ylliX - Online Advertising Network

မန္တလေးမြို့လမ်းပေါ်စစ်ဆေးရေးအဖွဲ့မှ ရဲမေတစ်ဦးပစ်ခတ်ခံရ – Myanmar Now

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယမန်နေ့(အောက်တိုဘာ ၁၃)ညနေက လမ်းပေါ်ရှိ မော်တော်ယာဉ်များကို တားဆီးစစ်ဆေးနေသည့် စစ်ကောင်စီ လက်နက်ကိုင်များ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ရဲတစ်ဦး ဒဏ်ရာရသွားသည်ဟု မြို့ခံများထံမှ သိရှိရသည်။ မန္တလေးမြို့တောင်ဘက် လူစည်ကားသည့် ၆၂ လမ်း၊   ၁၂၄လမ်းနှင့် ၁၂၅ လမ်းကြားတွင်   ရဲအုပ်တစ်ဦး ဦးဆောင်သည့် ရဲ၊ ယာဉ်ထိန်းရဲ၊ အရပ်ဝတ်ပျူစောထီးများ စုစုပေါင်း  ၁၀ဦးခန့်  စစ်ဆေးနေကြချိန်  ပစ်ခတ်ခံရခြင်း ဖြစ်သည်။ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ဒုရဲအုပ်အဆင့် ယာဉ်ထိန်းရဲမေတစ်ဦး  ရင်ဘတ်တွင် ကျည်ထိသွားသည်ဟု သိရကြောင်း ပြည်ကြီးတံခွန်မြို့နယ်နေထိုင်သူ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “လူတွေ ရုတ်ရုတ်ဖြစ်သွားလို့ အစက ယာဉ်တိုက်မှုဖြစ်တာလားလို့ ထင်ကြတာ။ နောက်မှ ပစ်ခံရမှန်း သိတာ။ မနေ့က ညအထိကတော့ […]

ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ရန်လိုအပ်

RNA_အောင်တိုဘာ(၁၄)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား မဆန့်ကျင်ပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းနှင့် အပြောင်းအလဲသည် စစ်တပ်အသာစီးရသည့် နိုင်ငံရေးအခင်းအကျင်းဖြစ်သွားနိုင်သည့် အလားအလာရှိသည်ဟု ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ရဲဘော်ကျော်ကိုကိုက ပြောကြားထားသည်။ Red News Agency Source link

တရုတ်ဖိအားပေးသော်လည်း  TNLA ဆက်လက်ထိုးစစ်ဆင်ပြီး  သီပေါမြို့ကိုသိမ်းပိုက် – Myanmar Now

နှစ်လကျော်ကြာ အပြင်းအထန်တိုက်ယူခဲ့ရပြီး လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲခံရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တအာင်းတပ် (TNLA) က ယမန်နေ့မွန်းလွဲတွင် အပြီးသတ် သိမ်းယူနိုင်လိုက်ပြီဖြစ်သည်။ မြို့မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ  အမှတ် ၂၃ ခြေလျင်တပ်ရင်း စခန်းကို  ယမန်နေ့မွန်းလွဲပိုင်းတွင် ရရှိခဲ့သည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Myanmar Now ကို ယနေ့ ပြောသည်။ “မနေ့တုန်းက သီပေါမှာရှိတဲ့ လက်ကျန်တပ်စခန်း ခလရ(၂၃)ကို ကျွန်မတို့ နေ့လယ် ၁ နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိကတော့ သီပေါမြို့တစ်ခုလုံးကို ကျွန်မတို့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ဩဂုတ် ၉ ရက်ကတည်းက သီပေါမြို့ကို  TNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ပြီး   […]

ရေတာရှည်တွင် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲ၊  ဒေသခံသုံးဦး သေဆုံး – Myanmar Now

နေပြည်တော်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျေးရွာ နှစ်ရွာကို  စစ်ကောင်စီက ယမန်နေ့ (အောက်တိုဘာ ၁၃) နံနက်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ကလေးတစ်ဦး အပါအဝင် ဒေသခံ သုံးဦး သေဆုံးပြီး ၁၀ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သေဆုံးသူတို့မှာ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ကပ်လျက် သဖန်းဇင်ရွာနှင့် ရွှေကဇောင်းရွာတို့မှ ယောကျ်ားလေးတစ်ဦး၊ သူ၏ မိခင်၊ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့  ဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုက ပြောကြသည်။  “သဖန်းဇင်ရွာမှာ လူစုရုံးနေတယ်ဆိုပြီး သတင်းပေးတာကို PDF တွေ ရောက်နေတယ်ဆိုပြီး စစ်တပ်က ဒရုန်းဗုံးနဲ့ ကြဲတာ၊ သားအမိနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်က ပွဲပြီးချင်းသေပြီး ဒဏ်ရာရတဲ့သူ တွေလည်း ရှိတယ်” ဟု […]

ရခိုင်ဒေသခံများ  ဧရာဝတီတိုင်းဘက်သို့ ငွေလမ်းခင်းပြီး ထွက်ပြေးနေရ   – Myanmar Now

ယခုလဆန်းမှ စ၍ တိုက်ပွဲ ပြန်လည်ပြင်းထန်လာသော ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်ဘက်မှ တိမ်းရှောင်လာသူ အများအပြား ဧရာဝတီတိုင်းဘက်သို့ ဝင်ရောက်စဉ်  အုပ်ချုပ်ရေးဌာန ထောက်ခံစာမပြနိုင်သူများကို စစ်ကောင်စီစစ်ဆေးဂိတ်များက ကျပ်သိန်းဂဏန်းအထိ  တောင်းခံနေကြောင်း သိရသည်။  ဂွမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေရာ  သြဂုတ် ၁၀ ရက်နေ့တွင် တိုက်ပွဲ အစပြုခဲ့ရာ ထိုမြို့နယ်တွင် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ပျက်သွားပြီဖြစ်သောကြောင့် ထောက်ခံစာ မရရှိနိုင်ကြောင်း  ဂွဒေသခံတစ်ဦးက ဆိုသည်။ “ဂွမှာကလည်း အုပ်ချုပ်ရေးပိုင်းကသူတွေ မရှိတော့ဘူး၊ ဝန်ထမ်းတွေလည်း ပြေးကုန်ပြီ။ ခု ထောက်ခံချက် လုပ်ဖို့က ခက်ခဲနေတော့ ဖြတ်သန်းဖို့ဆိုရင် စစ်ကောင်စီကို ပိုက်ဆံပေးရတယ်” ဟု စက်တင်ဘာ နောက်ဆုံးအပတ် တွင် စစ်ဘေးရှောင်လာသူ အထက်ပါ ဒေသခံက ပြောသည်။ “မှတ်ပုံတင်မရှိတဲ့သူ၊ […]

ရေစကြိုဘက်မှာ တပ်ဖွဲ့ဝင်များ တိုက် ခိုက်ခံရ၍ ၈ ဦး သေဆုံးဆိုတဲ့သတင်းအမှား

အောက်တိုဘာလ ၁၁ ရက်နေ့ ရေစကြိုမြိုနယ်၊ ဇီးကုန်းကျေးရွာနှင့် ဇီးကုန်းကျွန်းကျေးရွာအကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့များက ချောင်းမြောင်းတိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ခြင်းကို Khit Thit Media မှ အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၈ ဦး သေဆုံးခဲ့တယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။#Crd Related Source link

ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ

ကယားပြည်နယ်အတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အောက်တိုဘာလ ၁၃ ရက်နေ့မှာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ လွိုင်ကော်ရှိ တက္ကသိုလ်များကို နိုဝင်ဘာ ၂၁ […] Source link

တောင်ကိုရီးယားက မြန်မာသို့ စာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးကူညီမယ် – Ayeyarwaddy Times

ဧရာဝတီတိုင်းမ်အောက်တိုဘာ ၁၃ ရက် ဒီနှစ်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂၃ သန်း ထောက်ပံ့မယ့် အ စီအစဉ်တွေကို တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ အာဆီယံခရီးစဉ် မပြီးဆုံးမီ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတက်ရောက်စဉ် သူက အခုလို ကြေ ညာခဲ့တာပါ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရာမှာ အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုက အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ယွန်ဆတ်ခ်ယိုက ပြောကြားခဲ့ကြောင်း‌ တောင်ကိုရီးယားသမ္မတရုံးက ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်တဲ့ပမာဏကို ယခင်နှစ်ကထက် (၄) ဆအထိ တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ အမျိုးသားလုံခြုံရေးရုံး ဒုတိယညွှန်ကြားရေး မှူး […]

ခွဲခြားမှုတွေအပြင် စစ်ကောင်စီကိုပါ အတူရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ LGBT စုံတွဲ | ဆူးခင်းလမ်းက ပန်းသတင်း EP-11 – BUR.MIZZIMA.COM

မဇ္ဈိမ။ ။ အာဏာသိမ်းတဲ့အချိန်ကနေ လက်ရှိအချိန်အထိ စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲမှာ ပါဝင်နေကြသူတွေထဲ ကရင်နီပြည်က လိင်တူချစ်သူ လူငယ်စုံတွဲလည်း ပါဝင်ပါတယ်။ သူတို့ဟာ ကရင်နီပြည်နယ်မှာ ကရင်နီဧည့်သည်ဆေးခန်းနာမည်နဲ့ ဒေသခံတွေ တော်လှန်ရေးရဲဘော်တွေကို ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေကြသူတွေပါ။ လက်ရှိ တော်လှန်ရေးကာလမှာ သူတို့ ဘယ်လို ပါဝင်ဖြတ်သန်းနေပါသလဲ။ လိင်စိတ်ကွဲပြားသူတွေအပေါ် ပတ်ဝန်းကျင်ရဲ့ အမြင်ကရော ပြောင်းလဲလာနေပြီလားဆိုတာနဲ့ ပတ်သက်လို့ ဒီတပတ်ရဲ့ ဆူးခင်းလမ်းက ပန်းသတင်း အစီအစဉ်မှာ မေးမြန်းတင်ဆက်ထားပါတယ်။ Source link

မြေပုံ ယောချောင်းတံတားနှင့် နေအိမ်အချို့ကို စစ်ကောင်စီက လေးကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲ – Western News

ရခိုင်ပြည်၊ မြေပုံမြို့နယ် တောင်စိုင်ကမ်းတိုက်နယ် အတွင်းရှိ ယောချောင်းတံတားနှင့် အရပ်သားနေထိုင်သည့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က လေကြောင်းက ၄ ကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲမှုကြောင့် တံတားနှင့် နေအိမ်အချို့ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီ ၄၅မိနစ်အချိန်ခန့်တွင် တစ်ကြိမ်၊ ၆ နာရီ ၄၀ မိနစ်တွင် တစ်ကြိမ်၊ ညဉ့် ၁၁ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်၊ ညဉ့် ၁၁ နာရီ ၄၀ တွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ်တိုင်တိုင် ပေါင်း ၅၀၀ ဗုံးဖြင့် လာရောက် ပစ်ချခဲ့သည်။ အသက် ၂၉ နှစ်အရွယ် ယောချောင်း ဒေသခံအမျိုးသားတစ်ဦးက “လေးကြိမ်တိုင်တိုင် ဗုံးကြဲချသွားတာပါ။ […]