ylliX - Online Advertising Network

Helio G100 နဲ့ 120Hz Display ပါတဲ့ Infinix Hot 50 Pro ကို ကြေညာ – MyTech Myanmar

Skip to content Infinix Hot 50 Pro+ 4G ကို ပြီးခဲ့တဲ့တစ်ပတ်က ကြေညာခဲ့ပြီး အခုတော့ Infinix Hot 50 Pro ကို မိတ်ဆက်လိုက်ပါတယ်။ Plus မော်ဒယ်လိုပဲ Infinix Hot 50 Pro မှာ Helio G100 Chip မောင်းနှင်ထားပါတယ်။ Android 14 အခြေပြု XOS 14.5 ပါလာပြီး 8GB/128GB နဲ့ 8GB/256GB Version ၂ မျိုး ထုတ်လုပ်ထားပါတယ်။ အဲဒီ Version ၂ ခု စလုံးမှာ 2TB microSD Card စိုက်နိုင်ပါတယ်။ 4G စမတ်ဖုန်း ဖြစ်ပြီး 6.78” […]

မန္တလေးမြို့ဘေးရှိ ပုသိမ်ကြီးတွင် တိုက်ပွဲဖြစ်၊ ပြင်ဦးလွင်တွင် တပ်မိသားစု စစ်ရှောင် – Myanmar Now

ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) က ၎င်းတို့ထိန်းချုပ်ထားသည့် ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွှေလုပ်ကွက်အနီး အောက်တိုဘာ၂၂ ရက်တွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ပြောသည်။ နံနက် ၁၁ နာရီမှစကာ ညနေအထိ ထိုနေရာအနီးကျေးရွာများ  လေကြောင်း တိုက်ခိုက်မှုဒဏ် ခံခဲ့ရပြီး  သီလရှင်ကျောင်းတစ်ကျောင်းလည်း ပစ်မှတ်ဖြစ်ခဲ့သည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဆိုသည်။ “ဖယောင်းတောင်ဘက်မှာလည်း ကျွန်တော်တို့ မနေ့က တိုက်ပွဲတစ်နေကုန်နီးပါး ဖြစ်ခဲ့ပါတယ်ဗျ ”ဟု ကိုအော်စမွန်က ပြောသည်။ အောင်သပြေကျေးရွာ Alpha ဘိလပ်မြေစက်ရုံသို့သွားရာလမ်းတွင် ရှိသည့် “ဝေပုလ္လ”သီလရှင်ကျောင်း တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု အသက် ၆၀ အရွယ် မတ္တရာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ပထမဆုံးလာပစ်တဲ့ လေယာဉ်က သီလရှင်တိုက်ကို အပေါ်က ကြဲတယ်။ စက်သေနတ်နဲ့လည်း ပစ်တယ်။ ၄ […]

ကြာရှည်စွာ ချောချောမွေ့မွေ့သုံးစွဲနိုင်သော စွမ်းဆောင်ရည်၊ သေသပ်ကျော့ရှင်းလှပသော ဒီဇိုင်းတို့ပေါင်းစပ်ထားသော vivo V40 Lite ကို မြန်မာငွေ ၁,၁၉၉,၈၀၀ ကျပ်ဖြင့် စတင်မိတ်ဆက် – MyTech Myanmar

Skip to content vivo V40 Series ၏ နောက်ဆက်တွဲဖြစ်တဲ့ နောက်ဆုံးပေါ် vivo V40 Lite ကို မြန်မာငွေ ၁,၁၉၉,၈၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်ခဲ့သည်။ ဆန်းသစ်လှပပြီး ကျော့ရှင်းသော ဒီဇိုင်းနှင့် ကြာရှည်ခံသော စွမ်းဆောင်ရည်တို့ ပေါင်းစပ်ထားပြီး တမူထူးခြားသော သုံးစွဲမှု အတွေ့အကြုံကို ယူဆောင်လာမည်ဖြစ်သည်။ ပါးလွှာပြီး ကျော့ရှင်းလှပသော ဒီဇိုင်း V40 Lite တွင် Premium ဆန်ပြီးခေတ်မှီတင့်တယ်သောကာလာနှင့်နေရောင်အောက်တွင်အရောင်ပြောင်းနိုင်သော Diamond Starry Texture ပါဝင်သော Titanium Silver ဟူသောအရောင်၊ ပန်းပွင့်လေးများ၏အရောင်သဖွယ်စိတ်ကူးယဉ်စရာနူးညံ့လှပပြီး ပွင့်ဖတ်လေးများ၏Patternကို 3D Design ဖြင့်ဖုန်း၏ကျောဘက်တွင်ထိတွေ့နိုင်မည့် Dreamy Violet ဟူသောအရောင်အနေဖြင့် နှစ်မျိုးရွေးချယ်ရရှိနိုင်မည်ဖြစ်သည်။ Cushion-Cut Diamond ကင်မရာဒီဇိုင်းနှင့် ထူးခြားကောင်းမွန်စွာ […]

AA ထိုးစစ်သတင်းကြောင့် ရခိုင်ရိုးမတောင်ခြေမှကျေးရွာများကို စစ်ကောင်စီအတင်းအကျပ်ဖယ်ရှား – Myanmar Now

စစ်ကောင်စီက ရခိုင်ရိုးမနှင့် ထိစပ်နေသည့် နေရာများမှ ကျေးရွာ၂၀ ကျော်ကို  ယခုလအတွင်း ဖယ်ရှား ပေးရန် ခြိမ်းခြောက်နေသဖြင့် လူအများအပြား ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ ယခုလ ၂၁ ရက်နောက်ဆုံးထားကာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ကျေးရွာ ၂၀ ခန့် နှင့် ဂွမြို့နယ်ရှိ ရွာတချို့အပါအဝင် စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်ခန့်ကို ပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်သည်ဟု ဒေသခံ များထံမှသိရသည်။ ထိုနေရာသည် ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်နှင့် နယ်မြေထိစပ်နေသော နေရာဖြစ်ပြီး မပြောင်းပါက လေယာဉ်ဖြင့် ဗုံးလာချမည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုသော ကြောင့် ဘေးလွတ်ရာသို့ ကြောက်လန့်တကြားရွှေ့ပြောင်းနေရကြောင်း ဒေသခံတချို့က ရခိုင်တပ် AA  နှင့်နီးစပ်သည့် Arakan Princess သတင်းဌာနကို ပြောသည်။ စစ်တပ်က ပြောင်းရွှေ့ခိုင်းနေသည့် […]

ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အချို့ ရေနစ်မြုပ်၍ ရေသန့်နှင့် စားစရာများလိုအပ်နေ

  ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ၂၄ရပ်ကွက်၊ အင်းပေါက်စုအပါအဝင် ရပ်ကွက်အချို့မှာ ရေဝင်နစ်မြုပ်နေတာကြောင့်  ရေသန့်နဲ့ စားစရာတွေလိုအပ်နေတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။#Local_NewsPublished 22 October 2024#အင်းပေါက်စု #ရပ်ကွက်အချို့ရေမြုပ်#YMG/NN #Yangon_Times Source link

မတ္တရာလေကြောင်းတိုက်ခိုက်မှုတွင် တစ်နှစ်သားနှင့်မိခင် သေဆုံး – Myanmar Now

စစ်ကောင်စီသည်  မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှ  မြွေတလှိုင်း၊ ဝန်စု၊ဝေါစု၊ သမင်တွင်း စသည့်ကျေးရွာများကို ယမန်နေ့ (အောက်တိုဘာ ၂၁) ညနေက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်နှစ်သားကလေးတစ်ဦးနှင့်မိခင်တို့ သေဆုံးပြီး ငါးဦးထက်မနည်း  ဒဏ်ရာရခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။  စစ်ကောင်စီလေတပ်သည် ဧရာဝတီမြစ်ကမ်းဘေးမှ ထိုကျေးရွာများကို  ယမန်နေ့တစ်ရက်ထဲတွင် ငါးကြိမ် ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ထိုတိုက်ခိုက်မှု များကြောင့်  မြွေတလှိုင်းကျေးရွာမှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးနှင့် သားဖြစ်သူတို့ သေဆုံးသွားကြခြင်း ဖြစ် ကြသည်။ “ညနေပိုင်းက စပြီး ညအထိ လေယာဉ်အဆင်းပေါင်းမနည်းဘူးလာပစ်တာ” ဟု အသက် ၆၀ အရွယ် မတ္တရာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သမင်တွင်းကျေးရွာပစ်ခတ်မှုတွင်လည်း လူအသေအဆုံးအထိအခိုက်များရှိနိုင်ကြောင်းနှင့် အသေးစိတ် စုံစမ်းနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။ “မြွေတလှိုင်းကျေးရွာကိုက တိုက်ပွဲမဖြစ်ပွားဘဲ သက်သက်လာကြဲတာလို့သိရတယ်။ သမင်တွင်းကတော့ […]

သီတင်းမကျွတ်လိုက်ရသော စီပါရွာမှ လူ့ငရဲ – Myanmar Now

မြန်မာနိုင်ငံအလယ်ပိုင်း၊ အညာဒေသ၊ ဘုတလင်မြို့နယ်ထဲမှ စီပါဆိုသည့်ရွာလေးမှ ရွာခံတို့ကမူ ပြီးခဲ့သည့် လပြည့်နေ့တွင် ဆီမီးမထွန်းနိုင်ခဲ့ကြ။ လပြည့်နေ့တွင် ဘုရားရှင်ကိုကြိုဆိုဖို့ထက် ရွာထဲဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များလက်ထဲ အရှင်လတ်လတ်ငရဲမကျစေရေးအတွက် ပြေးကြလွှားခဲ့ကြရသည်။ ရွာသားအများစုက ခြေဦးတည့်ရာထွက်ပြေးခဲ့ကြသော်လည်း ပြေးမလွတ်ကြသူများ လူ့ငရဲနှင့်ရင်ဆိုင်ခဲ့ကြရသည်။ ဖမ်းခံရသူများသည် လပြည့်ညတွင် ငရဲကျသလို အရှင်လတ်လတ် ညှဥ်းပန်းနှိပ်စက်ခံခဲ့ရသည်။ မပြေးနိုင်ကြသူများကို စစ်ကောင်စီတပ်က အရှင်လတ်လတ် ခုတ်ထစ် သတ်ဖြတ်ခဲ့သည်။ ထို့နောက်ရွာလယ်တွင် ခေါင်းပြတ်၊လက်ပြတ်များကို ချိတ်ဆွဲထားခဲ့ကြသည်။ သတ်ဖြတ်ခံရသူများသည် စီပါရွာသားများဖြစ်ကြပြီး အသက် ၈၀ ကျော်အရွယ် ဦးတင်လှိုင်၊ ၄၂ နှစ် အရွယ်ဦးတက်အောင်၊ ၄၀ ကျော်အရွယ် ဦးကြောင်ပိုတို့ဖြစ်သည်။ အထက်ပါ ရင်နင့်ဖွယ်အဖြစ်အပျက်များကို အသက်မသေဘဲ လွတ်မြောက်ခဲ့သည့် စီပါရွာသား အမျိုးသမီးတစ်ဦးက ပြောပြထားသည်။ Source link

ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှု ကျူးလွန်သူကို ဖော်ထုတ်ပေးရန် တရုတ်တိုက်တွန်း – Myanmar Now

မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ် လုံခြုံရေး တင်းကျပ်ထားသည့် ကောင်စစ်ဝန်ရုံးချုပ် ဗုံးခွဲ တိုက် ခိုက်ခံရမှုတွင်  ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန် တရုတ်အစိုးရက တိုက်တွန်းလိုက်သည်။  အောက်တိုဘာ ၁၈ ရက်နေ့ ညနေက  ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါ လမ်းကြားရှိ ကောင်စစ်ဝန်ရုံး  ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူမရှိသော်လည်း အဆောက်အဦတချို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။  ဖောက်ခွဲတိုက်ခိုက်မှုကို  ပြင်းထန်စွာရှုတ်ချသည်၊ အလွန်တုန်လှုပ်မိသည်ဟု ယမန်နေ့ (အောက်တို ဘာ ၂၁)  ဘေကျင်းမြို့  သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က ထည့်သွင်းပြောဆိုခဲ့သည်။  အဆိုပါတိုက်ခိုက်မှုကို သေချာစုံစမ်းစစ်ဆေး၍ ကျူးလွန်သူများကို ပြင်းထန်စွာအပြစ်ပေးအရေးယူနိုင် ရေးနှင့် အစွမ်းကုန်ကြိုးစားဖမ်းဆီးပေးရန် မြန်မာနိုင်ငံဘက်သို့ လေးလေးနက်နက် တိုက်တွန်းထားသည် ဟု Mr. […]

KNU ဌာနချုပ် ပထမဆုံးအကြိမ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ – Myanmar Now

ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်ကို ယနေ့  (အောက်တို ဘာ ၂၂)   နံနက် ၁၁ နာရီခွဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။   KNU ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်နေသည့် ပုံမှန်အစည်းအဝေး တစ်ခု ကျင်းပနေချိန် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အစည်းအဝေးဖျက်သိမ်းကာ လူစုခွဲခဲ့ကြောင်း KNU တပ်မဟာ (၇) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  KNU ၏ ဌာနချုပ်လည်းဖြစ်သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဌာနချုပ် နယ်မြေ တိုက်ခိုက်ခံရမှုသည် အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး လူအထိအခိုက်မရှိကြောင်း KNU အဆင့်မြင့်အရာရှိတစ်ဦး ကလည်း  အတည်ပြုသည်။  “ဒီနေ့ ၁၁ နာရီခွဲမှာ ဖြစ်တာပါ။ ဒီနေ့ […]

လက်ဝှေ့ကြယ်ပွင့် ဖလွိုက် မေဝယ်သာက နယူးယောက်ရှိ တန်ဖိုးနည်း နေအိမ်ခန်းပေါင်း ၁၀၀၀ ကို ကန်ဒေါ်လာ ၄၀၂ သန်းဖြင့် ဝယ်ယူရန် စီစဉ် – iMyanmarHouse.com

[Unicode] (မေဝယ်သာ ဘယ်သူလဲ)) ဖလွိုက် မေဝယ်သာ (မွေး ၁၉၇၇) သည် အမေရိကန်လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်တွင် မွေးဖွားကာ လက်ဝှေ့သမား အသိုင်းအဝန်းတွင် မွေးဖွားသူ ဖြစ်သည်။ ဖခင်နှင့် ဦးလေးတို့မှာ professional လက်ဝှေ့သမားများ ဖြစ်ကြသည်။ ၂၀၁၈ ခုနှစ်အတွင်း မေဝယ်သာသည် တစ်ကမ္ဘာလုံးတွင် ဝင်ငွေအကောင်းဆုံး အားကစားသမား ဖြစ်ခဲ့ပြီး သူ၏ အရပ်ရပ်ဝင်ငွေမှာ ကန်ဒေါ်လာ ၂၈၅ သန်းရှိကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသည်။ မေဝယ်သာသည် လက်ဝှေ့ကစားသမားဘဝတလျှောက် ရှုံးပွဲမရှိခဲ့သူဖြစ်ပြီး သူ၏ ကစားသမားဘဝ ဖြတ်သန်းမှု မှာ ၁၉၉၆ မှ ၂၀၁၇ ခုနှစ်အထိ ဖြစ်ကာ ယင်းနောက်ပိုင်းတွင် လက်ဝှေ့လောကမှ အနားယူသွားသည်။ Sportico က ၂၀၂၁ ခုနှစ်၊ […]