွဲတော် ဖြစ်သည်။ မတ်လ ၁၁ ရက်တွင် ကျရောက်သော တိတ်ဆိတ်ခြင်းနေ့ (Nyepi) အပြီးတွင် ကျင်းပခြင်းဖြစ်သည်။ (မှတ်ချက်။ ။ တိတ်ဆိတ်ခြင်းနေ့တွင် ဘာလီကျွန်း၌ ၂၄ နာရီပတ်လုံး မီးထွန်းခြင်း၊ မီးမွှေးခြင်း၊ အလုပ်လုပ်ခြင်း၊ ခရီးသွားခြင်း၊ သီဆိုဖျော်ဖြေခြင်းများ ခွင့်မပြုချေ။ လေဆိပ်များလည်းပိတ်ထားပြီး ပြည်သူများမှာ နေအိမ်တွင်သာ နေထိုင်ကာ တရားမှတ်ခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်ကြသည်) အိုမက် အိုမီဒန်ဟူသည်မှာ ဘာလီကျွန်းမှ စကားဖြစ်ပြီး ဆွဲငင်ခြင်းဟု အဓိပ္ပာယ်ရသည်။ အနမ်းပွဲတော် မည်သို့မည်ပုံစတင်ခဲ့သည်ကိုမူ မသိရချေ။ […]

Christmas Decor Shop 2024 – The Inspired Room

Our annual Christmas Decor Shop 2024 is here! We hope it inspires you to embrace a timeless holiday style blended with a sense of nostalgia and child-like wonder. Each classic item is selected with intention to become the backdrop of a family’s beloved traditions and holiday memories for years to come! * Click HERE to go the Christmas […]

ပစ္စည်းလွှဲပြောင်းရေး ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ – iMyanmarHouse.com

ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒမ-၅၃(က)အရ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်းမရှိသော စာချုပ်တစ်စောင်ကို အသုံးပြုခွင့်မရှိပေ။ မြေကွက်အား လွှဲပြောင်းရောင်းချရာတွင်လဲ လက်ရောက်ပေးအပ်ခြင်းဖြင့် အရောင်းအဝယ်အထမမြောက်သေးပါ။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ-၅၄ အရ မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှုပြုရမည်ဖြစ်ပါသည်။ ပစ္စည်းအား ရောင်းသူဝယ်သူ အမှန်တကယ်လွှဲပြောင်းရောင်းချခြင်းပြုကြောင်း ဝန်ခံကြလျှင်လဲ ပစ္စည်းလွှဲပြောင်းခြင်းမှာ အတည်မဖြစ်ပါ။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ(၃)အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းမှာ ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိတရားရုံးတွင် မဖြစ်မနေ မှတ်ပုံတင်ထားရှိရန် လိုအပ်ပါသည်။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ-၇ အရ ပဋိဉာဉ်ပြုနိုင်သော အရည်အချင်းရှိသူသည့် ပစ္စည်းလွှဲပြောင်းမှု ပြုရာ၌ ခံစားခွင့်ရှိပြီး ပစ္စည်းအားလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ၊ လွှဲပြောင်းလက်ခံနိုင်ရန် တည်ဆဲဥပဒေ၏ ခွင့်ပြုနည်းလမ်းများအတိုင်း ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ – ၈ အရ ပစ္စည်းလွှဲပြောင်းခြင်းတစ်ရပ်သည် ဥပဒေနှင့်အညီ လွှဲအပ်ပြီး ပါကမြေဖြစ်လျှင် မြေနှင့်တစ်ဆက်တစပ်တည်း […]